Thursday, August 13, 2026

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို...

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက...

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ...

ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေပြီး...

ဘားအံ၊သြဂုတ်-၁၃ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်လာခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂) ခု ထပ်မံဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ သံလွင်မြစ်ရေသည်...
HomeNewsLocal Newsမြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀...

မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရန် ဖြစ်တန်စွမ်းလေ့လာမည်

နေပြည်တော်၊ ဇူလိုင် ၂၃

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ နယ်နိမိတ်ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်ပေါ်တွင် ၂,၇၉၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အကြီးစားရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် ၃၄ လကြာ ပူးတွဲဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်သွားရန် နှစ်နိုင်ငံက သဘောတူညီထားကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်ကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ဇူလိုင် ၄ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် နည်းပညာနှင့် စီးပွားရေးဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်းများကို ပူးတွဲလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကောင်အထည်ဖော်နိုင်ပါက တရုတ်နိုင်ငံပြင်ပ မဲခေါင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများအနက် အကြီးဆုံးစီမံကိန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံတာဝန်ရှိသူများက အဆိုပါစီမံကိန်းသည် မြန်မာ-လာအို ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် သင်္ကေတတစ်ခုဖြစ်ပြီး စွမ်းအင်ဖူလုံရေး တိုးမြှင့်ရေးနှင့် ဒေသတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဟု ပြောကြားထားသည်။

သို့ရာတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများ ရှိလာနိုင်ကြောင်း ကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။

ဝါရှင်တန်အခြေစိုက် Stimson Center မှ အရှေ့တောင်အာရှအစီအစဉ်ညွှန်ကြားရေးမှူး ဘရိုင်ယန်အိုင်လာက စီမံကိန်းသည် မျှော်လင့်မထားသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ထားပြီး၊ ဆစ်ဒ်နီတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခ ဖိလစ်ဟာ့ခ်ျက ယင်းစီမံကိန်းအတွက် ပြင်ပဘဏ္ဍာရေးနှင့် နည်းပညာအကူအညီများ လိုအပ်နိုင်ကြောင်း မှတ်ချက်ပြုထားသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများက ဆည်တည်ဆောက်မှုကြောင့် ငါးရွှေ့ပြောင်းသွားလာမှု၊ နုန်းစီးဆင်းမှုနှင့် မြစ်ကမ်းတစ်လျှောက် ဂေဟစနစ်များအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။

Ref: South China Morning Post

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်၍ ရေ ဘေးသင့်သူ(၅၈)ဦးကို ရေဘေးလွတ်ရာရွှေ့ပြောင်းပေး

မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မလွန်ကျေးရွာရှိ မြစ်ကမ်းအနီးမှနေ အိမ်များအတွင်းသို့ မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်နေသည့် နေအိမ်(၁၇)လုံးတွင်နေထိုင်သူ(၅၈)ဦးအား လုံခြုံရေးအဖွဲ့ဝင်များအပါအဝင် တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် ရေဘေးရှောင်စခန်းအဖြစ်ဖွင့်လှစ်ထားသည့် စာကြောစာသင်တိုက်သို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ ရေဘေးသင့်သူများနေထိုင်စားသောက်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စီမံဆောင်ရွက်ပေးထားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများကလည်း ဆန်ရိက္ခာဖိုးများထောက်ပံပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကချင်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးစိုးရန်နောင် အားခန့်အပ်တာဝန်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက အမိန့်အ မှတ် ၆၂/၂၀၂၆ ဖြင့် ယနေ့ သြဂုတ် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီးစိုးရန်နောင် အား ဖွဲ့စည်းအားအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မ ခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (င)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ(ဂ)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ(ဂ)နှင့် တိုင်း(သို့)ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၂)၊ ပုဒ်မခွဲ(ခ)၊ (စ)၊...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Livehood kids များထောက်ပံ့ပေး

တည်ငြိမ်အေးချမ်းမှုများပြန်လည်ရရှိလာသည့် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့အား နိုင်ငံတော်အစိုးရမှပြန် လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ ယာယီတိမ်းရှောင်နေရသော ဒေသခံများ သည်လည်း နေရပ်သို့အသီးသီးပြန်လည်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြည်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ကော့ကရိတ်ဒေသခံအိမ်ထောင်စု(၃၀၀)အတွက် Malteser International က ယနေ့ သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် စိုက်ပျိုးရေးအထောက်အကူပစ္စည်း(Livehood kids) များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071