Monday, November 17, 2025

မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်၊ မော်လမြိုင်သို့ လေယာဥ်၊ ရထားပို့ဆောင်မှုကဏ္ဍများမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ နိုဝင်ဘာ ၁၆ ရက်နံနက်ပိုင်းက မွန်ပြည်နယ်ရှိ...

ရာမညအားကစားကွင်းအား နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး

အားကစားကွင်းများသည် အဆင့်အတန်းရှိစွာကစားနိုင်သည့်အနေအထားဖြစ်ရန်လိုဟုပြောကြားခဲ့ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၁၆ ရက်က မွန်ပြည်နယ်အစိုးရအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏...

ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကို အလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာကြား

လာမည့် ဒီဇင်ဘာ ၂၈ ရက်မှစတင်၍ အပိုင်းလိုက်ကျင်းပမည့် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် လိုအပ်သည်များကိုအလေးထားဆောင်ရွက်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ယနေ့ နိုဝင်ဘာ...
HomeNewsLocal Newsမြန်မာ နိုင်ငံ၏ လက်ရှိနိုင်ငံရေးအကြပ်အတည်းအား...

မြန်မာ နိုင်ငံ၏ လက်ရှိနိုင်ငံရေးအကြပ်အတည်းအား သက်ဆိုင်သူများ အားလုံးပါဝင်သော အဓိ ပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု PPST ထုတ်ပြန်

မြန်မာ နိုင်ငံ၏ လက်ရှိနိုင်ငံရေးအကြပ်အတည်းအား သက်ဆိုင်သူများ အားလုံးပါဝင်သော အဓိ ပ္ပါယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု PPST ထုတ်ပြန်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ၏ ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့၌ ကျင်းပခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေး(၂၃/၂၀၂၂)မှ ဘုံသဘောထားရပ်တည်ချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများ၊ပြည်တွင်းအခြေအနေများအား ဆွေးနွေးညှိနှိင်းပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

PPST ၏ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းဖြင့် မဖြေရှင်းပဲ အင်အားသုံးဖြေရှင်းမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခြင်း၊အတိဒုက္ခမျိုးစုံခံစားရခြင်း၊လူမှုစီးပွားရေးများနိမ့်ဆင်းသွားခြင်း၊လူငယ်များ၏ အနာဂတ်များပျောက်ဆုံးသွားရမှုများအတွက် PPST က အထူးတုန်လှုပ်ဝမ်းနည်းရသည်ဟု ရေးသားထားသည်။

ထို့ကြောင့် ၂၀၂၂ ခုနှစ်တွင် ပြည်သူများခံစားနေရသည့် အတိဒုက္ခများကိုလျှော့ချနိုင်ရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းနည်းဖြင့်ဖြေရှင်းကြပါရန် သက်ဆိုင်ရာ အစုအဖွဲအားလုံးကိုပန်ကြားအပ်ပါသည်။

ပြည်သူများအားလုံး ၂၀၂၂ နှစ်သစ်တွင် ခံစားနေရသည့် အတိဒုက္ခများကင်းဝေးပြီးလွတ်လပ်ငြိမ်းချမ်းသည့် ဒီမိုကရေစီ အရသာအား ပြန်လည်ခံ စားနိုင်ကြပါစေကြောင်းနှင့်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် ဝိုင်းဝန်းပါဝင်ကြပါရန် တိုက်တွန်းရင်း နှစ်သစ်ကူးဆုမွန်ကောင်းတောင်းအပ်ပါသည်ဟု့လည်းရေးသားဖော်ပြထားသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင်ချမှတ်ထားသည့် PPST လုပ်ငန်းစဉ်များအဖြစ် လက်ရှိမြန်မာနိုင်ငံအ ကျပ်အတည်း ဖြေရှင်းရေးတွင် PPST သည် NCA ၏ အနှစ်သာရ၊ PPST ၏ နိုင်ငံရေးဦးတည်ချက် (၇)ရပ်တို့အား အခြေခံ၍ နိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည်ဟုထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလအတွင်း ဖြစ်ပျက်ခဲ့သည့် ကယားပြည် နယ်၊ဖရူဆို၊မိုဆိုရွာကိစ္စ၊လေးကေကော် ငြိမ်းချမ်းရေးမြို့သစ်ကိစ္စနှင့်အခြားဒေသများရှိ အမျိုးသမီးများ၊ကလေးများနှင့်သက်ကြီးရွယ်အိုများ အ ပါအဝင် အရပ်သားများအပေါ် ကျူးလွန်မှုများကို PPST အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုချသည်ဟုရေးသားထားသည်။

ထို့အတူ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများကုလသမဂ္ဂ အထူးကိုယ်စားလှယ်၊အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာ၏ကြားဝင်စေ့စပ်ဖြေရှင်းမှုများသည် မြန်မာ့နိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေနှင့်အညီ လက်တွေ့ကျကျဆောင်ရွက်နိုင်ရေးကို PPST အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ရေးသားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071