TNLA အဖွဲ့၊ MDY-PDF နှင့် ဓနု PDF အဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့အား လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆင်ရေးကာလ(၁၁)လအကြာ ယနေ့ ဇူလိုင် ၁၆ ရက်မွန်းတည့် ၁၂ နာရီခန့်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့အား ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၀ ရက်မှ စတင်၍ ယင်း အဖွဲ့များထိန်းချုပ်ထားစဥ် တောင်ခမ်းတပ်နယ်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၊ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများအတွင်း ဝင်ရောက်နေရာယူပြီး ရွာသူ/ရွာသားများအား လူ သားတံတိုင်းအသုံးပြုခြင်း၊ ဒေသခံများ၏ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ အစိုးရအုပ်ချုပ်မှုယန္တရားပျက်ပြား အောင်လုပ်ဆောင်မှုများ၊ လုံခြုံရေးစခန်းများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန် ၂၀၂၄ ခုနှစ်၊ ဩ ဂုတ် ၂၅ ရက်နေ့မှစ၍ လက်နက်ကိုင်အဖွဲ့ဝင်များထိန်းချုပ်ထားသည့်နေရာများကို အကြမ်းဖက်ချေ မှုန်းရေးစစ်ဆင်ရေးဖြင့် တန်ပြန်တိုက်စစ်များအ ဆင့်ဆင့်ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးအဖွဲ့ဝင်များ၏ တန်ပြန်တိုက်စစ်ကြောင့် အချို့နေရာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ တောင်ခမ်း-ကံကြီး-နောင်ချို လမ်းကြောင်းရှိ နမ့်ဆောင်ဟူးတစ်ဝိုက်အား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက်၊ တောင်ခမ်း-ရွှေသွန်း-ဂုတ်ထိပ်-နောင်ချို လမ်းကြောင်းရှိ ဂုတ်ထိပ်အနီးတစ်ဝိုက်အား ဇူလိုင် ၁၂ ရက်၊ ပြင်ဦးလွင်-နောင်ချို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ အုမ္မသီးလမ်းခွဲမှ အုမ္မခါး ကျေး ရွာအထိအား ဇွန် ၂၅ ရက်၊ ကျောက်ကြမ်းနေရာ တစ်ဝိုက်အား ဇူလိုင် ၁၅ ရက်တို့တွင် ထပ်မံ၍ အောင်မြင်စွာပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရန်ဆက်လက်တိုက်ခိုက်ခဲ့ကြသဖြင့် စစ်ဆင်ရေးကာလ(၁၁)လအတွင်း တိုက်ပွဲကြီး(၂၀)ကြိမ်၊ ထိတွေ့မှုပေါင်း(၅၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်း(၁၇၁)လောင်း၊ လက် နက်မျိုးစုံ(၁၆၆)လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင်များ နောင်ချိုမြို့မှထွက်ပြေးသွားခဲ့သဖြင့် ယနေ့ ဇူလိုင် ၁၆ ရက်မွန်းတည့် ၁၂ နာရီခန့်တွင် နောင်ချိုမြို့တစ်မြို့လုံးအား လုံခြုံရေးအဖွဲ့ဝင်များက အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင်အဖွဲ့များသည် နောင်ချိုမြို့နှင့် ယင်းဒေသအားယာယီသိမ်းပိုက်ထိန်းချုပ်ထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက် အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အ ဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင်ဘန်ကာများဆောက်လုပ်ပြီး လုံခြုံရေးစစ် ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဒေသခံများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာ အကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကိုလုပ် ဆောင်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဒေသခံများ၏ နေအိမ်များနှင့် ဈေးဆိုင်ခန်းများအားဖောက်ထွင်း၍ တန်ဖိုးကြီးပစ္စည်းများ၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများကို အဓမ္မယူဆောင်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသည့် လမ်းများအား မြေဖြတ်ခြင်းများပြုလုပ်ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်ရေးတွင် အဓိကကျသည့် ဂုတ်တွင်းတံတားအပါအဝင် အခြားလမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်စီးခြင်းတို့ကိုလည်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များသည် နောင်ချိုမြို့အတွင်းသို့ ယာယီနေရပ်စွန့် ခွာနေရသူများအား အန္တရာယ်ကင်းစွာပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများအမြန်ဆုံးလည်ပတ်နိုင်ရေး၊ ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ လက်နက်ကိုင်အဖွဲ့ဝင်များထောင်ထားခဲ့သော မြေမြှုပ်မိုင်းများကိုရှင်းလင်းဖော်ထုတ်ခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် လက်နက်ကိုင်အဖွဲ့ဝင်များဖျက်ဆီးခဲ့သည့် စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ၊ ရုံး/ဌာနအဆောက်အအုံများ၊ ဘာသာရေးဆိုင်ရာအ ဆောက်အအုံများနှင့် လူနေအိမ်များအား ဒေသခံများနှင့်ပူးပေါင်း၍ အမြန်ဆုံးပြန်လည်ပြုပြင်မှုများပြုလုပ်ရန်စီစဥ်လျက်ရှိကာ နယ်မြေလုံခြုံရေးလုပ် ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
