Monday, February 2, 2026

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု...

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည်...

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့်...

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂...

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့်...

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း...
HomeNewsမြန်မာနိုင်ငံအီလက်ထရွန်းနစ်အားကစားအဖွဲ့ချုပ်မှကြီးမှုးကျင်းပတဲ့ Myanmar Esport...

မြန်မာနိုင်ငံအီလက်ထရွန်းနစ်အားကစားအဖွဲ့ချုပ်
မှကြီးမှုးကျင်းပတဲ့ Myanmar Esport Summit 2024 ပွဲအခမ်းအနား

မြန်မာနိုင်ငံအီလက်ထရွန်းနစ်အားကစားအဖွဲ့ချုပ်
( MESF) မှကြီးမှုးကျင်းပတဲ့ Myanmar Esport Summit 2024 ပွဲအခမ်းအနားကို မတ်လ၇ရက်နေ့ ညနေ၄ နာရီက Pan Pacific Hotel မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ၂၀၂၄ ခုနှစ်အတွင်း Esports Community အရှိန်အဟုန်ဖြင့် တိုးတက်ရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျလုပ်ဆောင်သွားမယ့် National Development Plan အားရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်အားကစားသမားများEsports ဝါသနာရှင်များနဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီကြီးများ ၊ရှယ်ယာရှင်များ ၊လုပ်ငန်းခေါင်းဆောင်များတက်ရောက်ခဲ့ကြပါတယ်။

မြန်မာ့ Esports Community ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကာ
မြန်မာအီလက်ထရွန်နစ်အားကစားအဖွဲ့ချုပ်မှ
National Development Plan အနေနဲ့ မြန်မာနိုင်ငံရဲ့ Esports Community အရှိန်အဟုန်ဖြင့် တိုးတက်ရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးစတဲ့ရည်ရွယ်ချက်နဲ့ စီစဥ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။

မြန်မာ Esport ဟာ မြန်မာကိုယ်စားပြုအသင်းအနေနဲ့ ၂၀၂၃ ခုနှစ်မှာကျင်းပပြုလုပ်တဲ့ ၃၂ ကြိမ်မြောက် ကမ္ဘောဒီးယား Sea Games မှာ Mobile Legend Game Title နဲ့ ကြေးတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ကာမြန်မာနိုင်ငံ ရှိ Esports Community ဟာ ယနေ့အချိန်မှာ ဂိမ်းကစားသူအရေအတွက် စုစုပေါင်း ၁၄ သန်းနဲ့ နေ့စဥ် ပျမ်းမျှ ကစားသမားအရေအတွက်ဟာ ၆.၅သန်းခန့်ရှိပြီး ဆက်လက်တိုးမြင့်နိုင်ချေ များစွာရှိကြောင်းသိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် စာသင်ကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲ ကျောင်းသားငယ်(၂)ဦးဒဏ်ရာရခဲ့မှု ဖားကန့်တွင်ဖြစ် ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်းသို့ အကြမ်းဖက်အဖွဲ့ဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နံနက်ပိုင်းက လက် နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ လက် နက်ကြီးကျည်များသည် အခြေခံပညာအထက်တန်း ကျောင်း(ဖားကန့်)အဆောက်အအုံနှင့် အနီးဝန်းကျင်၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် Grade-4 တွင်ပညာသင်ကြားနေသော ကလေးငယ်(၂)ဦးမှာ ဗုံးစထိမှန်ဒဏ်ရာများရရှိပြီး စာသင်ဆောင်အဆောက်အအုံများပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကျောင်း သားကလေးငယ်(၂)ဦးကို တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေးကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီးတို့တွေ့ဆုံလျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းများကိုဆွေးနွေး

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းနှင့် ရုရှားနိုင်ငံ၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒု-ဝန်ကြီး H.E. Mr. Petr KONYUSHENKO တို့ ယနေ့ ဖေဖော်ဝါရီ ၂ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကြား လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်၊ တာဝန်ရှိသူ များ၊ ရုရှားနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို လက်မှတ်ရေးထိုး

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအစီအစဥ်ကို ယနေ့ ဖေဖော်ဝါရီ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်အား နှစ်နိုင်ငံ ဒု-ကာကွယ်ရေးဝန် ကြီးများဖြစ်သည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov တို့ကရေးထိုးလဲလှယ်ခဲ့ကြသည်။ ထို့ပြင် ရုရှားနိုင်ငံ၊ ဒု-ကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov သည် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်လည်းတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနများကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်ကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071