Saturday, May 30, 2026

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့...

ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းတော်ကြီးကျောင်းမှ သံဃာတော်များကို နိုင်ငံတော်သမ္မတ...

အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ မေ ၃၀ ရက်နံနက်ပိုင်းက ဗုဒ္ဓဂါယာရှိ မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းသို့သွားရောက်ခဲ့သည်။ ထိုသို့ သွားရောက်ပြီးနောက် မဟာဗောဓိဓမ္မရိပ်သာမြန်မာဘုန်းကြီးကျောင်းရှိ...
HomeNewsLocal Newsမြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈)...

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၈) နှစ်ပြည့်ပြီ

ယနေ့ ကျရောက်သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ မြန်မာ့အသံရုပ်မြင်သံကြား ရုံးချုပ်တွင် ယနေ့ ဖေဖေါ်ဝါရီ (၁၅) ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေဒီယိုနှင့် ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်ပြီး ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင် ရန်ကုန်ရေဒီယို (Rangoon Radio)မှ ဗမာ့အသံ (Burma Broadcasting Services -BBS)အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ၁၉၈၀ ပြည့်နှစ် နိုဝင်ဘာ(၁)ရက်တွင် ရောင်စုံရုပ်မြင်သံကြားအဖြစ် စတင်ပုံမှန် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် MRTV HD၊ MRTV News၊ MRTV NRC၊ MRTV Farmers’၊ MRTV Parliament၊ MRTV Sports ရုပ်သံလို င်းများနှင့် ဆက်စပ်ရုပ်သံလိုင်းအဖြစ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် MITV ရုပ်သံလိုင်းများ ထုတ်လွှင့်လျက်ရှိပြီး မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည့် Myanma Radio တိုင်းရင်းသားဘာ သာ(၁၇)မျိုးပါဝင်သည့် တိုင်းရင်းသားဘာသာ အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ Analogue နှင့် Digital စနစ်တို့ဖြင့် ထုတ်လွှင့်နေသော စက်ရုံများအနက်နေပြည်တော် (ပျဉ်းမနား)၊ ရန်ကုန်(ပြည်လမ်း)နှင့် မန္တလေး ထပ်ဆင့်လွှင့် စက်ရုံ (၃)ရုံ၌ Analogue စနစ်ဖြင့် ရုပ်သံထုတ်လွှင့်ခြင်း ရပ်ဆိုင်းမှု အစီအစဉ် ASO၏ ပထမအဆင့်အဖြစ် ယနေ့မှစတင် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် စက်ရုံများကိုလည်း အဆင့်လိုက် ရပ်ဆိုင်းနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့်နေသည့် DVB T2 စနစ်တွင် HD Quality ဖြင့် MRTV -HD နှင့် MRTV- News ရုပ်သံလိုင်း (၂)လိုင်းကို ထုတ်လွှင့်နေရာမှ ဌာနပိုင်ရုပ်သံလိုင်းများနှင့် ဆက်စပ်ရုပ်သံလိုင်းများ အပါအဝင် (၉)လိုင်းတိုးချဲ့ပြီး HD Quality ရုပ်သံလိုင်း(၁၁) လိုင်းဖြင့် အဆင့်မြှင့်တင် ထုတ်လွှင့်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ထို့အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV DTH Platform တွင် ရုပ်သံလိုင်း (၇)လိုင်းအား ထည့်သွင်းထုတ်လွှင့်နေရာမှ ပုဂ္ဂလိကရုပ်သံလိုင်းများအပါအဝင် (၁၂)လိုင်းထပ်မံတိုးချဲ့၍ စုစုပေါင်း ရုပ်သံလိုင်း (၁၉)လိုင်းဖြင့် ထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မ တော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းကင်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်

မင်းကင်းမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု ယနေ့ မေ ၃၀ ရက်ညနေပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက်(၂၉)မိုင်ခန့်အကွာ၊ အနက်(၇၅)ကီလိုမီတာကိုဗဟိုပြု၍ အင် အား မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုသည် ညနေ ၄ နာရီ ၃၆ မိနစ် ၄၈ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှဝန်ထမ်းများနှင့် ပညာတော်သင်များကိုတွေ့ဆုံ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၀ ရက်ညနေပိုင်းက အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အစိုးရပညာတော်သင်များကို မြန်မာသံရုံး၌တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာသံရုံး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပြီး ဩဝါဒစ ကားပြောကြားကာအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတည်ခင်းဧည့်ခံသည့် ညစာစားပွဲကို တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar က ယနေ့ မေ ၃၀ ရက်တွင် လာရောက် ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ သည် နှစ်နိုင်ငံအကျိုးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071