Saturday, August 1, 2026

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀...

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG)...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends:...
HomeNewsLocal Newsမြန်မာနိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး စတင်ပြင်ဆင်၊...

မြန်မာနိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး စတင်ပြင်ဆင်၊ အာကာသနည်းပညာကို နိုင်ငံ့ဖွံ့ဖြိုးရေး၌ လက်တွေ့အသုံးချမည်

နေပြည်တော်၊ ဩဂုတ် ၁

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လွှတ်တင်နိုင်ရေးအတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် အာကာသနည်းပညာကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို လိုအပ်သည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များပေးအပ်၍ ဖွဲ့စည်းတာဝန်ပေးထားကြောင်း သိရသည်။

မြန်မာအာကာသအေဂျင်စီအနေဖြင့် အာကာသပြတိုက်ဖွင့်လှစ်ခြင်း၊ လူငယ်များအတွက် အာကာသဆိုင်ရာပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် လူထုပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့မှသည် ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း တည်ဆောက်ခြင်းအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဂြိုဟ်တုမှရရှိသည့် အချက်အလက်များနှင့် ဉာဏ်ရည်တုနည်းပညာ (AI) တို့ကို ပေါင်းစပ်၍ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊ မြေအသုံးချမှုစီမံခန့်ခွဲရေးနှင့် အခြားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး တရုတ်၊ အိန္ဒိယနှင့် ဘယ်လာရုစ်နိုင်ငံတို့အပါအဝင် နိုင်ငံတကာအာကာသအဖွဲ့အစည်းများနှင့်လည်း အာကာသနည်းပညာကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ လွှတ်တင်နိုင်ရေးအပြင် Nano Satellite နှင့် Micro Satellite များကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းတည်ဆောက်လွှတ်တင်သွားရန် စီစဉ်ထားသည်။

အလားတူ မြန်မာနိုင်ငံသားများ အာကာသခရီးစဉ်၌ ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့်ပူးပေါင်း၍ အာကာသယာဉ်မှူးလောင်းများ စိစစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အနာဂတ်တွင် မြန်မာနိုင်ငံသား အာကာသယာဉ်မှူးတစ်ဦး နိုင်ငံတကာအာကာသစခန်း၌ တာဝန်ထမ်းဆောင်နိုင်ခြင်းသည် နိုင်ငံနှင့် နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ် သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာမည်ဟု ဆိုသည်။

အာကာသနည်းပညာကဏ္ဍသည် ကုန်ကျစရိတ်များပြားပြီး အချိန်ယူအကောင်အထည်ဖော်ရသည့် ကဏ္ဍဖြစ်သော်လည်း နိုင်ငံ၏ရေရှည်အနာဂတ်အတွက် မဖြစ်မနေရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း၊ ပြည်တွင်းနည်းပညာအခြေခံနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ကာ နိုင်ငံတကာမိတ်ဖက်များနှင့် လက်တွဲ၍ မြန်မာနိုင်ငံ၏ အာကာသနည်းပညာဆိုင်ရာ ရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသားများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားရေးနှင့်အတူ...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး သူ သွားရောက်မည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။       အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဉ် ပရာဘိုဝိုက ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။       အင်ဒိုနီးရှားသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအားလုံးနှင့် တန်းတူညီမျှ ကောင်းမွန်သော ဆက်ဆံရေးထားရှိကြောင်း ပရာဘိုဝိုက ပြောကြားရင်း ဧပြီလအတွင်း ဆိုးလ်သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။     အင်ဒိုနီးရှားကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071