ဇူလိုင် ၁၄ ရက်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) မှ မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုဦးအလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မဟာဝိသုဒ္ဓါရုံကျောင်းတွင် ဝါဆိုစာသင် ရဟန်းသံဃာ(၁၁၇)ပါးအတွက် မှတ်စုစာအုပ်များနှင့် စာရေးကိရိယာများ၊ ပညာရေးငွေပဒေသာပင် အလှူငွေ (၃၅)သိန်းတို့ တိပိဋကယောဆရာတော်ဘုရားကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ တရားတော်နာ ရေစက်ချခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ (၁၁)ရက်နေ့တွင်လည်း မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)မှ ဗလာစာအုပ်ဒါဇင် (၁၀၀)နှင့်၊ စာရေးကိရိယာများ၊ ပညာရေးပဒေသာပင်နှင့် နဝကမ္မ မိသားစုအလှူတို့ကို ရန်ကင်းမြို့နယ်၊ ပဉ္စနိကာယသာသနာ ဗိမာန်ကျောင်းတိုက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပညာရေးပဒေသာပင်နှင့် စာရေးကိရိယာများ လှူဒါန်းမှုသည် မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို)၏ စုပေါင်းကုသိုလ်ဒါနအဖြစ် (၇)ကြိမ်မြောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ဝါဆိုဦး စုပေါင်းအလှူအဖြစ် ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းတွင် ဗလာစာအုပ် (၁,၃၈၂)ဒါဇင်၊ စာရေးကိရိယာများနှင့် ပညာရေးပဒေသာပင် လှူအပါအဝင် နဝကမ္မအလှူငွေ သိန်း (၁၅၀)ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
