Tuesday, August 4, 2026

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...
HomeNewsLocal Newsမြန်မာ-ထိုင်း ကုန်သွယ်မှုတစ်ရှိန်ထိုးတိုးလာနေသော်လည်း မြန်မာ-တရုတ်ကုန်သွယ်မှုပိုင်းတွင်မူ...

မြန်မာ-ထိုင်း ကုန်သွယ်မှုတစ်ရှိန်ထိုးတိုးလာနေသော်လည်း မြန်မာ-တရုတ်ကုန်သွယ်မှုပိုင်းတွင်မူ ဒေါ်လာသန်းထောင်ချီ ယခင်ထက်လျော့ကျလာ

မြန်မာ-ထိုင်း ကုန်သွယ်မှုတစ်ရှိန်ထိုးတိုးလာနေသော်လည်း မြန်မာ-တရုတ်ကုန်သွယ်မှုပိုင်းတွင်မူ ဒေါ်လာသန်းထောင်ချီ ယခင်ထက်လျော့ကျလာ

ပြီးခဲ့တဲ့ နှစ်ကာလတူအချိန် (၁-၁၀-၂၀၂၀ မှ ၄-၂-၂၀၂၁ ) နဲ့ အခု (၁-၁၀-၂၀၂၁မှ ၄-၂-၂၀၂၂ )အထိ မြန်မာ-ထိုင်းကုန်သွယ်ရေးစခန်းအသီးသီးရဲ့ ကုန်သွယ်မှုကနေ ရတဲ့ ဝင်ငွေဟာ ယခင်ထက် အမေရိကန်ဒေါ်လာသန်းပေါင်း ၅၀၀နီးပါး ပိုများနေတာကို နစကစီးပွားကူးသန်းကနေ ထုတ်ပြန်တဲ့ သတင်းတွေအရသိရပါတယ်။

အခု ၃လကျော်လေးအတွင်းမှာပဲ မြန်မာ-ထိုင်းကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ တာချီလိတ်၊မြဝတီ၊ ကော့သောင်း၊မြိတ်၊ထီးခီး၊မောတောင် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ ကုန်သွယ်မှုဝင်ငွေက ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၁၁၃၀.၅၂၀သန်း၊သွင်းကုန်အနေနဲ့၆၁၃.၈၉၀သန်း စုစုပေါင်း ကုန်သွယ်မှုဝင်ငွေက အမေရိကန်ဒေါ်လာ ၁၇၄၄.၄၁၀သန်းရှိနေပါတယ်။ယခင်ကာလတူကဆို ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၈၁၆.၆၇၁သန်း၊သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ၄၄၃.၂၈၆သန်း စုစုပေါင်းကုန်သွယ်မှုအနေနဲ့အမေရိကန်ဒေါ်လာ၁၂၅၉.၉၅၇သန်း ရှိနေတဲ့ အတွက် ကာလနှစ်ခုနှိုင်းယှဉ်လိုက်ရင် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ၄၈၄.၄၅၃သန်း တိုးလာတာတွေ့ရပါတယ်။

နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကုန်သည်တစ်ဦးက “ထိုင်းနိုင်ငံဘက်နဲ့ ကုန်သွယ်မှုတွေက အရင်ထက်တိုးလာတဲ့ ပို့ကုန်ပိုင်းက အတော်လေးတိုးတယ်။မြဝတီကနေဆို အရင်ထက် ၂ဆကျော်လောက်တက်တယ်”လို့ မှတ်ချက်ပြုပါတယ်။

ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းတွေအရ အခု ၃လအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်သွယ်မှုဝင်ငွေက အမေရိကန်ဒေါ်လာ ၈၈၁သန်းကျော်ရှိနေပါတယ်။ပြီးခဲ့တဲ့ ကာလတူကဆိုရင် အမေရိကန်ဒေါ်လာ သန်း၄၀၄သန်းကျော်ပဲ ကုန်သွယ်နိုင်ခဲ့တာပါ။

မြန်မာ-ထိုင်းကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ တာချီလိတ်၊မြဝတီ၊ ကော့သောင်း၊မြိတ်၊ထီးခီး၊မောတောင် စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ အခု၃လကျော် ကုန်သွယ်မှုဝင်ငွေကို အရင်နှစ်ကာလတူ ၃လဝင်ငွေနဲ့ နှိုင်းယှဉ်ရင် သန်း၅၀၀ကျော်တက်လာတယ်ဆိုပေမယ့် မြဝတီတစ်ခုထဲကနေ သာ မြင့်တက်လာပြီး ကျန်ကုန်သွယ်ရေးစခန်းတွေမှာတော့ အနှုတ်လက္ခဏာတွေအများစုဆောင်နေတာတွေ့ရပါတယ်။

