မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းအပါအဝင် စီမံကိန်းများစွာကိုဖော်ဆောင်နေသည်ဟု နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ညနေပိုင်းက ရန်ကုန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်(မြင်းနှစ်)တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအကူအညီဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအ တွက် လျှပ်စစ်နှင့်စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနှင့်ပို့ ဆောင်ဆက်သွယ်ရေးကဏ္ဍစီမံကိန်းများကိုဖော် ဆောင်လျက်ရှိသည်ဟု ပြောသည်။
” နှစ်နိုင်ငံကြားမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံ ကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာ ဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေကို ပူးပေါင်းဆောင် ရွက်နေပါတယ်။ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူ မီးရ ထားလမ်းစီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်နေပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။
ထို့ပြင် မူဆယ်-မန္တလေးရထားလမ်းသည် ကျောက်ဖြူ -ကူမင်းမီးရထားလမ်းစီမံကိန်းအကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်းမီး ရထားလမ်းစီမံကိန်း၏အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ကာ မန္တလေး-ကျောက်ဖြူရထားလမ်းစီမံ ကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက် ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့်အလားအလာရှိသော အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်မှုများကို မြန်မာနိုင်ငံကအလေးထားကာ တရုတ်နိုင်ငံအ တွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အ ခြေခံအဆောက်အအုံကဏ္ဍများတွင် တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် နိုင်ငံတော်ယာယီသမ္မတ ၏ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လက တရုတ်နိုင်ငံခရီးစဉ်တွင် ဖိတ်ခေါ်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။
” အဲဒီလို ရင်းနှီးမြှုပ်နှံနိုင်ရင် နှစ်နိုင်ငံလုံးအတွက်များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ အခုနှစ်သစ်မှာ တရုတ်နိုင်ငံအနေနဲ့သာမက မြန်မာနဲ့တရုတ်နိုင်ငံနှစ်ခုလုံးရဲ့ ပြည်သူလူထုအကျိုးစီးပွားအတွက် အခုထက်ပိုမိုပြီး တိုးတက်မှု၊ အောင်မြင်မှုတွေရရှိအောင်ဆောင် ရွက်နိုင်မယ်လို့ယုံကြည်ပါတယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ထို့အတူ ယခုကဲ့သို့ ထူးခြားသည့် ၂၀၂၆ ခုနှစ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား မိတ်ဆွေကောင်း၊ အိမ်နီး ချင်းကောင်းပီပီ စိတ်ကောင်းစေတနာအပြည့်နှင့် ပူး ပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်နှင့်တိုးချဲ့သွားနိုင်မည်ကို အပြည့်အဝယုံကြည်သည်ဟုလည်း ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။
