Monday, June 23, 2025

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ...

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို...

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ...

ပြည်မြို့ကိုဗဟိုပြု၍ အင်အား ၃ ဒသမ...

ပဲခူးတိုင်း၊ ပြည်မြို့ကိုဗဟိုပြု၍ ယနေ့ ဇွန် ၂၃ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ နံနက် ၆ နာရီ ၃၂...
HomeNewsLocal Newsမြန်မာ - ချုံချင့်...

မြန်မာ – ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မေ (၁၃) ရက်တွင် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ကို ရေးထိုးခဲ့ကြောင်း သိရသည်။

မြန်မာ-ချုံချင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးမိတ်ဆက်ဆွေးနွေးပွဲနှင့် မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်အကြား စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ပိုမိုတိုးတက်စေရေး မြန်မာ-ချုံချင့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရနှင့် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားသို့ ချုံချင့်မြူနီစီပယ် အစိုးရနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့တို့မှ စီစဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu နှင့် တာဝန်ရှိသူများ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များ၊ မြန်မာကောင်စစ်ဝန်ချုပ်၊ ချုံချင့်မြူနီစီပယ် အစိုးရတာဝန်ရှိသူများ၊ ချုံချင့်မြူနီစီပယ်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေး စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့များမှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ နေပြည်တော်စက်မှုဇုန် တည်ထောင်မည့် အခြေအနေများ၊ စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အရေးများအား တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မိတ်ဆက်ဆွေးနွေးခဲ့ပြီး စက်မှုဇုန်နှင့်ပတ်သက်၍ တက်ရောက်လာသည့်သူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ကော့သောင်းမြို့တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အဆောက်အအုံသစ်ကို မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွား ဆက်သွယ်ရေးကို မြှင့်တင်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး နယ်စပ်ဖြတ်သန်းမှု စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသင်္ဘောများနှင့် စက်လှေများ မြို့မဆိပ်ခံတံတားကို ပိုမို ဝင်/ထွက် ဆိုက်ကပ်လာ၍ တိုးတက်လာသည့်အတွက် နှစ်ပေါင်း (၆၀)...

ယူအက်စ်က အီရန်ကို တို-က်ခို-က်မှု ပါကစ္စတန်ရှုံ့ချ

အစ္စလာမာဘတ်၊ဇွန် ၂၂ အီရန်၏နျူစက်ရုံသုံးရုံကို အမေရိက,က တို-က်ခို-က်ခဲ့ခြင်းကို ပါကစ္စတန်ကရှုံ့ချခဲ့ပြီး ဒေသတွင်း တင်းမာမှုများ ထပ်မံတိုးမြင့်လာနိုင်သည့်အတွက် စိုးရိမ်မိကြောင်းလည်း ပြောကြားခဲ့သည်။ "အီရန်ကိုရန်စလိုက်မိတဲ့အတွက် တင်းမာမှုနဲ့အကြမ်းဖက်မှုတွေတိုးမြင့်လာတာက စိတ်အနှောက်အယှက်ဖြစ်စရာပါ၊ နောက်ထပ်တင်းမာမှုသာ တိုးလာဦးမယ်ဆိုရင် ဒေသတွင်းနဲ့အခြားနိုင်ငံတွေအတွက်ပါ ဆိုးဆိုးရွားရွားထိခို-က်နစ်နာစေပါလိမ့်မယ်" ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပိုင်ဆိုင်မှုများကို လေးစားထိန်းသိမ်းရန်လိုအပ်ကြောင်း ပါကစ္စတန်ကအလေးပေးပြောကြားခဲ့ပြီး ပဋိပက္ခများရပ်တန့်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအားလုံးက နိုင်ငံတကာဥပဒေ (အထူးသဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) များကို လိုက်နာရမည်ဟုလည်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းမှုသည်...

အမေရိကန် တိုက်ခိုက်မှုတွေမတိုင်မီ နျူကလီးယားစခန်းတွေက ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့ကြောင်း အီရန်ပြောကြား

အမေရိကန်ရဲ့ တိုက်ခိုက်မှုမပြုလုပ်မီ နျူကလီးယားစခန်းသုံးခုက ပစ္စည်းတွေကို အီရန်က ရွှေ့ပြောင်းခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံထုတ်လွှင့်မှုဌာနရဲ့ နိုင်ငံရေးဆိုင်ရာ ဒုတိယအကြီးအကဲက တနင်္ဂနွေနေ့မှာ IRNA သတင်းအေဂျင်စီက‌နေ ပြောကြားခဲ့ပါတယ်။ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ နျူကလီးယားစခန်းတွေဆီက နျူကလီးယားယိုစိမ့်မှုမျိုးမတွေ့ရဘူးလို့လဲ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီ(IAEA) က ဆိုပါတယ်။ Isfahan ဒေသ ဒုတိယလုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးအုပ်ချုပ်ရေးမှူးက Isfahan နဲ့ Natanz နျူကလီးယားစခန်းတွေအနီး တိုက်ခိုက်မှုတွေကို အတည်ပြုခဲ့တယ်လို့ IRNA က ထပ်မံဖြည့်စွက်ခဲ့ပါတယ်။ အစ္စရေးစစ်တပ်က တိုက်ခိုက်မှုတွေအပြီး သူတို့နိုင်ငံတွင်းမှာ အမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ပြန်ခြင်း၊ ကျောင်းများပိတ်ခြင်း၊ စုဝေးမှုများ ပိတ်ပင်ခြင်းနဲ့ မရှိမဖြစ်မဟုတ်တဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071