၂၀၂၅ -၂၀၂၆ ဘောလုံးရာသီ မြန်မာအမျိုးသမီးလိဂ်ဘော လုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကစားမည့် YRFC အမျိုး သမီးဘောလုံးအသင်း ကစားသမားများ၏ ပုံရိပ်ကို အသ င်း က တရားဝင် အသိပေးခဲ့ပြီဖြစ်သည်။
YRFC အမျိုးသမီး ဘောလုံးအသင်းသည် မြန်မာအမျိုးသ မီး လိဂ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဝင်ရောက်ယှ ဉ်ပြိုင်မည့် အသင်းတစ်သင်းလည်းဖြစ်သည်။
YRFC အမျိုးသား/အမျိုးသမီး ဘောလုံးအသင်းသည် ရန် ကုန်တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်၏ အောက်တွင် စုဖွဲ့မှုအားကောင်းစွာဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်ပြိုင်ပွဲများမှ လိဂ်ပြိုင်ပွဲများအထိ တက်လှမ်းခဲ့သည့် အသ င်းတစ်သင်းလည်းဖြစ်သည်။
ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၉) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ လက်ရှိချန်ပီယံ ISPE ၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအက်ဖ်စီ၊ မြဝတီ၊ သ စ္စာအားမာန်၊ ရှမ်းယူနိုက်တက်၊ YREO၊ Young Lioness နှင့် အသင်းသစ် Yangon Royals FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