ဒီလိုပဲ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ အခု ၃လအတွင်း ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၅၀၁.၁၃၇သန်း၊သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ၄၄.၆၁၂သန်း စုစုပေါင်းကုန်သွယ်မှုဝင်ငွေဟာ ၅၄၅.၇၄၉သန်းပဲ ရှိနေပါတယ်။အရင်နှစ်ကာလတူကဆို ပို့ကုန်အနေနဲ့၁၈၉၈.၀၂၈သန်း၊သွင်းကုန်အနေနဲ့ ၈၁၃.၉၅၂သန်း စုစုပေါင်းကုန်သွယ်မှုဝင်ငွေဟာ အမေရိကန်ဒေါ်လာ၂၇၁၁.၉၈၀သန်း ရှိခဲ့တဲ့အတွက် ကာလတူ နှိုင်းယှဉ်လိုက်ရင် ပို့ကုန်မှာ-၁၃၉၆.၈၉၁သန်း၊သွင်းကုန်မှာ-၇၆၉.၃၄၀သန်းစုစုပေါင်းကုန်သွယ်မှုဝင်ငွေအနေနဲ့-၂၁၆၆.၂၃၁သန်း လျှော့နေပါတယ်။

နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကုန်သည်တစ်ဦးက “အများကြီးပဲပေါ့။အကြောင်းတရားတွေက”လို့ ပြောပါတယ်။

Zaw Gyi

ျမန္မာ-ထိုင္း ကုန္သြယ္မႈတစ္ရွိန္ထိုးတိုးလာေနေသာ္လည္း ျမန္မာ-တ႐ုတ္ကုန္သြယ္မႈပိုင္းတြင္မူ ေဒၚလာသန္းေထာင္ခ်ီ ယခင္ထက္ေလ်ာ့က်လာ

ၿပီးခဲ့တဲ့ ႏွစ္ကာလတူအခ်ိန္ (၁-၁၀-၂၀၂၀ မွ ၄-၂-၂၀၂၁ ) နဲ႔ အခု (၁-၁၀-၂၀၂၁မွ ၄-၂-၂၀၂၂ )အထိ ျမန္မာ-ထိုင္းကုန္သြယ္ေရးစခန္းအသီးသီးရဲ႕ ကုန္သြယ္မႈကေန ရတဲ့ ဝင္ေငြဟာ ယခင္ထက္ အေမရိကန္ေဒၚလာသန္းေပါင္း ၅၀၀နီးပါး ပိုမ်ားေနတာကို နစကစီးပြားကူးသန္းကေန ထုတ္ျပန္တဲ့ သတင္းေတြအရသိရပါတယ္။

အခု ၃လေက်ာ္ေလးအတြင္းမွာပဲ ျမန္မာ-ထိုင္းကုန္သြယ္ေရးစခန္းေတြျဖစ္တဲ့ တာခ်ီလိတ္၊ျမဝတီ၊ ေကာ့ေသာင္း၊ၿမိတ္၊ထီးခီး၊ေမာေတာင္ စတဲ့ နယ္စပ္ကုန္သြယ္ေရးစခန္းအားလုံးရဲ႕ ကုန္သြယ္မႈဝင္ေငြက ပို႔ကုန္အေနနဲ႔ အေမရိကန္ေဒၚလာ ၁၁၃၀.၅၂၀သန္း၊သြင္းကုန္အေနနဲ႔၆၁၃.၈၉၀သန္း စုစုေပါင္း ကုန္သြယ္မႈဝင္ေငြက အေမရိကန္ေဒၚလာ ၁၇၄၄.၄၁၀သန္းရွိေနပါတယ္။ယခင္ကာလတူကဆို ပို႔ကုန္အေနနဲ႔ အေမရိကန္ေဒၚလာ ၈၁၆.၆၇၁သန္း၊သြင္းကုန္အေနနဲ႔ အေမရိကန္ေဒၚလာ၄၄၃.၂၈၆သန္း စုစုေပါင္းကုန္သြယ္မႈအေနနဲ႔အေမရိကန္ေဒၚလာ၁၂၅၉.၉၅၇သန္း ရွိေနတဲ့ အတြက္ ကာလႏွစ္ခုႏႈိင္းယွဥ္လိုက္ရင္ ကုန္သြယ္မႈက အေမရိကန္ေဒၚလာ၄၈၄.၄၅၃သန္း တိုးလာတာေတြ႕ရပါတယ္။

