Monday, June 9, 2025

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့...

Prefabricated Modular House များတွင်...

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည်...

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ်...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုအခြေခံကျသည့်မူဝါဒအဖြစ် ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကျင်းပသည့်...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် အနုမြူစွမ်းအင်သုံးကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက်...

မြန်မာနိုင်ငံတွင် အနုမြူစွမ်းအင်သုံးကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း နစက ဒု – ဥက္ကဋ္ဌ‌ပြော

ရန်ကုန်တိုင်းအတွင်းရှိ အသေးစားအငယ်စားနှင့် အလ တ်စား စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းအ စိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှ ဒီဇင် ဘာ ၂၈ ရက်နံနက်ပိုင်းက တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြ စ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေပြီး နိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအ ခြေအနေအရ လုံလောက်မှုမရှိသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတော်မှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရန် ရေအားလျှပ် စစ်၊ ဆိုလာစနစ်မှစ၍ အနုမြူစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအထိ စီမံဆောင်ရွ က်လျက်ရှိသည်ဟု ဆိုသည်။

“လတ်တလောအခြေအနေအရ လျှပ်စစ်ဓတ်အားမရှိရင် ကုန်ထုတ်လုပ်မှုကိုလည်းဆောင်ရွက်နိုင်မှာမဟုတ်ပါဘူး” ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ အနေဖြင့်လည်း တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့ဖြစ်စေ ဆိုလာစနစ်၊လေအားလျှပ် စစ်နှင့်ဒီဇယ်သုံးလျှပ်စစ်ဓတ်အားများကို တစ်ပိုင်တစ်နိုင်စီမံဆောင်ရွက်ရန်နှင့် လိုအပ်ချက်များကို ဖွဲ့စည်းထားပြီး အေဂျင်စီမှ ညှိနှိုင်းပေးရန်လိုသည်ဟု မှာကြားခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့အား နိုင်ငံတော်ဝန်ကြီးချုပ်မှ နိုင်ငံ ၏ စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ နိုင်ငံ တော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက ဒေါက်တိုင်အဖြစ် ကြိုးပမ်းရန်လိုသည်ဟု မှာကြားခဲ့သည်။

“အဲဒီလို ဆောင်ရွက်နိုင်ဖို့ တစ်ဦးတစ်ယောက်ထဲနဲ့ဆောင် ရွက်လို့မရနိုင်ပါဘူး။ လူတန်းစားအလွှာ အသီးသီးအား လုံးပူးပေါင်း ဆောင်ရွက်သွားကြဖို့ လိုပါတယ်” ဟု နစက ဒု-ဥက္ကဋ္ဌကမှာ ကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပုသိမ်သွားကားလမ်းမကြီးတိုးချဲ့ရာ၌မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်မည်

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နှင့်လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်များအတွင်းရှိ ရန်ကုန်-ပုသိမ်သွား(အမှတ်- ၅)လမ်းမကြီးတစ် လျှောက် လမ်းတိုးချဲ့ရာတွင်မလွတ်ကင်းသောဓာတ်အားလိုင်းများကို ရွှေ့ပြောင်းသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန်စီစဥ်လျက်ရှိခြင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ယနေ့ ဇွန် ၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ရန်ကုန်-ပုသိမ်သွားကားလမ်းတိုးချဲ့ရာ၌ မလွတ် ကင်းသော ၁၁ ကေဗွီ မြို့တွင်းလိုင်းဟောင်းဖီဒါနှင့်စက်မှုဇုန်(၄)တိုးချဲ့ဖီဒါတို့အား မင်းကြီးမဟာမင်းခေါင်လမ်းအတိုင်းပြောင်းရွှေ့တည်ဆောက်မည့်လမ်းအူကြောင်းတစ်လျှောက်အခြေအနေ၊ ၃၃ ကေဗွီ လှိုင်သာသာယာ-နဝဒေးဖီဒါနှင့်ရွှေသံလွင်ဖီဒါ နှစ်ထပ်ဓာတ်အားလိုင်းရွှေ့ပြောင်းတည်ဆောက်ရန်ရွှေသံလွင်စက်မှုဇုန်နှင့်ရွှေကမ်းသာယာအိမ်ရာအ တွင်းရှိဓာတ်အားလိုင်းအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် လှိုင်သာယာစက်မှုဇုန်(၁၊၂၊၃၊၄)၊ ရွှေသံလွင်စက်မှုဇုန်၊ အနော်ရထာစက်မှုဇုန်နှင့် မြစိမ်းရောင်စက်မှုဇုန်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၃၃ ကေဗွီဓာတ်အားလိုင်းများ၊ ၃၃/၁၁...

Prefabricated Modular House များတွင် ငလျင်ဒဏ်သင့်ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိ

မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သည့် နေပြည်တော်ရှိ ဝန်ကြီးဌာနအချို့မှ ဝန်ထမ်းလိုင်းခန်းများပျက်စီးမှုအချို့ကြောင့် တာဝန်ရှိသူများက ယာယီဘာရှာလိုင်းခန်းများနှင့် Prefabricated Modular House များကိုတပ်ဆင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ဇဗ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းရုံးနေရာ၌ တည်ဆောက်ပြီးစီးခဲ့သော Prefabricated Modular House များနှင့် ယာယီဘာရှာလိုင်းခန်းများတွင် ဝန်ထမ်းများပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီး ဌာနပိုင်မြေနေရာတွင် ပြည်ထောင်စုဝန်ကြီးရုံး၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ငလျင်ဒဏ်သင့်ဝန်ထမ်းများနေ ထိုင်ရန် Prefabricated Modular House များကို တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်ပြီးစီးခဲ့သည့် ယာယီဘာရှာလိုင်းခန်းများတွင်လည်း ပြောင်းရွှေ့နေထိုင်လျက်ရှိကာ ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ...

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီး ပွားရေးစင်္ကြံစီမံကိန်းများသည် နှစ်နိုင်ငံပြည်သူများအတွက် အခွင့်အလမ်းကောင်းများရရှိစေနိုင်မည်

တရုတ်နိုင်ငံမှဖော်ဆောင်လျက်ရှိသည့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတို့နှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇွန် ၈ ရက်ကကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနား၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင်ရှိနေသဖြင့် ယင်းစီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်းပေါင်းများစွာရရှိစေနိုင်လိမ့်မည်ကို ယုံကြည်သည်ဟု ပြောသည်။ ထို့ပြင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်းတစ်လျှောက်ရှိ မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်နိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071