Monday, May 4, 2026

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း...

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက်...

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...
HomeNewsFootballမြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း...

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ဘရူနိုင်းအသင်းအား (၈)ဂိုးသွင်းယူ အနိုင်ရရှိ

ယမန်နေ့ ဇွန်(၂၅)ရက်က မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းအ‌နေဖြင့် ဘရူနိုင်းအသင်းနှင့် အုပ်စုအဆင့် ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ဘရူးနိုင်းအသင်းကို (၈)ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အုပ်စုအဆင့် ယှဉ်ပြိုင်ရမည့်အသင်း လေးသင်းရှိသည့်အနက် မြန်မာအသင်းအနေဖြင့် နှစ်ပွဲကစား တစ်ပွဲရှုံး တစ်ပွဲအနိုင်ရခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဘရူနိုင်းနှင့်ပွဲစဉ်အတွင်း ကျော်သီဟက (၂)ဂိုး၊ သူရမင်းက (၂)ဂိုး၊ ဉာဏ်အောင်(၁)ဂိုး၊ ကျော်ညီညီ(၁)ဂိုးနှင့် မျိုးနန္ဒအောင် (၂)ဂိုး အသီးသီးသွင်းယူခဲ့ကြပြီး ဘရူနိုင်းအသင်းဘက်မှ ချေပဂိုး(၁)ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် အုပ်စု(B)တွင် က‌မ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ဗီယက်နမ်အသင်းတို့ဖြင့် ကျရောက်နေကာ ၊ ဇွန်လ (၂၈)ရက် မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ဗီယက်နမ်အသင်းနှင့် ‌အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် ကစားသွားရမည်ဖြစ်သည်။

ASEAN U-16 Boys Cham pionship 2024 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ က အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် အုပ်စုသုံးစုခွဲ ယှဉ်ပြိုင်ကစား‌နေခြင်းဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စု ပထမရသောအသင်း သုံးသင်းနှင့် အကောင်းဆုံး အုပ်စု ဒုတိယရသော အသင်းတစ်သင်း၊ စုစုပေါင်း အသင်းလေးသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ကစားသွားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ ရေကြောင်းကုန်သွယ်မှု လုပ်ငန်းအဖွဲ့ က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့က ၎င်းတို့၏ X လူမှုကွန်ရက်စာမျက်နှာရှိ ပို့စ်တစ်ခုတွင် ရေးသားဖော်ပြရာ၌ တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် ၁၉၄၀ နာရီခန့်တွင် အဆိုပါသင်္ဘောထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ အဆိုပါ သတင်းပို့ချက်အရ သင်္ဘောသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ ယူအေအီး နိုင်ငံ ဖူဂျိုင်ရာ မြို့၏ မြောက်ဘက်...

ဖိလစ်ပိုင်တွင် မီးတောင်မှပြာများကျ၍ မြို့ရွာများမှောင်အတိကျ

မေလ ၄ ရက် မေယွန် မီးတောင်၏ တောင်စောင်းများမှ ချော်ရည်များ ပြိုကျမှုကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မီးတောင်ပြာများ အများအပြား ထွက်ပေါ်လာခဲ့ပြီးနောက် မိသားစုပေါင်း ၃၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ဖိလစ်ပိုင် အရာရှိများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ဇန်နဝါရီလကတည်းက အင်အားအနည်းငယ်ဖြင့် မကြာခဏ ပေါက်ကွဲနေသော မေယွန်မီးတောင်သည် ကြီးမားစွာ ပေါက်ကွဲထွက်လာခြင်းမျိုး မဟုတ်သော်လည်း မီးတောင်၏ အနောက်တောင်ဘက် တောင်စောင်းပေါ်တွင် စုပုံနေသော ချော်ရည်ထုကြီးသည် စနေနေ့ ညမမှောင်မီအချိန်တွင် ရုတ်တရက် အောက်သို့ ပြိုကျကာ အပူရှိန်ပြင်းသော...

ယူအက်စ်၏ လူကုန်ကူးမှုတို-က်ဖျ-က်ရေး အစီရင်ခံစာတွင်ထိုင်းက ပထမတန်း အဆင့်ရရှိရန်ရည်မှန်း

မေလ ၃ ရက် ထိုင်းအစိုးရသည် လူကုန်ကူးမှု တို-က်ဖျ-က်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြုထားပြီး၊ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်ဆက်တိုက် ရောက်ရှိနေခဲ့သည့် ဒုတိယတန်း အဆင့်မှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာတွင် ပထမတန်းအဆင့်သို့ တက်လှမ်းနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချဒါ ဒ်နာဒီရက် က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လာခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ အစီအမံများ ပိုမိုခိုင်မာလာခြင်းတို့ကြောင့် ထိုင်းနိုင်ငံအနေဖြင့် မကြာမီအတွင်း အမေရိကန်၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အကဲဖြတ်မှုတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071