Friday, June 13, 2025

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့်...

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ...

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး...

ငလျင်ဒဏ်သင့် ဒေသများအတွက် ကိုရီးယားနိုင်ငံမှ ဝမ်နှစ်သန်း...

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ကိုရီးယားနိုင်ငံမှ ဝမ်နှစ်သန်း ထပ်မံလှူဒါန်းကြောင်း ဆိုးလ်မြို့ရှိ၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတွင် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့်...
HomeNewsLocal Newsမြန်မာနေရှင်နယ်လိဂ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်အသင်း...

မြန်မာနေရှင်နယ်လိဂ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်အသင်း ကစားသမားသစ်များရွေးချယ်

မြန်မာနေရှင်နယ်လိဂ်(၁)၏ ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် ကစားသမားသစ်များအား ဇန်နဝါရီ ၁၀ ရက်(ယနေ့)မှစတင်၍ ရွေးချယ်လျက်ရှိသည်။

ရခိုင်ယူနိုက်တက်အသင်းအတွက် ကစားသမားသစ်ရွေးချယ်ခြင်းအား ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ဗဟန်းမြို့နယ်ရှိ ဗဟန်းမြက်ခင်းတုကွင်း၌ ရွေးချယ်လျက်ရှိခြင်းဖြစ်ကာ ယနေ့ ကစားသမားသစ်ရွေးချယ်ပွဲသို့ ဘောလုံးကစားသမား ၅၀ ဦးခန့်လာရောက်ရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်(၁)၏ ၂၀၂၃ ဘောလုံးရာသီသစ်အား ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ၃/၂၀၂၂ ဆုံးဖြတ်ချက်အရ သိရသည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်(၂)ပြိုင်ပွဲအား ဖေဖော်ဝါရီလကုန်နှင့်အမျိုးသမီးလိဂ်ပြိုင်ပွဲအား ဇူလိုင် ၂၀ ရက်မှစတင်၍ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၏ မြန်မာနေရှင်နယ်လိဂ်(၁)တွင် ရှမ်းယူနိုက်တက်အသင်းသည် ရှုံးပွဲမရှိဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိအချိန်၌ ၂၀၂၃ ဘောလုံးရာသီတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် ဘောလုံးကလပ်အသင်းများမှာ ကစားသမားသစ်များကို အပြိုင်အဆိုင်ခေါ်ယူလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အုပ်စုနောက်ဆုံးပွဲစဉ် တီမောအသင်းကို (၇)နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူခဲ့သည့် မြန်မာအမျိုးသမီး ယူ – ၁၉ အသင်း

အာဆီယံ ယူ - ၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်ကို ယနေ့ ဇွန်လ(၁၃) ရက်၌ တီမော - မြန်မာ လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက တီမောအသင်းကို (၇) ဂိုးပြတ်ဖြင့် အနိုင်ရယူခဲ့သည်။ ယနေ့ ပထမပွဲချိန်အတွင်း သွင်းဂိုး (၅) ဂိုးအထိ ဦးဆောင်သွင်းယူနိုင်ခဲ့ပြီးနောက် ဒုတိယပိုင်းပွဲချိန်အတွင်းနောက်ထပ် သွင်းဂိုး (၂) ဂိုးထပ်မံသွင်းယူခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်အတွင်း ဗီယက်နမ်အသင်းအား (၂) ဂိုးပြတ်ဖြင့် ရှူံးနိမ့်ထားသလို အုပ်စုအဆင့် ဒုတိယပွဲစဉ်၌...

အစ္စရေး၏ တိုက်ခိုက်မှုအပြီး လေကြောင်းခရီးစဉ်များ လမ်းကြောင်းပြောင်းနေရကာ ဝေဟင်ပိုင်နက် ပိတ်ပင်ခြင်းများ ဖြစ်ပေါ်

အစ္စရေးက အီရန်နိုင်ငံရှိ ပစ်မှတ်များကို စတင်တိုက်ခိုက်လိုက်ပြီးနောက် လေကြောင်းလိုင်းများသည် သောကြာနေ့အစောပိုင်းတွင် အစ္စရေး၊ အီရန်နှင့် အီရတ်နိုင်ငံ ဝေဟင်ပိုင်နက်များကို ရှောင်ရှားခဲ့ကြသည်ဟု Flightradar24 အချက်အလက်များက ဖော်ပြခဲ့ပြီး ခရီးသည်တင်လေကြောင်းလိုင်းများသည် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ဘေးကင်းရေးအလို့ငှာ လမ်းကြောင်းပြောင်းခြင်းနှင့် ခရီးစဉ်ဖျက်သိမ်းခြင်းများ ကတိုက်ကရိုက်လုပ်ဆောင်နေကြကြောင်း သိရသည်။ ကမ္ဘာတစ်ဝှမ်း တိုးပွားလာသော ပဋိပက္ခဇုန်များကြောင့် လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုများနှင့် အမြတ်အစွန်းရရှိမှုအပိုင်းတွင် ပိုမိုဝန်ပိလာပြီး ဘေးကင်းလုံခြုံမှုအပိုင်းတွင်လည်း ပို၍စိုးရိမ်စရာဖြစ်လာသည်။ လေကြောင်းအန္တရာယ် အတိုင်ပင်ခံလုပ်ငန်း Osprey Flight Solution ၏ အဆိုအရ ၂၀၀၁ ခုနှစ်မှစကာ ကူးသန်းရောင်းဝယ်ရေးလေယာဉ်...

အီရန်နှင့် အစ္စရေးရောက်နိုင်ငံသားများကို တရုတ် သတိပေး

အစ္စရေးနှင့် အီရန်နိုင်ငံတို့တွင် ရှုပ်ထွေးပြီး ပြင်းထန်သော လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် ယင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ၎င်းတို့နိုင်ငံသားများကို တရုတ်က သောကြာနေ့တွင် အကြံပြု သတိ‌ပေးချက်များကိုထုတ်ပြန်ခဲ့ပြီး အစ္စရေးရောက် တရုတ်နိုင်ငံသားများအနေဖြင့် ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်နိုင်‌ခြေအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည်။ “မြေပြင်လုံခြုံရေးအခြေအနေက ရှုပ်ထွေးပြီး ပြင်းထန်” ခြင်းကြောင့် နိုင်ငံသားများအနေဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ကိုကောင်းမွန်စွာလုပ်ဆောင်ထားရန် စစ်စခန်းများ၊ ထိရှလွယ် သောနေရာဌာနများဝန်းကျင်ကို မလိုအပ်ဘဲ မသွားရောက်ကြရန် အစ္စရေးရှိ တရုတ်သံရုံးက တိုက်တွန်းထားသည်။ “စိတ်အေးအေးထားပါ၊ သတိရှိပါ” ဟု သံရုံး၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071