မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်း ယမန်နေ့ ဇွန် (၈) ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာ – ပါကစ္စတန် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ဇွန် (၉) ရက် ညနေ (၄) နာရီခွဲအချိန်တွင် သုဝဏ္ဏကွင်း သတင်းစာရှင်းလင်းပွဲခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး နှစ်ဘက်အသင်းတို့ Official Training ပြုလုပ်သွားမည် ဖြစ်သည်။
ပြိုင်ပွဲကျင်းပရန် (၁) ရက်သာလိုတော့ပြီး ဇွန် (၁၀) ရက် ညနေ (၅)နာရီအချိန်၌ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။
ဓာတ်ပုံ – Pakistan Football Federation