မြန်မာ-လာအိုနှစ်နိုင်ငံနယ်စပ်ဂိတ်(၂)ခုတွင် နှစ်နိုင်ငံပြည်သူများဝင်ထွက်သွားလာမှုအဆင်ပြေစေရန် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆောင်ရွက်သင့်သည်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ မြန်မာ- လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဦးဝင်းမောင်နှင့်အဖွဲ့အား အောက်တိုဘာ ၂၄ ရက်ကတွေ့ဆုံစဥ်ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးဦးမြင့်ကြိုင်မှ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် ဝမ်ပုံ-ဘန်မောင်မန်းဂိတ်၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ကျိုင်းလတ်-စီအင်ကောက်နယ်စပ်ဂိတ်တွင် နှစ်နိုင်ငံသဘောတူညီမှုဖြင့်လုပ်ငန်းဆောင်ရွက်လျက်ရှိရာမှ MoU တွင် ဖြည့်စွက်ထည့်သွင်းဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံပြည်သူများဝင်ထွက်သွားလာမှုပိုမိုအဆင်ပြေနိုင်မည်ဟု ဆွေးနွေးပြောကြားသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ပိုမိုကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကာ မြန် မာ-လာအို ချစ်ကြည်ရေးအသင်းအနေဖြင့်လည်း ဝန်ကြီးဌာနနှင့်ပတ်သက်၍ လုပ်ငန်းဆိုင်ရာဆောင်ရွက်ပေးရန်များရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးမည်ဟုလည်း ဝန်ကြီးဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
