မြန်မာပိုက်ကျော်ခြင်းကစားသမား(၂)ဦးကို တရုတ်နိုင် ငံ၊ ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်က ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်အပြည့်အဝထောက်ပံ့မည့်အစီအစဉ်ဖြင့် တက္ကသိုလ်တက်ရောက်နိုင်ရန် အ လုံးစုံတာဝန်ယူမည့် ပညာသင်ဆုပေးအပ်မည်ဖြစ် ကြောင်း သိရသည်။
လျှောက်ထားလိုသည့် မြန်မာပိုက်ကျော်ခြင်းကစားသ မားများအနေဖြင့် G-12 အောင်မြင်ကြောင်း လက်မှတ်/အထောက်အထားရှိရမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းအား ကစားကလပ်တစ်ခုခုတွင် လက်ရှိ ပါဝင်ကစားနေသူ ဖြစ်ရမည်ဖြစ်ကာ ပိုက်ကျော်ခြင်းအားကစားကို ကျွမ်း ကျင်စွာကစားနိုင်သူဖြစ်ရမည်ကြောင်း သိရသည်။
ပညာသင်ဆုရရှိသူများအား တရုတ်နိုင်ငံတွင် ပညာ သင်ကြားနိုင်ရန် တရုတ်ဘာသာစကားကို အဓိကထား ၍ အခြေခံမှစပြီးစနစ်တကျသင်ကြားပေးမည်ဖြစ်ကာ စိတ်ပါဝင်စားသည့်အခြားဘာသာရပ်များကိုလည်း စိတ်ကြိုက်ရွေးချယ်သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုရရှိသူများအား ဘွဲ့ရသည်အထိ ကျောင်းလခနှင့် အဆောင်လခများကိုအပြည့်အဝထောက်ပံ့ပေးခြင်း၊ နေထိုင်စားသောက်မှုအတွက် ထမင်းစရိတ်နှင့် အားကစားဝတ်စုံ/အဝတ်အစား စရိတ်များထောက် ပံ့ခြင်း၊ လျှောက်ထားသူများအနက် မိသားစုနောက်ခံအ ခြေအနေအရ အမှန်တကယ်လိုအပ်ချက်ရှိသော အား ကစားသမားများဖြစ်ပါက အဆင်ပြေချောမွေ့စွာ ပ ညာသင်ကြားနိုင်ရန် အပိုဆောင်းထောက်ပံ့ကြေးငွေကို ထပ်မံဖြည့်စွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်လွှာများအား ဇူလိုင် ၁၀ ရက်နောက် ဆုံးထားပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဦးထင်အောင် ဖုန်း ၀၉ ၉၆၈၂၄၄၂၄၆ နှင့် ဦးထွဋ်ခိုင်နွယ် ဖုန်း ၀၉ ၄၂၁၁၀၉၃၇၅ တို့သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။
