Thursday, May 7, 2026

TikTok က ထိုင်း၌ ဒေါ်လာ...

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က...

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့...

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ...

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...
HomeNewsFootballမြန်မာနောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက်...

မြန်မာနောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက် (ဖ်)စီအသင်း ခေါ်ယူ

မြန်မာ့လက်ရွေးစင် နောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက်(ဖ်)စီ အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင် ဖော်ပြထားသည်။

ဇော်မင်းထွန်းသည် အာဆီယံ ဘောလုံးကလပ်များတွင် ကစားခဲ့သည့် ဝါရင့်နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ဘန်ကောက်အက်(ဖ်)စီ၏ နောက်ခံကစားသမားအဖြစ်ခေါ်ယူခံရခြင်းဖြစ်သည်။

ဘန်ကောက်အက်(ဖ်)စီအသင်းသည် လက်ရှိ ထိုင်းလိဂ်(၂) ၏ အဆင့်ရပ်တည်မှု အဆင့်(၃)နေရာ၌ ရှိနေပြီး တန်းတက်ကစားရန် ရေပန်းစားနေသည့် အသင်းတစ်သင်းလည်းဖြစ်သည်။

ဘန်ကောက်အက်(ဖ်)စီအသင်း၏ နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် (၂)ပွဲအတွင်းနောက်ခံကစားသမား လိုအပ်ချက်များကြောင့် ရှူံးနိမ့်မှုများရှိနေသည့်အတွက် ‌ဇော်မင်းထွန်းကို အသင်း၏ နောက်ခံကစားသမားအဖြစ်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇော်မင်းထွန်းသည် ဘန်ကောက်အက်ဖ်စီသို့ မပြောင်းမီ ထိုင်းနိုင်ငံတွင် ဖူးခက်အသင်း၊ ဆူခိုထိုင်းအက်ဖ်စီ၊ ထရတ်အက်ဖ်စီ၊ နခွန်ပသိုယူနိုက်တက်အသင်းတို့တွင် ကစားခဲ့ဖူးသည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

TikTok က ထိုင်း၌ ဒေါ်လာ ၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မေလ ၆ ရက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော အဓိကစီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ အတည်ပြုချက်များတွင် TikTok ၏ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွဲက ဆောင်ရွက်မည့် ဘတ် ၈၄၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အဦတိုးချဲ့ရေးစီမံကိန်းလည်း ပါဝင်ကြောင်း ဘီအိုအိုင်I ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ “ဒီစီမံကိန်းဟာ...

အီလွန်မတ်စ်၏ xAI ကုမ္ပဏီ က SpaceX နှင့် ပူးပေါင်းမည်

ဆန်ဖရန်စစ္စကို၊ မေလ ၆ ရက် အမေရိကန်လုပ်ငန်းရှင် အီလွန်မတ်စ်က ၎င်း၏ ဉာဏ်ရည်တုနည်းပညာကုမ္ပဏီဖြစ်သော xAI သည် သီးခြားကုမ္ပဏီတစ်ခုအဖြစ် ဆက်လက်လည်ပတ်တော့မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “xAI ကို သီးခြားကုမ္ပဏီအဖြစ်ကနေ ဖျက်သိမ်းသွားမှာဖြစ်ပြီး SpaceXAI အနေနဲ့ပဲ ရှိပါတော့မယ်၊ ဒါဟာ SpaceX ကနေ ထွက်ပေါ်လာမယ့် AI ထုတ်ကုန်တွေ ဖြစ်လာမှာပါ” ဟု xAI ၏ စီးပွားရေးပြန်လည်ဖွဲ့စည်းမှုနှင့် ပတ်သက်သည့် ပို့စ်တစ်ခုကို တုံ့ပြန်ရာတွင် မတ်စ်က လူမှုကွန်ရက် X ပေါ်၌ ရေးသားခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် xAI...

ထိုင်းက ရေနံတင်ပို့မှု ပိတ်ပင်ချက်ကို ရုပ်သိမ်းဖို့ စဉ်းစားနေ

အရန်ရေနံသိုလှောင်ထားနိုင်မှုနှင့် သိုလှောင်မှုများပြားလာခြင်းတို့ကြောင့် သန့်စင်ပြီးရေနံတင်ပို့မှုအပေါ် ပိတ်ပင်ထားမှုကို အာဏာပိုင်များက ရုပ်သိမ်းရန် စဉ်းစားနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင်လုပ်ငန်းဌာန(ဒီအိုအီးဘီ) ညွှန်ကြားရေးမှူးချုပ် ဆာရာဝပ် ကောထာသစ်က ပြောကြားခဲ့သည်။      ပြည်တွင်းရေနံချက်စက်ရုံ ခြောက်ရုံသည် သိုလှောင်ရုံများ၏ သိုလှောင်နိုင်စွမ်းထက်ဝက်နီးပါးကို ဖြည့်သွင်းပြီး လည်ပတ်လျက်ရှိသည်။       ဆက်လက်၍ ပိတ်ပင်ထားပါက ပိုလျှံနေသော သိုလှောင်မှုအတွက်ကုန်ကျစရိတ်များ မြင့်တက်လာနိုင်ကြောင်း မစ္စတာ ဆာရာဝပ်က သတိပေးခဲ့သည်။       ဒီအိုအီးဘီသည် ဂျက်လေယာဉ်လောင်စာဆီတင်ပို့မှုကို ကနဦးခွင့်ပြုသွားမည်ဟု မျှော်လင့်ရသည်။ ခရီးသွားလုပ်ငန်းကျဆင်းခြင်းကြောင့် ကမ္ဘာတစ်ဝန်း လေယာဉ်လောင်စာဆီဝယ်လိုအား နှေးကွေးသွားသော်လည်း သန့်စင်မှုစွမ်းရည်ပိုင်းတွင် အကန့်အသတ်ရှိသောကြောင့် နိုင်ငံများစွာသည် ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။      လောင်စာဆီပြတ်လပ်မှုအပေါ် လူထု၏စိုးရိမ်မှုများကြောင့် မတ်လ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071