Thursday, May 14, 2026

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃)...

မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ

မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းအရ (၅၁ ဒသမ ၃)သန်းကျော်ရှိကြောင်း ဒီဇင်ဘာ ၃၁ ရက်ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ(MICC-2)၌ကျင်းပခဲ့သည်။

အခမ်းအနား ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အခြားလူဦးရေစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းလုပ်ငန်းများနှင့်မတူဘဲ အချိန်ကာလကြာမြင့်စွာ၊ ဘဏ္ဍာငွေများစွာဖြင့် စနစ်တကျစီမံဆောင်ရွက်ရသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ပင်မအစီရင်ခံစာကို အသေးစိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်း/ပြည်နယ်အလိုက်အစီရင်ခံစာများ၊ ဘာသာရပ်အလိုက် သုတေသနစာတမ်းများကိုလည်း ဆက်လက်ပြုစု၍အဆင့်ဆင့်ထုတ်ပြန်သွားမည်ဖြစ်ကာ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးနှင့်လမ်းပန်း ဆက်သွယ်ရေးအခြေအနေများကြောင့် တစ်စိတ်တစ်ဒေသသာကောက်ယူနိုင်သည့် မြို့နယ်များရှိသကဲ့သို့ လုံးဝမကောက်ယူနိုင်သည့် မြို့နယ်များလည်းရှိသည်ဟု ပြောသည်။

” မကောက်ယူနိုင်တဲ့ ဒေသတွေမှာရှိတဲ့ လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာအကြံပေးရဲ့ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်းတွေကိုအသုံးပြုပြီး ခန့်မှန်းလူဦးရေစာရင်းကို တွက်ချက်ထားတာဘဲဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ(၅၁၃၁၆၇၅၆)ဦးဖြစ်ကာ စာရင်း၌ သန်းခေါင်စာရင်းကောက်ယူရရှိသည့်လူဦးရေ(၃၂၁၉၁၄၀၇)ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့်ဒေသများ၏ ခန့်မှန်းလူဦးရေမှာ (၁၉၁၂၅၃၄၉)ဦးတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စာရင်းအရ အမျိုးသား(၄၆ ဒဿမ ၉) ရာခိုင်နှုန်း၊ အမျိုးသမီး (၅၃ ဒဿမ ၁)ရာခိုင်နှုန်းဖြစ်ကာ လူဦးရေအချိုးတွင် ရန်ကုန်တိုင်းတွင် (၁၄ ဒဿမ ၄)ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင်(၀ ဒဿမ ၆)ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်”...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အိန္ဒိယလူမျိုးဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ သည် စိတ်ပိုင်းဆိုင်မြှင့်တင်ပေးသည့် ဒသနဆရာ၊ လူသားချင်းစာနာထောက်ထားရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် လူသိများသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဂုရုကြီး၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ရက်များခွဲကာ စည်ကားသိုက်မြိုက်စွာ နိုင်ငံအလိုက်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071