ဝါရှင်တန်၊ဇွန် ၅
အာဖဂန်နစ္စတန်၊ မြန်မာနှင့်အီရန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ခရီးသွားများကို အမေရိကသို့ပြည်မဝင်ခွင့်တားမြစ်သည့်ကြေငြာချက်ကို အမေရိကန်သမ္မတထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်ဟု အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။
အဆိုပါနိုင်ငံများ၌ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့ပါဝင်သည်။
အခြားနိုင်ငံ ခုနစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ ခရီးသွားများ၏ဝင်ရောက်မှုကိုမူ တစ်စိတ်တစ်ပိုင်း ကန့်သ-တ်မည်ဖြစ်သည်ဟု သိရသည်။
“ကျွန်တော်တို့နိုင်ငံကို အန္တရာယ်ပြုလိုတဲ့ အခုကန့်သတ်ထားတဲ့နိုင်ငံက လူတွေ ကို နိုင်ငံထဲကို ဝင်ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု X လူမှုကွန်ရက်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ထရမ့်ပ်ကပြောကြားခဲ့သည်။
ယခုထုတ်ပြန်သည့်နိုင်ငံများ၏စာရင်းကို ပြန်လည်ပြင်ဆင်နိုင်ခြေရှိသကဲ့သို့ နိုင်ငံအသစ်များကိုလည်း လိုအပ်ပါကထပ်မံထည့်သွင်းနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ယခုထုတ်ပြန်ကြေငြာချက်သည် ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်တွင် စတင်အကျုံးဝင်မည်ဖြစ်ပြီး အဆိုပါနေ့မတိုင်မီကထုတ်ပေးထားသည့် ဗီဇာများကိုမူရု-တ်သိမ်းမည်မဟုတ်ကြောင်းလည်း အမိန့်စာတွင် ဖေါ်ပြထားသည်။
Source : ရိုက်တာ