Thursday, August 13, 2026

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်...

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင်...

အမေရိကနှင့် စစ်ဘက်ဆက်ဆံရေးကို ကုန်သွယ်ရေးဆွေးနွေးမှုတွင် အားသာချက်အဖြစ်...

အမေရိကနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများတွင် စစ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားသာချက်အဖြစ် အသုံးချရန် စီစဉ်ထားသည်ဟူသော သတင်းများကို ထိုင်းအစိုးရက ငြင်းဆိုလိုက်ပြီး ဆွေးနွေးပွဲများသည် နိုင်ငံ၏ စီးပွားရေးအကျိုးစီးပွား၊...
HomeNewsLocal Newsမြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့်...

မြန်မာ–ထိုင်း လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်မည်

ဗန်ကောက်၊ ဩဂုတ် ၆

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာနှင့် ထိုင်း နှစ်နိုင်ငံသည် လုံခြုံရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ အလုပ်သမားရေးရာနှင့် နယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းမှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် သဘောတူညီခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သနာဒီရက်၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည့်အပေါ် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဧပြီလအတွင်း သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးသွားရောက်သည့် နိုင်ငံများအနက် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ခြင်းသည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား နီးကပ်ခိုင်မာသည့် ဆက်ဆံရေးကို ထင်ဟပ်စေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် အာဆီယံဆိုင်ရာ လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်မှုကို ထောက်ခံအားပေးရန် အသင့်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

လုံခြုံရေးကဏ္ဍနှင့်ပတ်သက်၍ နှစ်နိုင်ငံထိစပ်နေသည့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၏ အရေးပါမှုကို ထိုင်းဝန်ကြီးချုပ်က အလေးထားပြောကြားခဲ့ပြီး မူးယစ်ဆေးဝါး၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ငွေကြေးခဝါချမှုအပါအဝင် နယ်စပ်ဖြတ်ကျော်ဂိုဏ်းဖွဲ့ရာဇဝတ်မှုများကို ပိုမိုထိရောက်စွာ ပူးပေါင်းနှိမ်နင်းရန် အဆိုပြုခဲ့သည်။

စီးပွားရေးကဏ္ဍတွင် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အားကောင်းလာစေရန် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ဖယ်ရှားရေးနှင့် သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှု မြှင့်တင်ရေးတို့ကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ပူးတွဲကုန်သွယ်ရေးကော်မတီ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အသင့်ရှိကြောင်း၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်ရေး၊ နှစ်နိုင်ငံငွေပေးချေမှုစနစ်များ တိုးချဲ့ရေးနှင့် ဒေသတွင်းစီးပွားရေးစင်္ကြံများ၌ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အဆိုပြုခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးခံစားခွင့်များကို အကာအကွယ်ပေးရေး၊ တရားဝင်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများအပြီးတွင် ခေါင်းဆောင်နှစ်ဦး၏ရှေ့မှောက်၌—

အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊
အလုပ်သမားများ ခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊
ကမ္ဘာမြေလေ့လာရေးနှင့် အာကာသနည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့်
နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ

အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စာချုပ်စာတမ်း လေးခုကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်

ရန်ကုန်၊ သြဂုတ်-၁၃ ဝမ်းပျက်/ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရန်အတွက် ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များ ၅ ရက်ပိတ်ရမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ကပြောသည်။ "တစ်ပတ်ပိတ်တာမဟုတ်ဘူး၊ မနေ့ ညနေကမှ ၅ ရက် ဆိုပြီးလုပ်တာ။ ကျောက်တံတားမြို့နယ်ထဲက ဆိုင်တွေ မဟုတ်ဘူး။ လမ်းဘေးမှာရောင်းချနေတဲ့ ဆိုင်တွေ။ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတော့ ကူးစက်မှု မရှိအောင်လို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ပေါ့" ဟု ဦးသိန်းနိုင်က ပေါ်ပြူလာနယူးစ်သို့ပြောသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ် ၉ ရက်မှ ၁၂ ရက်နေ့အထိ ၄ ရက်တာကာလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံလာရောက်ပြသသူ...

ဥရောပတွင် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်

ဥရောပသည် ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ် နေအပြည့်ကြတ်ခြင်းကို ဗုဒ္ဓဟူးနေ့တွင် ကြုံတွေ့ခဲ့သည်။ ဥရောပတိုက်၏ ဒေသအချို့တွင်မူ တစ်စိတ်တစ်ပိုင်းနေကြတ်ခြင်းကိုသာ မြင်တွေ့ခဲ့ရသော်လည်း ထိုဖြစ်ရပ်ကို မျက်မြင်တွေ့ရန် လူအများအပြား စုဝေးကြည့်ရှုခဲ့ကြသည်။     လသည် ကမ္ဘာနှင့် နေအကြား ရောက်ရှိသွားချိန်တွင် နေ၏ မြင်ကွင်းကို ပိတ်ဆို့သွားသောအခါ နေကြတ်ခြင်းဖြစ်ပေါ်သည်။ ဗုဒ္ဓဟူးနေ့တွင် လူပေါင်း တစ်ဘီလျံခန့်သည် ကောင်းကင်တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း မှောင်မိုက်သွားသည့် ရှားပါးဖြစ်စဉ်တစ်ခုကို ကြုံတွေ့ခံစားခဲ့ရသည်။      စပိန်၊ ပေါ်တူဂီ၏ ဒေသအချို့၊ ဂရင်းလန်း၊ အိုက်စလန်နှင့် ရုရှားမြောက်ပိုင်းတို့သည် ၁၉၉၉ ခုနှစ်နောက်ပိုင်း ဥရောပတိုက်တွင် ပထမဆုံးအကြိမ်...

ဒုံးကျည်ခြိမ်းခြောက်မှုကြောင့်ထရမ့်ပ် လျှို့ဝှက်စွာလေယာဉ်ပြောင်းစီးခဲ့ခြင်းဖြစ်

ပြီးခဲ့သည့်လက တုကီ‌ယေးနိုင်ငံခရီးစဉ်အတွင်း အဲရ်ဖို့စ်ဝမ်းလေယာဉ်ကို ပခုံးထမ်းဒုံးကျည်ဖြင့် ပ-စ်မှတ်ထားနိုင်သည်ဟူသော အန္တရာယ်ကြောင့် လျှို့ဝှက်ထောက်လှမ်းရေးက သမ္မတဒေါ်နယ်ထရမ့်ပ်ကို အစိုးရဂျက်လေယာဉ်ငယ်တစ်စင်းပေါ်သို့ လျှို့ဝှက်ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ သိထားသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။         အီရန်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် နေတိုးထိပ်သီးအစည်းအဝေးအတွက် ထရမ့်ပ်၏ အန်ကာရာခရီးစဉ် နောက်ဆုံးနေ့တွင် ယင်းခြိမ်းခြောက်မှု အန္တရာယ်ပေါ်ပေါက်ခဲ့ကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ခြိမ်းခြောက်မှုသည် ယုံကြည်လောက်ဖွယ်ရှိကာ နီးကပ်လာပြီဟု လျှို့ဝှက်ထောက်လှမ်းရေးက ယူဆသဖြင့် အမေရိကန်သမ္မတ၏ လှုပ်ရှားမှုများကို ဖုံးကွယ်ရန် အထူးစစ်ဆင်ရေးတစ်ခုကိုလုပ် ဖြ‌ေဆာင်ခဲ့သည်။     ထောက်လှမ်းရေးသတင်းသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတင်းရင်းမြစ်က ပြောကြားရန် ငြင်းဆိုခဲ့သော်လည်း အရာရှိများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071