Wednesday, April 8, 2026

ဟွန်ဆန်ကမြန်မာသမ္မတအသစ်ကို ဂုဏ်ပြုစကားပြောကြား

မစ္စတာဟွန်ဆန်သည် ဧပြီလ ၃ ရက်က မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း မနေ့က ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ "ကျွန်ုပ်တို့...

နိုင်ငံတော်သမ္မတက တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ_ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ယနေ့ ဧပြီ ၈...

ဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဧပြီလ ၈ ရက် ဂျပန်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော ပြည်နှင်ဒ_ဏ်ပေးသည့် လုပ်ဆောင်ချက်များသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ရေရှည်နေထိုင်သည့် နိုင်ငံခြားသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ပြီး...

စစ်ကြောင့်ငွေကြေးဖောင်းပွကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေးကွေးနေ

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အာဂျေးဘန်ဂါ က အရှေ့အလယ်ပိုင်းစစ်ပွဲသည် မည်မျှပင်လျင်မြန်စွာ ပြီးဆုံးသည်ဖြစ်စေ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာမည်ဟု ဧပြီလ ၇ ရက်...
HomeNewsLocal Newsမြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း အကြမ်းဖက်အဖွဲ့များ...

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း အကြမ်းဖက်အဖွဲ့များ ရှာဖွေဖေါ်ထုတ်ရေးအတွက် ဆွေးနွေးညှိနှိုင်း

ပထမအကြိမ် မြန်မာ-ထိုင်း(ကော့သောင်း-ရနောင်း)နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး(BLO) အစည်း အဝေးအား နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ပြုလုပ်စဥ် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နိုင်ငံဖြတ်ကျော်မှု ခင်းဌာနကြီး၊ ဒု-ဌာနကြီးမှူး ရဲမှူးကြီးကျော်ဇေယျ၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး နိုင်ပရာကာစစ်ဖေါ်ပရာစစ်၊ထိုင်းနိုင်ငံသံရုံး(ရန်ကုန်) ထိုင်းရဲဆက်ဆံရေးသံမှူးနှင့်ရနောင်းခရိုင်ရဲမှူးကြီး ချေ့ဖုန်ချီယူ ပရီချာတို့က အမှာစကားများပြောကြားခဲ့ကြသည်။

အစည်းအဝေးတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသများကြား တရာမဝင်လမ်းကြောင်းများမှ အပြန်အလှန်ဝင်ရောက်မှုများ၊ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျောက် ဖြစ်ပွားလေ့ရှိသည့် ဒုစရိုက်မှုခင်းနှိမ်နင်းမှုဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာများ၊ နယ်စပ်ဒေသများအတွင်း အ ကြမ်းဖက်အဖွဲ့များ ရှာဖွေဖေါ်ထုတ်ရေးဆိုင်ရာ များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း နေထိုင်သည့် ပြည်သူများ၏ လူမှုဘဝအေးချမ်းသာယာရေးအတွက် အတူတကွပူးပေါင်းဖြေရှင်းဆောင် ရွက်ကြမည့် လုပ်ငန်းဆိုင်ရာများ၊ နှစ်နိုင်ငံဆက် ဆံရေးရုံးများကြား အပြန်အလှန် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းများအပါ အဝင် လုပ်ငန်းလိုအပ်ချက်များ၊ ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးညှိနိုင်ခဲ့ကြသည်။

ရနောင်းမြို့မှ ရေလမ်းခရီးဖြင့် ရောက်ရှိလာခဲ့ကြသည့် ထိုင်းနိုင်ငံတာဝန်ရှိသူများအား ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး အောင်မျိုးသန့်နှင့်တာဝန်ရှိသူများက ကော့သောင်းမြို့ရှိ ပြည်တော်အေးစေတီတော်၊ဘုရင့်နောင်မင်းတ ရားကြီးရုပ်တုကုန်းမြေနှင့်ဘုရင့်နောင်အငူများသို့ လိုက်လံပြသခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟွန်ဆန်ကမြန်မာသမ္မတအသစ်ကို ဂုဏ်ပြုစကားပြောကြား

မစ္စတာဟွန်ဆန်သည် ဧပြီလ ၃ ရက်က မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့လည်း မနေ့က ရက်စွဲဖြင့် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့ခဲ့သည်။ "ကျွန်ုပ်တို့ နှစ်နိုင်ငံကြားက တူညီတဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နီးစပ်မှုတွေအပြင် အပြန်အလှန် လေးစားမှုနဲ့ နားလည်မှုတွေကြောင့် နက်ရှိုင်းစွာ ဆက်နွှယ်နေတဲ့ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးမှုတွေကို ကျွန်ုပ်အနေနဲ့ အထူးတန်ဖိုးထားပါတယ်။ အဆွေတော်ရဲ့ သမ္မတသက်တမ်းအတွင်းမှာ ဒီလိုဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ကျွန်ုပ်တို့နိုင်ငံတွေရဲ့ လက်တွေ့ကျတဲ့ အပြန်အလှန် အကျိုးစီးပွားတွေအတွက် ဆက်လက်တိုးတက်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်"...

နိုင်ငံတော်သမ္မတက တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများကို ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒ_ဏ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအားဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များကို ယနေ့ ဧပြီ ၈ ရက်က ချီး မြှင့်ပေးအပ်ခဲ့သည်။ နိုင်ငံတော်သမ္မတမှ နိုင်ငံတော်တာဝန်ကိုစတင်ယူခဲ့ချိန် မှစ၍ အခက်အခဲနှင့် စိန်ခေါ်မှုများစွာကြုံတွေ့ခဲ့ရသည်ကို မိမိနှင့်အတူ ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် တပ်မတော်သားများပူးပေါင်းပြီး ပြည်သူလူထုအားဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတမှ ကိုဗစ်-၁၉ ကူးစက်ရောဂါအား အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှု၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် လူအ‌ေ-သအပျောက်နှင့် ပျက်စီးခဲ့ရမှုများကိုပြန်လည်ထူ ထောင်နိုင်ခဲ့မှု၊ ရာဂီမုန်တိုင်းနှင့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်...

ဂျပန်၌ခိုလှုံခွင့်တောင်းသူများ အထိတ်တလန့် ဖြစ်နေကြ

ဧပြီလ ၈ ရက် ဂျပန်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော ပြည်နှင်ဒ_ဏ်ပေးသည့် လုပ်ဆောင်ချက်များသည် ခိုလှုံခွင့်တောင်းခံသူများနှင့် ရေရှည်နေထိုင်သည့် နိုင်ငံခြားသားများအကြား စိုးရိမ်ကြောက်ရွံ့မှုများကို ပိုမိုနက်ရှိုင်းစေသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ဖယ်ရှားရန် အစိုးရ၏ တွန်းအားပေးမှုမှာ ဒုက္ခသည်များကို အကာအကွယ်ပေးရန် အစိုးရ၏ တာဝန်ဝတ္တရားနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သတိပေးခဲ့ကြသည်။ တရားဝင်ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ နိုင်ငံခြားသား ၃၁၈ ဦးကို အစောင့်အရှောက်များဖြင့် အတင်းအဓမ္မ ပြည်နှင်ဒ_ဏ်ပေးခဲ့ကြောင်း သိရသည်။ ၎င်းသည် ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071