Tuesday, August 4, 2026

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...
HomeNewsLocal Newsမြန်မာ-တရုတ်ကုန်သွယ်မှု ပြန်တက်လာ

မြန်မာ-တရုတ်ကုန်သွယ်မှု ပြန်တက်လာ

(Unicode)

မြန်မာ-တရုတ်ကုန်သွယ်မှု ပြန်တက်လာ

ယခင်ရက်များစွာက ကုန်သွယ်မှုနည်းပါးခဲ့သည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ ယခုရက်ပိုင်းအတွင်းပြန်တက်လာနေပြီး နေ့စဉ်အစီးရေ၁၅၀ခန့် တရုတ်ဘက်သို့ တင်ပို့နေရသည်ဟု မူဆယ်အခြေစိုက်ကုန်သည်တို့က ပြောသည်။

“အရင်ရက်တွေက တရုတ်နှစ်ကူးလည်းရှိတော့ ကုန်သွယ်မှုက သိပ်ပြီး မသွက်ဘူး။နည်းတယ်။အခု နှစ်ကူးလည်းပြီးပြီဆိုတော့ ကုန်သွယ်မှုက ပြန်သွက်လာတယ်။ဖရဲ၊သခွား၊ နောက် ပဲတီစိမ်း၊ဆန်၊ရာဘာ ပြန်ပို့နေရတယ်။အစီးရေအနေနဲ့ ပြောရင် တစ်ရက်ကို အစီရေ ရာချီတယ်။ အစီးရေ၁၅၀လောက် ပတ်ချာလည် ပြန်သွားနေရပြီ”လို့ မူဆယ်အခြေစိုက်ကုန်သည်တစ်ဦးဖြစ်သည့် ဦးမင်းသိန်းကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဝိမ်တိန်ဘက်က တရုတ်ကုမ္ပဏီတစ်ခုတွင် ကိုဗစ်ပိုးတွေ့လူနာ ၂ဦးရှိခဲ့၍ အဆိုပါ ကုမ္ပဏီဝင်းအား လော့ဒေါင်းချထားမှုရှိသလို မြန်မာဘက်ခြမ်းတွင်လည်း ကားသမားအချို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့၍ မူဆယ်ဘက်ခြမ်းတွင် ဆေးကုသမှုခံယူနေရမှုလည်း ရှိခဲ့သည်။

“ကိုဗစ်က မြန်မာပြည်ထဲမှာ ပြန်တက်လာတာရှိတယ်။တရုတ်ဘက်မှာလည်း ပိုးတွေ့မှုအချို့ရှိတယ်။ဒါပေမယ့် ပိုးတွေ့မှုက သိပ်မဆိုးသေးတဲ့ အခြေအနေဆိုတော့ ကုန်သွယ်မှုအပိုင်းမှာ သက်ရောက်လာတာတေံ မရှိသေးဘူး။တစ်ခုရှိတာက ဒီပိုးက အရင် တတိယလှိုင်းလောက်လည်း အခြေအနေက မဆိုးတော့ ဒီမှာတော့ ကုန်သွယ်မှုက ကောင်းနေသေးတယ်။တရုတ်ဘက်ခြမ်းကို မြန်မာကားသမားတွေက မဝင်ရတာလည်းပါတော့ ကုန်သွယ်မှုပိုင်းမှာ ထိခိုက်မှုမရှိပါဘူး”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောပြသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်သေး၍ ထိုဂိတ်တစ်ခုထဲကနေ ကုန်သွယ်မှုကို ပြုလုပ်နေကြရသည်။

ပြီးခဲ့သည့် ၃လပိုင်းက မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုအခြေအနေမှာ ယခင်ကာလတူကထက် အမေရိကန်ဒေါ်လာသန်းထောင်ကျလျော့ကျသွားမှုရှိထားသည်။

(Zawgyi)

