Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsမြန်မာ့တပ်မတော်မှ ပထမဆုံးအကြိမ်ပါဝင်ချီတက်ခဲ့‌သော ရုရှားနိုင်ငံ၏...

မြန်မာ့တပ်မတော်မှ ပထမဆုံးအကြိမ်ပါဝင်ချီတက်ခဲ့‌သော ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရင်ပြင်နီ၌ ယနေ့ မေ ၉ ရက်နံနက်ပိုင်းကကျင်းပသည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်း အမှတ်စစ်ရေးပြအခမ်းအနားကို နစက ဥက္ကဋ္ဌနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် Army General Oleg Salukov ရောက်ရှိနေရာယူပြီး ကရင်မလင်နန်းတော်မျှော်စင်ရှိ နာရီစင်မှ ၁၀ နာရီအချက်ပေးခေါင်းလောင်းထိုးပြီးနောက် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို စတင်ကျင်းပရာ ရုရှားနိုင်ငံတော်အလံနှင့် ရုရှားအောင်ပွဲနေ့အထိမ်းအမှတ်အလံတော်တို့အား အလေးပြုကာ ရုရှားကာကွယ် ရေးဝန်ကြီး Mr. Andrei Ramovich Belousov ကအလေးပြုခြင်းခံယူပြီး စစ်ရေးပြတပ်ဖွဲ့အသီးသီးကိုကြည့်ရှုစစ်ဆေးကာ ဂုဏ်ပြုစကားပြောကြားရာ စစ်ရေးပြတပ်ဖွဲ့များမှ (Oora) (အောင်ပြီ)ဟု ၃ ကြိမ်ကြွေးကြော်ခဲ့ကြသည်။

ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ်ဦးဆောင်သည့် နိုင်ငံတကာမှ စစ်ရေးပြတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ရေးပြတပ်ဖွဲ့များက စစ်သေနာပတိချုပ်အား လမ်းလျှောက်ချီတက်အလေးပြုခြင်း၊ တင့်၊ သံချပ်ကာ၊ အမြောက်၊ လေကြောင်းရန်၊ မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးတပ်ဖွဲ့ စသည့်ယန္တရားတပ်ဖွဲ့များမှ ချီတက်အလေးပြုခြင်းနှင့် လေတပ်မှလေယာဉ်များဖြင့် ပျံသန်းအလေးပြုခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် စစ်တီးဝိုင်းတပ်ဖွဲ့မှ ရုရှားအောင်ပွဲနေ့အ ခမ်းအနားအထိမ်းအမှတ်ဂုဏ်ပြုတေးသီချင်းသီဆို၍ပြန်လည်ထွက်ခွာကာ ရုရှားနိုင်ငံ၏ စစ်သေနာပတိချုပ် H.E.Mr. Vladimir Vladimirovich Putin က ရုရှားနိုင်ငံနှင့် နိုင်ငံတ ကာစစ်ရေးပြတပ်ဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များအားနှုတ်ဆက်ခဲ့သည်။

ယခုနှစ်ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအ မှတ်စစ်ရေးပြအခမ်းအနားတွင် မြန်မာနိုင်ငံမှ စစ် ရေးပြတပ်ဖွဲ့ဝင်များသည်လည်း အခြားနိုင်ငံများမှ စစ်ရေးပြတပ်ဖွဲ့ဝင်များနှင့်အတူ ပထမဦးဆုံးအ ကြိမ်အဖြစ်ပါဝင်ချီတက်ခဲ့ကြသည်။

ယနေ့တွင်ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်စဉ် နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံမှု၊ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများကို အပြန်အလှန် ဆွေးနွေး ဆောင်ရွက်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071