Tuesday, February 18, 2025

ယူကရိန်းအရေးအမေရိက-ရုရှား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ တရုတ်နိုင်ငံသည် ယူကရိန်းအရေးအခင်းကို ဖြေရှင်းရန် အမေရိကနှင့် ရုရှားအကြား ဆွေးနွေးမှုများအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ...

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏...

ဆံတော်ရှင် မော်တင်စွန်းစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၁၅)...

ဧရာဝတီတိုင်းဒေသကြီးရှိ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုလအတွင်း (၁၅) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင်...
HomeNewsFootballမြန်မာနေရှင်နယ်လိဂ် -၂ သို့...

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲ ကျင်းပမည်

မြန်မာနေရှင်နယ်လိဂ် -၂ သို့ တန်းတက်ကစားခွင့်ရရှိမည့် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနေရှင်လိဂ်ကော်မတီထံမှ သိရသည်။

ပြိုင်ပွဲကို လာမည့် မတ် (၂၂) ရက်၌ စတင်ကျင်းပသွားမည်ဖြစ်ကာ ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အထက်မြန်မာပြည်/အောက်မြန်မာပြည် Amateur လိဂ်ပြိုင်ပွဲများမှ ကလပ်အသင်းများနှင့် အခြားဝင်ရောက်ယှဉ်ပြိုင်လိုသည့် A mateur ကလပ်အသင်းများ စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ဆိုသည်။

ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းမှုအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၄) ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်သို့ စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။

MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်သည့် ပထမ၊ ဒုတိယရရှိသည့် အသင်းနှစ်သင်းသည် လာမည့် MNL-2 League 2025 အမှတ်ပေးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲမှတဆင့် တန်းတက်ကစားခွင့်ရသည့် အသင်းများအနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ အာရှဘောလုံးအဖွဲ့ချုပ်(AFC)တို့မှ ချမှတ်ထားသည့် ပရော်ဖက်ရှင်နယ်ကလပ် Criteria များ ဖြစ်သည့် FIFA Connect (National Online Registration System), AFC Club Licensing Criteria များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်ဟု ဆိုသည်။

MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် MNL-2 League 2025 သို့ တန်းတက်ကစားခွင့်ရပါက အသင်းအား အဆင့်အတန်းမီစွာ ယှဉ်ပြိုင်နိုင်ရန် လိုအပ်ပြီးရေရှည်ဖွဲ့စည်း ယှဉ်ပြိုင်နိုင်သည့် ဘဏ္ဍာရေးအင်အားတောင့်တင်း ခိုင်မာရန် လိုအပ်သည်ဟုလည်း ဖြည့်စွက်အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းအရေးအမေရိက-ရုရှား ဆွေးနွေးပွဲကို တရုတ်နိုင်ငံက တုံ့ပြန်

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ တရုတ်နိုင်ငံသည် ယူကရိန်းအရေးအခင်းကို ဖြေရှင်းရန် အမေရိကနှင့် ရုရှားအကြား ဆွေးနွေးမှုများအပါအဝင် ငြိမ်းချမ်းရေး ကြိုးပမ်းမှုအားလုံးကို ကြိုဆိုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဂွို ဂျီယာကွန် က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် ပါဝင်သူများနှင့် အကျိုးစီးပွားပါဝင်ပတ်သက်သူ အားလုံးသည် သင့်လျော်သော အချိန်တွင် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်၌ ပါဝင်နိုင်ကြမည်ဟု မျှော်လင့်ကြောင်းလည်း သူက ထပ်မံပြောကြားခဲ့သည်။ ဂွို ဂျီယာကွန်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုကသာ အကျပ်အတည်းများကို ဖြေရှင်းနိုင်သည့်...

ပြင်ပအနှောက်အယှက်ဖိအားများအာဆီယံ ပယ်ချ–မလေးရှား

ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၈ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် ဒေသကို အနှောင့်အယှက်ဖြစ်စေမည့် ပြင်ပဖိအားများကို ပယ်ချကြောင်း မလေးရှား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ တရုတ်ညီလာခံ: အရှေ့တောင်အာရှ ၂၀၂၅  အစည်းအဝေးသို့ အပိတ်မိန့်ခွန်း ပြောကြားရာတွင် ဝန်ကြီး တင်ကူးဇာဖရူး အဗ္ဒူလ် အဇစ် က အာဆီယံ၏ဘက်မလိုက်ဘဲကြားနေမှုကို အလေးပေးပြောကြားခဲ့ပြီး ၎င်းတို့၏စည်းကမ်း နည်းလမ်းများနှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေးကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ ဇာဖရူးက အာဆီယံ သည် စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ၎င်း၏...

လာအို ဝန်ကြီးချုပ် ထိုင်း သွားမည်

လာအိုဝန်ကြီးချုပ် Sonexay Siphandone သည် နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန်အလို့ငှာ ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသိူ့ သွားရောက်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။ ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ တရားဝင် ဖိတ်ကြားချက်အရခဲ့ ခရီးစဉ်အတွက် စိစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ပြောဆိုခဲ့သည်။ ယခုခရီးစဉ်သည် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မစ္စတာ Sonexay ၏ ပထမဆုံး ထိုင်းနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံရေးအပါအဝင် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေမည့် နည်းလမ်းများကို နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးကြမည်ဖြစ်သည်။ ခေါင်းဆောင်များအနေဖြင့် မူ-းယစ်ဆေးဝါး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071