ဗီယက်နက်နိုင်ငံတွင် ကျင်းပမည့် 2025 ASEAN Women’s Championship ပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် တရုတ်နိုင်ငံတွင် လေ့ကျင့်ပြင်ဆင်ခဲ့သည့်အတွက် ပုံစံကောင်းများရရှိနေပြီဖြစ်သည်ဟု နည်းပြချုပ် Tetsuro Uki ပြောသည်။
ယနေ့ ဩဂုတ်လ (၆) ရက်က 2025ASEAN Women’s Championship ပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ထိုသို့သတင်းစကားပါးလိုက်ခြင်းဖြစ်သည်။
“သြစတြေးလျနဲ့ ဖိလစ်ပိုင်တို့ဟာ မာကျောတဲ့ အသင်းတွေဖြစ်ပေမယ့် ရလဒ်ကောင်းယူနိုင်ဖို့ သေချာပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းဟာ ပွဲစဉ်တိုင်းကို တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ ကစားသွားမှာဖြစ်ပါတယ်”ဟု ဆို သည်။
မြန်မာ့လက်ရွေးစင် အမျိူးသမီးအသင်းဖြစ် ထိပ်တိုက်တွေ့ဆုံမည့် သြစတြေးလျ အမျိုးသမီးအသင်း နည်းပြချုပ် Joe Palatsides ကလည်း “အသင်းမှာ လူငယ်ကစားသမားအများစု ပါဝင်နေတာမို့ အုပ်စုတွင်း ပြိုင်ဘက်တွေကို သေချာပြင်ဆင် ကစားသွားရမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ ဖိလစ်ပိုင်တို့ဟာ အသင်းကောင်းတွေ ဖြစ်ကြတာမို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်”ဟု ဆိုထားသည်။
လက်ရှိ မြန်မာမာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေပြီး ဩဂုတ်လ (၇)ရက်တွင်ဩစတြေးလျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အလားတူ ဩဂုတ် (၁၀)ရက် တွင် တီမော၊ ဩဂုတ် (၁၃) ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
