Wednesday, May 21, 2025

မန္တလေးတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းအဆောက်အအုံသည် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊...

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု...

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့...

ရခိုင်ယူနိုက်တက်အသင်း အနေဖြင့် ပေါ်တူဂီနည်းပြ ပေါ်လို...

MNL League Cup ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် ယမန်နေ့က စတင်ကာ အသင်း၏ နည်းပြချုပ်ဖြစ်သူ ပေါ်တူဂီနိုင်ငံသား ပေါ်လို ဆေးလ်ဗားဖြင့်...
HomeNewsLocal Newsမြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း

မြန်မာ့အရေးအတွက် အဖွဲ့တွင်းသဘောထားကွဲလွဲမှုမရှိပဲ ပူးပေါင်းဖြေရှင်းရန်အာဆီယံဥက္ကဌတိုက်တွန်း

ဂျာကာတာ၊ဖေဖော်ဝါရီ ၄

အာဆီယံဝန်ကြီးများအစည်းအဝေး၌ အကျပ်အတည်းဖြစ်ပွားနေသော မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာ၌ အဖွဲ့ဝင်နိုင်ငံအားလုံးစည်းလုံးမှုရှိကြောင်းပြသသင့်သည်ဟု အင်ဒိုထိပ်တန်းသံတမန်ကပြောကြားခဲ့သည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်ထ်ဒနိုမာဆူဒီက အာဆီယံအဖွဲ့၏ ကျယ်ပြန့်သောပံ့ပိုးကူညီမှုဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုဆိုသည်။

အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည် မြန်မာ့အရေးဖြေရှင်းရာ၌ အာဆီယံဥက္ကဌအတွက် အရေးပါသောလမ်းညွှန်မှုတစ်ရပ်အဖြစ်ရှိနေမည်ဖြစ်ကာ ၎င်းသည်အာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှုကိုလည်း ကိုယ်စားပြုသည်ဟုမစ္စမာဆူဒီကပြောကြားခဲ့သည်။

အစည်းအဝေး၌ မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အငြင်းပွားမှုနှင့် အာဆီယံအဖွဲ့တွင် အရှေ့တီမောပါဝင်ဆောင်ရွက်ရေး အစီအစဉ်များကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

အရှေ့တီမောသည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို လေ့လာသူအဖြစ် ပထမဆုံးအကြိမ် အစည်းအဝေးသို့စေလွှတ်ခဲ့သည်။အာဆီယံခေါင်းဆောင်များသည် အရှေ့တီမောအား အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် မူဝါဒအရအသိအမှတ်ပြုကာ လေ့လာသူအဆင့်ကိုပေးအပ်ရန် နို၀င်ဘာလကသဘောတူခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးတွင် တရုတ်နိုင်ငံနှင့်ပတ်သက်၍ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများကို ကျင့်ဝတ်နှင့်အညီ တတ်နိုင်သမျှမြန်မြန်ဖြေရှင်းကြရန်လည်း ဝန်ကြီးများအစည်းအဝေး၌ ထပ်မံအတည်ပြုခဲ့ကြသည်ဟုသိရှိရသည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတွင် မိုးသည်းထန်ရွာသွန်းမှုကြောင့် အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမြို့တွင် ယမန်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းအဆောက်အအုံသည် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊ (၈၉)လမ်း၊ (၃၆) လမ်းနှင့် (၃၇) လမ်းကြားတွင် တည်ရှိသည့် အဆောက်အအုံဖြစ်ကြောင်း မြို့ခံပရဟိတအဖွဲ့တစ်ဖွဲ့ထံမှ သိရသည်။ အဆောက်အဦးပြိုကျခဲ့သော်လည်း လူအထိခို-က်မရှိဘဲ အနီးဝန်းကျင်ရှိ လူနေအိမ်များအနေဖြင့် အရေးပေါ်ပြောင်း ရွှေ့ခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ (၁၇) ရက် ညပိုင်းကလည်း ပြင်းအား ၅ ဒသမ ၂ ရှိသည့် ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ရှိ...

ချန်းရိ ဖိနပ်စက်ရုံ အလုပ်သမားများ၏ တောင်းဆိုမှု အဆင် ပြေစွာပြီးဆုံး

Adidas တံဆိပ်ဖိနပ်များ ချုပ်လုပ်နေသည့် ချန်းရိ Tsang Yih စက်ရုံလုပ်သားများ တောင်းဆိုထားသည့် အချက်များကို ပိုင်ရှင်ဘက်မှ လိုက်လျောလိုက်သောကြောင့် အလုပ်သဘမားများတောင်းဆိုမှု ပြီးဆုံးခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ စက်ရုံဘက်မှ လိုက်လျောမှုများတွင် ဒေးကြေး (၅၂၀၀) မှ (၆၀၀)တိုးပေးကာ (၅၈၀၀)ကျပ်နှင့် ထောက်ပံကြေး (၃၈၀၀) ကျပ်၊ အစိုးရထောက်ပံ့ကြေး (၂၀၀၀) ၊ ဆန်ဖိုး/ဆီဖိုး (၄၀၀) အပါအဝင် စုစုပေါင်း တစ်ရက်လုပ်ခ (၁၂၀၀၀) ကျပ် ရရှိမည်ဖြစ်ကြောင်း သိရသည်။ Adidas တံဆိပ် ဖိနပ်များ ချုပ်လုပ်နေသည့်...

ပြင်သစ်သမ္မတ၏ဗီယက်နမ်ခရီးစဉ်တွင် ဂြိုဟ်တုနှင့် နျူစွမ်းအင်အရေး အဆွေးနွေးမည်

ပြင်သစ်သမ္မတ အီမန်နျူဝယ်လ်မက်ခရွန်၏ လာမည့်သီတင်းပတ်၌ သွားရောက်မည့်ဗီယက်နမ်နိုင်ငံ ခရီးစဉ်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် ဆွေးနွေးကြမည့် အကြောင်းအရာများတွင် အခြေခံအဆောက်အဦးနှင့် စွမ်းအင်ကဏ္ဍတို့ပါဝင်ရန် မျှော်လင့်ရသည်။ ၎င်း၏ ကိုလိုနီနိုင်ငံဟောင်းသို့ နိုင်ငံတော်ခရီးစဉ်အတွင်း သဘောတူညီချက်များကို ဒါဇင်နှင့်ချီ၍ လက်မှတ်ရေးထိုးဖွယ်ရှိသည်။ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပြင်သစ်သမ္မတတစ်ဦး၏ ပထမဆုံး ဗီယက်နမ်ခရီးစဉ်သည် ကြီးမားသော အရှေ့တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မက်ခရွန်သည် မေ ၂၅ ရက်တွင် ဟနွိုင်သို့ ရောက်ရှိမည်ဖြစ်ကာ မေ ၂၇ ရက်တွင် အင်ဒိုနီးရှားသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။ ယင်းနောက် မေ ၃၀ ရက်တွင် စတင်မည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071