မြန်မာ့စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဘဏ္ဍာရေးကဏ္ဍ၏ တံ တားတစ်စင်းအဖြစ် ICBC ဘဏ်ကဆောင်ရွက်သွားမည်ဟု ICBC ရန်ကုန်ဘဏ်ခွဲဥက္ကဋ္ဌ Mr. Liu Ming က ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကစီစဥ်၍ ဇွန် ၃၀ ရက်က ရန်ကုန်မြို့၌ကျင်းပရာ တရုတ်သံမှူးကြီး Dr.Zheng Zhihong ၊ ပြန်ကြား ရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ န ဒု-ညွှန်ကြားရေးမှူးချုပ်၊ ICBC ရန်ကုန်ဘဏ်ခွဲ ဥက္ကဋ္ဌ၊ သတင်းမီဒီယာကောင်စီနှင့် တရုတ်-မြန်မာ မီဒီယာများတက်ရောက်ခဲ့ကြသည်။
ထို့ပြင် တရုတ်သံမှူးကြီး Dr.Zheng Zhihong မှလည်း မြန်မာနိုင်ငံနှင့်အတူတကွ ကြိုးပမ်းအား ထုတ်ရန်ဆန္ဒရှိကာ တရုတ်-မြန်မာ အေးအတူပူအ မျှအသိုက်အဝန်းတည်ဆောက်ခြင်းအား နက်ရှိုင်းစွာလက်တွေ့အကောင်အထည်ဖော်ပြီး စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက တရုတ်-မြန်မာဆက်ဆံရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ICBC ရန်ကုန်ဘဏ်ခွဲနှင့် ဆင်ဟွာသတင်းအေဂျင်စီ(ရန်ကုန်ရုံးခွဲ) တို့ကို လေ့လာခဲ့ကြသည်။
