Monday, August 3, 2026

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင်...

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း...

ပါကစ္စတန်မှာ တောင်ပြိုကျ၊ နီပေါ ၆...

ပါကစ္စတန်နိုင်ငံ၏ ၈,၀၅၁ မီတာမြင့်သော Broad Peak တောင်တွင် ဇူလိုင်လ ၃၀ ရက် နေ့ နံနက်ပိုင်းက ကြီးမားသော နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsမြန်မာ့ပဲတီစိမ်းနှင့်ပတ်သတ်ပြီး အိန္ဒိယက မူဝါဒထပ်ပြောင်း၍...

မြန်မာ့ပဲတီစိမ်းနှင့်ပတ်သတ်ပြီး အိန္ဒိယက မူဝါဒထပ်ပြောင်း၍ မြန်မာကုန်သည်များမနစ်နာရန် စည်းဝေး

မြန်မာ့ပဲတီစိမ်းနှင့်ပတ်သတ်ပြီး အိန္ဒိယက မူဝါဒထပ်ပြောင်း၍ မြန်မာကုန်သည်များမနစ်နာရန် စည်းဝေး

၂၀၂၂ ခုနှစ် မတ် ၃၁ ရက်အထိ လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသည့် ပဲတီစိမ်းအား လွတ်လပ် စွာ တင်သွင်းကုန်အဖြစ်မှ ကန့်သတ်တင်သွင်းခွင့်ပြု သည့် ကုန်စည်အဖြစ်သို့ အိန္ဒိယက မူဝါဒပြင်ဆင်သတ်မှတ်ခဲ့၍ မြန်မာကုန်သည်များ နစ်နာမှုမရှိရန် နေပြည်တော်တွင် ဆွေးနွေးမှုများပြုလုပ်နေပြီး ပဲတီစိမ်းကို အိန္ဒိယဈေးကွက်သို့ ပုံမှန်ဆက်လက်တင်ပို့နိုင်ရေးအတွက် နစကစီးပွားကူးသန်းဝန်ကြီးဌာနက အိန္ဒိယ နိုင်ငံသို့ ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက ကုန်သည်များအား အသိပေးခဲ့သည်။

အိန္ဒိယက ၎င်းတို့၏ ကြေညာချက်အား ထုတ်ပြန်ချိန်မှ ချက်ချင်းအကျိုး သက်ရောက်မှုရှိစေဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် အိန္ဒိယနိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက Notification. S.O. 624 (E) ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ယင်းကြေညာချက်သည် မြန်မာ့ပဲတီစိမ်းတင်ပို့မှုအပေါ် ရိုက်ခတ်မှုများရှိလာမည်ဖြစ်သည်ဟု ကုန်သည်များက မှတ်ချက်ပြုကြသည်။

ဖေဖော်ဝါရီ ၁၄ရက် မွန်းလွဲပိုင်းက နစက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက် နောက်ပိုင်း အိန္ဒိယနိုင်ငံသို့တင်ပို့ရန် အသင့်ဖြစ်နေပြီး ဈေးကွက်တင်ပို့ရန် အခက်အခဲကြုံတွေ့နေရသည့် ဆိပ်ကမ်းသို့ ရောက်ရှိပြီးနှင့် လမ်းကြောင်း တစ်လျှောက်ရှိ ပဲတီစိမ်း အိန္ဒိယနိုင်ငံဈေးကွက်သို့ ပုံမှန်တင်ပို့နိုင်ရေးနှင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိ လာမည့် ပဲတီစိမ်းများ ဈေးနှုန်းကျဆင်းမှုမဖြစ်ပေါ် စေရေး ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကာ အဖြေရှာခြင်းတို့ ဆောင်ရွက်ခဲ့သည်ဟုသိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပဲတီစိမ်းကို အိန္ဒိယဈေးကွက်သို့ ပုံမှန်ဆက်လက်တင်ပို့နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် အိန္ဒိယ နိုင်ငံသို့ ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး အသင်းအဖွဲ့များအနေဖြင့်လည်း ဈေးကွက်တည်ငြိမ်မှုရှိစေရေးနှင့် EU အပါအဝင် ဈေးနှုန်းပိုမိုရရှိနိုင်မည့် အခြားဈေးကွက်များသို့ တင်ပို့နိုင်ရေးအတွက်လည်း စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၌ ပဲမျိုးစုံစိုက်ပျိုးမှု အနေဖြင့် စိုက်ဧက ၉ ဒသမ၉သန်းခန့်ရှိပြီး ပဲမျိုးစုံ တန်ချိန် ၄ဒသမ ၁သန်းခန့် နှစ်စဉ်စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ပဲတီစိမ်း ပြည်ပတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တန်ချိန် ခုနစ်သိန်းခန့်ကို ကမ္ဘာ့နိုင်ငံ ၆၄ နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

ယင်းအပြင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် (အောက်တိုဘာလမှ ဖေဖော်ဝါရီ ၄ ရက်) အထိ ပဲတီစိမ်း တန်ချိန် ၁၄၇၃၂၆ တန်ကို ကမ္ဘာ့ ဈေးကွက်သို့ တင်ပို့ခဲ့မှုအနက် အိန္ဒိယနိုင်ငံ ဈေးကွက်သို့ တင်ပို့မှုမှာ ၁၈၈၄၂ တန်၊ ရာခိုင်နှုန်း အားဖြင့် ၁၂ ရာခိုင်နှုန်းခန့်သာ ပါဝင်ခဲ့သည်ဟုလည်းသိရသည်။

ဖေဖော်ဝါရီ ၁၄ရက်က ပြုလုပ်သည့် အစည်းအဝေးတွင်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေး နှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်၊ အိန္ဒိယနိုင်ငံ စီးပွားရေးသံမှူးနှင့် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းမှ တာဝန်ရှိသူများက ပဲတီစိမ်းဈေးကွက်တည်ငြိမ်ရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ ဈေးနှုန်းပိုမိုရရှိနိုင်မည့် အခြားဈေးကွက်များသို့ တင်ပို့နိုင်ရေး၊ G to G စာချုပ်ချုပ်ဆို၍ ပြည်ပသို့ ပိုမို တင်ပို့နိုင်ရေးတို့နှင့်ပတ်သက်ပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်ဟု နစကပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

Zaw Gyi









Ads Space Available


Continue reading

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၀၂) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။         မြို့တော်ကိုလံဘိုအပြင်ဘက်ရှိ မဟာရာထောင်တွင် အကျဉ်းသာများသည်  အဆောက်အအုံများစွာကို ဖျ-က်ဆီးခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါ မီဒွာတီက ပြောကြားခဲ့သည်။         တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းပြီး အကျဉ်းသားများကို ၎င်းတို့အချုပ်ခန်းများသို့ ပြန်ပို့ရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွန်မန်ဒိုများကို အင်အားဖြည့်တင်းခဲ့ကြောင်း မီဒွာတီက ထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။        ၂၀၂၀...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး အစောပိုင်းက သတင်းထုတ်ပြန်ထားသည့် ‌ေ-သဆုံးသူ ဦးရေထက် မြင့်တက်လာခြင်းဖြစ်သည်။        ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ရှိ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။       စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071