နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးမျိုးမြင့်မောင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာတော့မည်ဖြစ်ရာ စက်တင်ဘာ ၃ ရက်က နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူ ရာနာ ဒယ်ဘအား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
တွေ့ဆုံစဥ် မြန်မာ-နီပေါနှစ်နိုင်ငံကြား ကောင်းမွန်မှုရှိသော ဆက်ဆံရေးပိုမိုတိုးမြှင့်နိုင်မှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးသည် နီပေါနိုင်ငံအခြေစိုက် ရုရှားနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့အတူ Lumbini Development Trust (LDT) ၏ ဒု-ဥက္ကဋ္ဌ Dr. Lharkyal Lama (Khenpo Chimed) နှင့် နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံး၏ သံရုံးယာယီတာဝန်ခံတို့ကိုလည်း တွေ့ဆုံနှုတ်ဆက်ခဲ့သည်။