ျမန္မာ-တ႐ုတ္ကုန္သြယ္မႈ ျပန္တက္လာ

ယခင္ရက္မ်ားစြာက ကုန္သြယ္မႈနည္းပါးခဲ့သည့္ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးအေျခအေနမွာ ယခုရက္ပိုင္းအတြင္းျပန္တက္လာေနၿပီး ေန႔စဥ္အစီးေရ၁၅၀ခန႔္ တ႐ုတ္ဘက္သို႔ တင္ပို႔ေနရသည္ဟု မူဆယ္အေျခစိုက္ကုန္သည္တို႔က ေျပာသည္။

“အရင္ရက္ေတြက တ႐ုတ္ႏွစ္ကူးလည္းရွိေတာ့ ကုန္သြယ္မႈက သိပ္ၿပီး မသြက္ဘူး။နည္းတယ္။အခု ႏွစ္ကူးလည္းၿပီးၿပီဆိုေတာ့ ကုန္သြယ္မႈက ျပန္သြက္လာတယ္။ဖရဲ၊သခြား၊ ေနာက္ ပဲတီစိမ္း၊ဆန္၊ရာဘာ ျပန္ပို႔ေနရတယ္။အစီးေရအေနနဲ႔ ေျပာရင္ တစ္ရက္ကို အစီေရ ရာခ်ီတယ္။ အစီးေရ၁၅၀ေလာက္ ပတ္ခ်ာလည္ ျပန္သြားေနရၿပီ”လို႔ မူဆယ္အေျခစိုက္ကုန္သည္တစ္ဦးျဖစ္သည့္ ဦးမင္းသိန္းကေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းက ဝိမ္တိန္ဘက္က တ႐ုတ္ကုမၸဏီတစ္ခုတြင္ ကိုဗစ္ပိုးေတြ႕လူနာ ၂ဦးရွိခဲ့၍ အဆိုပါ ကုမၸဏီဝင္းအား ေလာ့ေဒါင္းခ်ထားမႈရွိသလို ျမန္မာဘက္ျခမ္းတြင္လည္း ကားသမားအခ်ိဳ႕တြင္ ကိုဗစ္ပိုးေတြ႕ရွိခဲ့၍ မူဆယ္ဘက္ျခမ္းတြင္ ေဆးကုသမႈခံယူေနရမႈလည္း ရွိခဲ့သည္။

“ကိုဗစ္က ျမန္မာျပည္ထဲမွာ ျပန္တက္လာတာရွိတယ္။တ႐ုတ္ဘက္မွာလည္း ပိုးေတြ႕မႈအခ်ိဳ႕ရွိတယ္။ဒါေပမယ့္ ပိုးေတြ႕မႈက သိပ္မဆိုးေသးတဲ့ အေျခအေနဆိုေတာ့ ကုန္သြယ္မႈအပိုင္းမွာ သက္ေရာက္လာတာေတံ မရွိေသးဘူး။တစ္ခုရွိတာက ဒီပိုးက အရင္ တတိယလႈိင္းေလာက္လည္း အေျခအေနက မဆိုးေတာ့ ဒီမွာေတာ့ ကုန္သြယ္မႈက ေကာင္းေနေသးတယ္။တ႐ုတ္ဘက္ျခမ္းကို ျမန္မာကားသမားေတြက မဝင္ရတာလည္းပါေတာ့ ကုန္သြယ္မႈပိုင္းမွာ ထိခိုက္မႈမရွိပါဘူး”ဟု နယ္စပ္ကုန္သည္တစ္ဦးကေျပာျပသည္။

ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရးပိုင္းတြင္ က်င္စန္းေက်ာ့ဂိတ္တစ္ခုသာ ဖြင့္ေသး၍ ထိုဂိတ္တစ္ခုထဲကေန ကုန္သြယ္မႈကို ျပဳလုပ္ေနၾကရသည္။

ၿပီးခဲ့သည့္ ၃လပိုင္းက ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္မႈအေျခအေနမွာ ယခင္ကာလတူကထက္ အေမရိကန္ေဒၚလာသန္းေထာင္က်ေလ်ာ့က်သြားမႈရွိထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071