Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...

Seamild အမှတ်တံဆိပ် အုတ်ဂျုံမှုန့်ပုံး(၁၀၀)အား နိုင်ငံခြားရေးဝန်ကြီးဌာနက...

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ကွမ်ရှီးဒေသ၊ ကွေ့လင်မြို့ရှိ မြန်မာနိုင်ငံမှ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ချီရှားကျောင်းတိုက်ဆရာတော် Ven. Qianze ၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် Guangxi Hezhou SEAMILD...
HomeNewsLocal Newsမြန်မာနိုင်ငံ၌အခါကြီး ရက်ကြီးများတွင် ဖောက်ခွဲတိုက်ခိုက်မှုများ...

မြန်မာနိုင်ငံ၌အခါကြီး ရက်ကြီးများတွင် ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်လာနိုင်‌ကြောင်း အမေရိကန်သံရုံးသတိပေး၊မသင်္ကာစရာတွေ့က ရဲနှင့် လုံခြုံရေး များထံ အကြောင်းကြားရန် အမေရိကန်သံရုံးထုတ်ပြန်

ဒီဇင်ဘာ (၂၃) ရက်က ထုတ်ပြန်ခဲ့သည့် သံရုံး၏ ထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ရှိ ရှန်ဂရီလာ(Shangri-la) ၊ Lotte ဟိုတယ် အပါအဝင် နိုင်ငံခြားသားအများစုဝင်ထွက်သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ ၊ ဘားများနှင့် လူစည်ကားရာ နေရာများတွင် ပေါက်ကွဲမှုများ ၊ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အတွက် အဆိုပါနေရာများသို့ မသွားကြရန် ၎င်းတို့၏ သံရုံးဝန်ထမ်းများအပါအဝင် ပြည်သူလူထုကို အ​မေရိကန်သံရုံးက အသိ​ပေးထားသည်။

အခါကြီးရက်ကြီး အခမ်းအနားများနှင့် ပွဲလမ်းသဘင်များတွင် ဖြစ်ပွားနိုင်ခြေများသည့်အတွက် သင်္ကာမကင်းဖြစ်စရာ အခြေအနေ သို့မဟုတ် အရေးပေါ် အခြေအနေများတွင် ရဲတပ်ဖွဲ့များနှင့် လုံခြုံရေး တာဝန်ရှိသူများထံ သတင်း ပို့အကြောင်းကြားကြရန်လည်း အမေရိကန် သံရုံးက တိုက်တွန်းထားသည်။

အမေရိကန် သံရုံးသည် အကြမ်းဖက် ဖြစ်နိုင်သည့် သတင်းများကိုလည်းဆက်လက် စောင့်ကြည့်​ပေး​နေမည်ဖြစ်​ကြောင်း နှင့် အရေးပေါ်အခြေအနေမျိုးတွင် သတိပြုနေထိုင်ရန်များကိုလည်း အသိ​ပေးထားသည်။၄င်းတို့မှာ

ဒေသဆိုင်ရာ အာဏာပိုင်များ၏ လမ်းညွှန်ချက်ကို လိုက်နာပါ။

သံသယဖြစ်ဖွယ် သို့မဟုတ် အန္တရာယ်ရှိနိုင်သည်ဟု သင်္ကာမကင်း ဖြစ်ပါက ဘေးကင်းရာ ပြောင်းရွှေ့ပြီး အုပ်ချုပ်​ရေးအဖွဲ့များသို့ သတင်းပို့ပါ။

ပြည်တွင်းပြည်ပသတင်းများနှင့် ဆိုရှယ်မီဒီယာသတင်းလိုင်းများကို ပုံမှန်စောင့်ကြည့်ပါ။

ခရီးသွားရာတွင်လိုအပ်သည့်စာရွက်စာတမ်းများပြင်ဆင်ထားပါ။ COVID ကာကွယ်ဆေးထိုးပြီး​ကြောင်းလက်မှတ်​ဆောင်ထားပါ။

မိမိ၏ လုံခြုံရေး အစီအစဉ်များကို ပြန်လည်သုံးသပ်ပြီး (US နိုင်ငံသားများအ​နေဖြင့်US အစိုးရ၏ အကူအညီကို အားမကိုးသော) အရေးပေါ် အခြေအနေ အစီအစဉ်ကိုဆွဲထားပါ ဟူ၍ဖြစ်သည်။

Source:https://mm.usembassy.gov/security

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ် ထိပ်သီးအစည်းအဝေးတက်ရောက်မည်

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက် နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။ လီသည် မေလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ အာဆီယံ-ဂျီစီစီ (ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ)-တရုပ် ထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်၏ ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း ကိုလည်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၇၅ နှစ်ကြာ သမိုင်းဝင်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ မေ ၂၂ ရက်နံနက်ပိုင်းက မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆွေးနွေးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိ-မ်လ-ည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြာရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် မြဝတီမြို့သို့...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပ

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း နိုင်ငံပိုင် နေ့စဉ် သတင်းစာ နှစ်စောင်တွင် ဖော်ပြထားသည်။ ဖွင့်ပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုများကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံ၏ ဒေသတွင်း ချိတ်ဆက်မှု ရည်မှန်းချက်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071