မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲကို ပြည်တွင်း အမျိုးသမီးဘောလုံး ကလပ်ဖြစ်သည့် I.S.P.E အသင်းက ဝင်ရောက်ယှဉ်ရမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်းကြီး၏ တိုက်စစ်မှူး မေထက်လူ၊ ဖြူဖြူဝင်း၊ ဖြူဖွေး၊ ယွန်းဝတီလှိုင်နှင့် စန်းသော်သော်တို့ကို I.S.P.E အသင်း ကာလတိုစာချုပ်ဖြင့် အငှားခေါ်ယူထားသည်။
အသင်းတွင်ပါဝင်မည့်လက်ရွေးစင် အဆင့်ကစားသမားများမှာ အသင်းခေါင်းဆောင်အဖြစ် ခင်မာလာထွန်း၊ လင်း လဲ့ဦး၊ ရွှေရည်ထွန်း ဇူးလတ်နဒီ (ဂိုး) နှင်းပွင့်အေးသန်းသန်းနွယ် ယဉ်လွန်းအိမ် (ယူ-၂၀)၊စန္ဒာလင်း (ယူ ၂၀)၊ ဖြူဖြူဝင်း၊ ဖြူဖွေး၊ ယွန်းဝတီလှိုင်၊ စန်းသော်သော်နှင့် မေထက်လူတို့ ပါဝင်ကစားသွားမည်ဖြစ်သည်။
I.S.P.E အသင်းအနေဖြင့် သြဂုတ်လ (၂၈) ရက် ၊ ညနေ (၄) နာရီအချိန်တွင် Khovd Western (မွန်ဂိုလီးယားကလပ်)၊ သြဂုတ် (၃၁) ရက် ၊ ညနေ (၄)နာရီအချိန်တွင် Stallion Laguna (ဖိလစ်ပိုင်ကလပ်)တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