နယ္စပ္ကုန္သြယ္ေရးဆိုင္ရာ ကုန္သည္တစ္ဦးက “ထိုင္းႏိုင္ငံဘက္နဲ႔ ကုန္သြယ္မႈေတြက အရင္ထက္တိုးလာတဲ့ ပို႔ကုန္ပိုင္းက အေတာ္ေလးတိုးတယ္။ျမဝတီကေနဆို အရင္ထက္ ၂ဆေက်ာ္ေလာက္တက္တယ္”လို႔ မွတ္ခ်က္ျပဳပါတယ္။

ကုန္သြယ္မႈဆိုင္ရာ ကိန္းဂဏန္းေတြအရ အခု ၃လအတြင္း ျမဝတီနယ္စပ္ကုန္သြယ္ေရးရဲ႕ ကုန္သြယ္မႈဝင္ေငြက အေမရိကန္ေဒၚလာ ၈၈၁သန္းေက်ာ္ရွိေနပါတယ္။ၿပီးခဲ့တဲ့ ကာလတူကဆိုရင္ အေမရိကန္ေဒၚလာ သန္း၄၀၄သန္းေက်ာ္ပဲ ကုန္သြယ္ႏိုင္ခဲ့တာပါ။

ျမန္မာ-ထိုင္းကုန္သြယ္ေရးစခန္းေတြျဖစ္တဲ့ တာခ်ီလိတ္၊ျမဝတီ၊ ေကာ့ေသာင္း၊ၿမိတ္၊ထီးခီး၊ေမာေတာင္ စတဲ့ နယ္စပ္ကုန္သြယ္ေရးစခန္းအားလုံးရဲ႕ အခု၃လေက်ာ္ ကုန္သြယ္မႈဝင္ေငြကို အရင္ႏွစ္ကာလတူ ၃လဝင္ေငြနဲ႔ ႏႈိင္းယွဥ္ရင္ သန္း၅၀၀ေက်ာ္တက္လာတယ္ဆိုေပမယ့္ ျမဝတီတစ္ခုထဲကေန သာ ျမင့္တက္လာၿပီး က်န္ကုန္သြယ္ေရးစခန္းေတြမွာေတာ့ အႏႈတ္လကၡဏာေတြအမ်ားစုေဆာင္ေနတာေတြ႕ရပါတယ္။

ဒီလိုပဲ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးစခန္းေတြမွာ အခု ၃လအတြင္း ပို႔ကုန္အေနနဲ႔ အေမရိကန္ေဒၚလာ ၅၀၁.၁၃၇သန္း၊သြင္းကုန္အေနနဲ႔ အေမရိကန္ေဒၚလာ၄၄.၆၁၂သန္း စုစုေပါင္းကုန္သြယ္မႈဝင္ေငြဟာ ၅၄၅.၇၄၉သန္းပဲ ရွိေနပါတယ္။အရင္ႏွစ္ကာလတူကဆို ပို႔ကုန္အေနနဲ႔၁၈၉၈.၀၂၈သန္း၊သြင္းကုန္အေနနဲ႔ ၈၁၃.၉၅၂သန္း စုစုေပါင္းကုန္သြယ္မႈဝင္ေငြဟာ အေမရိကန္ေဒၚလာ၂၇၁၁.၉၈၀သန္း ရွိခဲ့တဲ့အတြက္ ကာလတူ ႏႈိင္းယွဥ္လိုက္ရင္ ပို႔ကုန္မွာ-၁၃၉၆.၈၉၁သန္း၊သြင္းကုန္မွာ-၇၆၉.၃၄၀သန္းစုစုေပါင္းကုန္သြယ္မႈဝင္ေငြအေနနဲ႔-၂၁၆၆.၂၃၁သန္း ေလွ်ာ့ေနပါတယ္။

နယ္စပ္ကုန္သြယ္ေရးဆိုင္ရာ ကုန္သည္တစ္ဦးက “အမ်ားႀကီးပဲေပါ့။အေၾကာင္းတရားေတြက”လို႔ ေျပာပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071