Thursday, January 23, 2025

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး...

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ်...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန်...

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့်...

ဒေသငြိမ်းချမ်းလုံခြုံရေး အာဆီယံပူးပေါင်းဆောင်ရွက်မှု အရေးကြီး

ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော...
HomeNewsLocal Newsမြန်မာရေဘေးသင့်ပြည်သူများကို ကူညီရန် OCHA...

မြန်မာရေဘေးသင့်ပြည်သူများကို ကူညီရန် OCHA နှင့်အတူ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးတို့ ထပ်တိုးရန်ပုံငွေရရှိရေး အားစိုက်ကြိုးပမ်းနေဟု UNOCHA Myanmar ထုတ်ပြန်

မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ရေဘေးကြောင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ရန်ပုံငွေ မလုံလောက်သောကြောင့် OCHA နှင့်အတူ လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး (Humanitarian Coordinator a.i.) တို့ ထပ်တိုးရန်ပုံငွေရရှိရေး အားစိုက်ကြိုးပမ်းလျက်ရှိကြောင်း UNOCHA Myanmar ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး စီမံကိန်း လိုအပ်ချက်၏ (၂၇) ရာခိုင်နှုန်းမျှသာ ရန်ပုံငွေ ရရှိထားရာ မလုံလောက်သောကြောင့် လက်ရှိဆောင်ရွက်နေသည့် ရေဘေးတုံ့ပြန်ရေး လုပ်ငန်းများကို လျင်မြန်စွာ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ထပ်တိုးရန်ပုံငွေများရရှိရေး အားစိုက် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်သည်။

ထို့ပြင် အရေးပေါ် ကယ်ဆယ်ရေး ယာယီ ညှိနှိုင်းရေးမှူး (Emergency Relief Coordinator a.i.) သည် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်နိုင်ရန် အရေးပေါ်တုံ့ပြန်ရေး ဗဟို ရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ (၄)သန်း ခွဲဝေချထားပေးရန် ခွင့်ပြုပေးခဲ့ကြောင်း ဆိုသည်။

မြန်မာနိုင်ငံတဝှမ်း ယာဂီမုန်တိုင်းအရှိန်ကြောင့် လျှပ်တပြက် ရေကြီးပြီး (၁၀)ရက်အကြာ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ (၆၅) မြို့နယ်တွင် နေရပ်စွန့်ခွာသူများ အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း UNOCHA Myanmar က ယနေ့ စက်တင်ဘာ(၂၁)ရက်က ထုတ်ပြန်သည်။

လက်ရှိအချိန်ထိ အသက်ဆုံးရှုံးသူပေါင်း (၃၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရ (၁၀၀) ကျော်ရှိကြောင်းနှင့် ထိခိုက်မှု အကြီးမားဆုံးနေရာများတွင် နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းမြစ်များနှင့် လျှပ်စစ်ဓါတ်အားလိုင်းများ ပျက်စီးမှုများပြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေး ကွန်ယက်များ၊ ကျောင်းများ၊ ပြည်သူ့ ဝန်ဆောင်မှု အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအပြင် ကောက်ပဲသီးနှံနှင့် လယ်မြေများလည်း ထိခိုက်မှုများပြားပြီး၊ အလုံးစုံပျက်စီးခြင်းများလည်း ရှိခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ရေးဘေးသင့် မြို့နယ်များရှိ ပြည်သူများထံ အရေးပါသည့် အထောက်အပံ့များ ပေးအပ်နိုင်ရေး ကနဦး တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံ ဆေးဝါး၊ အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်၊ အမိုးအကာ နှင့် အရေးပေါ် ကြိုတင်ပြင်ဆင်ရေး အသက်ကယ်ပစ္စည်းများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ရေဘေးသင့် ဒေသများရှိ ရေဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်များကို ထိရောက်စွာ တုံ့ပြန် ကူညီပေးနိုင်ရန် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများတွင် ရန်ပုံငွေနှင့် ရေဘေးသင့်ရာ ဒေသများသို့ အကန့်အသတ်မရှိဘဲ သွားလာခွင့်များ ရရှိရန်လည်း အရေးကြီးကြောင်း UNOCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် နည်းပညာနှင့် အတတ်ပညာများကို အမီလိုက်နိုင်ရေး ဆောင်ရွက်ရမည်

တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေး နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့လည်ပိုင်းက တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် (တောင်ညို)သို့သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး မိမိတို့ရုပ်သံထုတ်လွှင့်မှုများ တိုးတက်စေရေးဆောင်ရွက်ရန်၊ Professional ဖြစ်ရန်နှင့် မိမိတို့၏ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်လိုသည်ဟု ပြောသည်။ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်များ အနေဖြင့် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနှင့်ပတ်သက်၍ ပိုမိုတိုးတက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပမှ အခြားရုပ်သံလွှင့်ဌာနများ၏ ရိုက်ကူးထုတ်လွှင့်မှုများကို ကြည့်ရှုလေ့လာ၍ မိမိတို့၏ ရုပ်သံထုတ်လွှင့်မှုများကို တိုးတက်အောင်ဆောင်ရွက်ကြရန်လိုကြောင်း ပြောသည်။ “ယခုခေတ်ဟာ နည်းပညာခေတ်၊ AI ခေတ်ကိုရောက်ရှိနေတာဖြစ်လို့...

အင်ဒို၌ဈေးဝယ်စင်တာမီးလောင်မှုကြောင့် လူ ၉ ဦး‌ေ-သဆုံးခဲ့

ဂျကာတာ၊ဇန်နဝါရီ ၂၂ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဈေးဝယ်စင်တာမီးလောင်မှုကြောင့် ‌ေ-သဆုံးသူ ၉ ဦးအထိရှိလာပြီဖြစ်ကြောင်း မြို့တော်၏သဘာဝဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီကပြောကြားခဲ့သည်။ ဈေးဝယ်စင်တာမီးလောင်မှုအပြီး ခြောက်ရက်အကြာတွင် နောက်ဆုံး‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းအား အဆောက်အအုံ၏ ရှစ်လွှာရှိကာရာအိုခေအခန်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ‌ေ-သဆုံးသူ ၉ ဦးအထိမြင့်တက်လာခြင်းလည်းဖြစ်သည်။ နောက်ဆုံးတွေ့ရှိသည့်‌ေ-သဆုံးသူအား မည်သူမည်ဝါဖော်ထုတ်နိုင်ရေးအတွက် ကျန်‌ေ-သဆုံးသူများနည်းတူ ရဲဆေးရုံသို့ပို့ဆောင်ထားသည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ လူနေထူထပ်သည့် တာမန်ဆရီခရိုင်ခွဲရှိ Glodock ပလာဇာ၌ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က မီးလောင်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ချိန်၌ ပလာဇာထဲတွင် ဈေးဝယ်သူအများအပြားရှိနေကြကာ မီးလောင်ကျွမ်းမှုသည် အဆောက်အအုံ၏ခုနစ်ထပ်နှင့်ရှစ်ထပ်တို့မှစတင်ခြင်းဖြစ်သည်ဟုယူဆကြပြီး သောကြာနေ့မှ မီးကိုအပြီးသတ်ငြှိမ်းနိုင်ခဲ့သည်ဟုလည်းဆိုသည်။ ‌ေ-သဆုံးသူများသည် မည်သူမည်ဝါ ဖြစ်သည်ဟု အတည်ပြုနိုင်ရန် အချိန်အတန်ကြာယူရဦးမည်ဟုလည်း ရဲတပ်ဖွဲ့ကပြောကြားကာ မီးလောင်ရသည့်အကြောင်းအရင်းကို...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန် တပ်ချုပ်မှာကြား

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ၌ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေမှုအား ၎င်းမှ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချမှတ်ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071