ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ မော်စကိုမြို့တွင် ကျင်းပသည့် မော်စကို နိုင်ငံတကာ ခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ခရီးသွားကဏ္ဍဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH ပန်းခြံပြပွဲခန်း မ၌ ဇွန် (၁၀)ရက်မှ (၁၅) ရက်အထိ ကျင်းပနေသည့် (၅) ကြိ မ်မြောက် မော်စကို နိုင်ငံတကာခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထော င်စုဝန်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ဇွန် (၁၀)ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆော င်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးဆောင်သော ကို ယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အစိုးရ၊ ပုဂ္ဂ လိကနှင့် ပြည်သူများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ မြန်မာနှင့် ရုရှားနိုင်ငံ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiariz ation Trip – FAM Trip) များကို အပြန်အလှန်စီစဉ်ဆောင်ရွ က်ရေး၊ မြန်မာ – ရုရှား နှစ်နိုင်ငံ ပြည်သူများအတွက် အပြန် အလှန်ဗီဇာကင်းလွတ်ခွင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားပြပွဲများတွင် ပူးပေါင်းပါဝင်ပြသကြရေး၊ မြန်မာနိုင်ငံသို့ ရု ရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်နိုင်ရေး၊ ပြည်ပသို့ ခွင့်ရက်ရှည်ဖြင့် အပန်းဖြေခရီးသွားရောက်ကြသည့် ရုရှားနိုင်ငံသား အစိုးရဝန်ထမ်းများကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွ က်ရေးနှင့် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံဟို တယ်နှင့် ခရီးသွားကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။