Monday, June 23, 2025

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ...

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကို သို့သွားရောက်မည်

ဇွန် ၂၁ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဗတ်စ် အာရာ့ခ်ချီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၃ ရက် တနင်္လာနေ့တွင် မော်စကိုသို့ သွားရောက်ရန်...

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင်...

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊...

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင်...
HomeNewsLocal Newsမြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်...

မြန်မာ့ ဘောလုံးအကယ်ဒမီ ကျောင်းသားသစ် လူငယ် (၃၀၀) ကျော် လာရောက်ရွေးချယ်ခံ

၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာ့ဘောလုံးအကယ်ဒမီ ကျောင်းသားသစ်များကို ယနေ့ ဧပြီ (၂၆)ရက်တွင် ပဏာမအဆင့် စတင်ရွေးချယ်ရာ လူငယ် (၃၀၀)ကျော် လာရောက်ရွေးချယ်ခံခဲ့ကြောင်း သိရသည်။

ရန်ကုန်ဇုန် တစ်ခုတည်းအတွက် ရွေးချယ်ခေါ်ယူခြင်းဖြစ်ပြီး မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဘောလုံးအကယ်ဒမီ ပဏာမ လူရွေးချယ်ရေးများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

ပဏာမ လူရွေးချယ်ခြင်းအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဂျပန်နိုင်ငံသား မစ္စတာမိတကဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် မြို့နယ်အလိုက် အား/ကာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်များ၊ ဒေသခံလက်ရွေးစင်ဟောင်းများနှင့် ဆက်သွယ်၍ အကယ်ဒမီ ကျောင်းသားသစ်ရွေးချယ်ရေး အစီအစဉ်များကို ဆက်လက်သတင်းထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်ဟု အသိပေးထားသည်။

ရွေးချယ်ရေး အစီအစဉ်အရ ရန်ကုန်လေ့ကျင့်ရေးကွင်း (၁) တွင် ဧပြီ (၂၆) ရက်မှ (၂၈)ရက်အထိလည်းကောင်း၊ မြစ်ကြီးနား (ပြည်နယ်အားကစားကွင်း) တွင် ဧပြီ (၂၉) ရက်မှ မေ (၁) ရက်အထိလည်းကောင်း၊ တောင်ကြီး (ပြည်နယ်အားကစားကွင်း)တွင် မေ (၁) ရက်မှ မေ (၃) ရက်အထိလည်း ကောင်း၊ မန္တလေး (အကယ် ဒမီကွင်း)တွင် မေ (၅)ရက်မှ မေ (၇) ရက်အထိလည်းကောင်း၊ နေပြည်တော် (ဘောဂဝတီကွင်း) တွင် မေ (၈) ရက်မှ (၁၀) ရက်အထိလည်းကောင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ဆက်တို-က်ကျဆင်းလာ

စားသုံးသူဈေးကွက်အတွင်း ရောင်းချရန် ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို (၆,၀၈၀) ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် တစ်ပါတ်တွင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ (၆,၁၁၀) ကျပ်ဖြစ်ပြီး ဇွန်လ (၂၃) ရက်မှ (၂၉) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (၆,၀၈၀) ကျပ်ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားသည်။ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့် နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း...

အီရန်နိုင်ငံခြားရေးဝန်ကြီး မော်စကို သို့သွားရောက်မည်

ဇွန် ၂၁ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဗတ်စ် အာရာ့ခ်ချီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးရန် ဇွန်လ ၂၃ ရက် တနင်္လာနေ့တွင် မော်စကိုသို့ သွားရောက်ရန် စီစဉ်ထားသည်။ ယခုသတင်းကို အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့်စကားပြောခွင့်ရခဲ့‌သော အင်န်ဘီစီ သတင်းစာဆရာ အန်ဒရီရာ မစ်ရှယ်လ်က အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ ဇွန်လ ၁၃ ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် အီရန်၏နျူကလီးယားအစီအစဉ်ကို ဖျ-က်ဆီးရန် ရည်ရွယ်သည့် လေကြောင်းစစ်ဆင်ရေးတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ တို-က်ခို-က်မှုတွင် အစ္စရေးလေတပ်သည် နျူကလီးယား အခြေခံ အဆောက်အဦးများ၊ ယူရေနီယံ သန့်စင်ရေးစက်ရုံများနှင့် စစ်အခြေစိုက်စခန်းများ...

လာမည့် (၇၂) နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ မိုးရေချိန် ပိုများနိုင်ဟုဆို

မနက်ဖြန် ဇွန်(၂၄)ရက်မှ ဇွန်(၂၆) ရက်အထိ (၇၂)နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရေချိန်ပိုများနိုင်သည်ကို တိုင်းတာတွေ့ရှိရကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုသည်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရန်ကုန်တိုင်း(တောင်ပိုင်း/အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း မြောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသတို့တွင် မိုးရေချိန်ရရှိမှုပိုများနိုင်ပြီး၊ ကျန်ပြည်နယ်နှင့် တိုင်းဒေသများတွင် မိုးရေချိန်လျော့နည်းရရှိနိုင်သည်ဟု ဆိုသည်။ လတ်တလော မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်နေသည့် အနောက်တောင်လေစီးကြောင်းနှင့် မုတ်သုံမိုးများကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်း၌ မိုးအားပိုကောင်းလာနိုင်သည်ကြောင်း သိရသည်။ ထို့ပြင် ပစိဖိတ်သမုဒ္ဒရာအနောက် မြောက်ဘက်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071