ရန်ကုန်မြို့တွင် မြန်မာ့အကြီးဆုံး ဆောက်လုပ်ရေးပြပွဲကြီး Myanmar 8 Build Expo 2026 ပြပွဲကို (၃) ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် ဆောက်လုပ်ရေးပြပွဲ၊ အိမ်ခြံမြေ အရောင်းပြပွဲ၊ ဆိုလာ၊ လျှပ်စစ်နှင့် EV အရောင်းပြပွဲကြီးဖြစ်ကြောင်း သိရသည်။
ပြပွဲကို မတ်လ ၆ ရက် မှ ၈ ရက်အထိ မနက် ၁၀ နာရီ မှ ညနေ ၅ နာရီထိ Yangon Convention Center-YCC (ရန်ကုန်ကွန်ဗန်းရှင်းစင်တာ) ၌ ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် ပြပွဲကြီးတွင် ဝင်ရောက်ပြသလိုသည့်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ပြခန်းများကို ကြိုတင်ရယူပြီး ဝင်ရောက်ပြသနိုင်ကြောင်း သိရသည်။
