Saturday, September 19, 2026

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅...

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းနှင့် ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုး ရေးနှင့် စားနပ်ရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Ivan...
HomeNewsLocal Newsမြန်မာနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် တရုတ်နိုင်ငံသားများကို...

မြန်မာနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် တရုတ်နိုင်ငံသားများကို ကယ်ဆယ်နိုင်ရေး နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအတွင်း တရားမဝင်လမ်းကြောင်းများမှတဆင့် ဝင်ရောက်ကာ အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကူညီကယ်တင်ပေးရန် မေတ္တာရပ်ခံထားသည့် တရုတ်နိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တရုတ်ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီးတို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia (မစ္စမာကျား) နှင့် တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi (မစ္စတာလျိုကျုံးရီ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ဖေဖော်ဝါရီ (၁၄) ရက်က နေပြည်တော်၊ ရုံးအမှတ် (၁၀) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကိစ္စရပ်များ၊ အွန်လိုင်းလိ-မ်လည်မှု တားဆီးနှိမ်နင်းရေး အခြေ အနေများ၊ မြန်မာနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေရသဖြင့် ကူညီကယ်တင်ပေးရန် မေတ္တာရပ်ခံထားသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်သည့် အခြေအနေနှင့် ၎င်းတို့အား ကူညီကယ်တင်/လွှဲပြောင်းနိုင်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင် လွှဲပြောင်းမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာသို့ မျှဝေပြောကြားခဲ့မှုအခြေအနေများ၊ ကရင်ပြည်နယ် မြဝတီနယ်မြေအတွင်း တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်နိုင်ရေး ဆောင်ရွက်နေမှုများကို လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း တရားမဝင် အွန်လိုင်းအသုံးပြုလိ-မ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းလုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခဲ့သည့် အခြေအနေများ၊ တရုတ်နိုင်ငံမှ အလိုရှိသော တရားခံပြေးများနှင့်ပတ်သက်၍ ဖမ်းဆီးရမိမှုနှင့် ပြန်လည်လွှဲပြောင်းပေးနိုင်မှု အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီဒေသရှိ အွန်လိုင်းအသုံးပြုလိ-မ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေး တရုတ်-မြန်မာ-ထိုင်း (၃) နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာန (၂) ခုအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသိုတွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့်အတူ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျိုက္ခမီမြို့လုံးကျွတ် ပျားရည်ဆွမ်းလောင်းလှူပွဲ စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်

မွန်ပြည်နယ်၊ ကျိုက္ခမီမြို့တွင် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် ပျားရည်ဆွမ်းများ လောင်းလှူပူဇော်ပွဲကို လာမည့် စက်တင်ဘာ ၂၅ ရက် ညနေ ၄နာရီတွင် ကျင်း ပသွားမည်ဖြစ်ကြောင်း ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွမ်းလောင်းလှူပွဲကို ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာခန်းမဆောင်ကြီးမှ စတင်၍ မြို့လယ်ကျောက်တိုင်အနီးရှိ ဦးရေဝတလမ်းဝအထိ ကျင်း ပသွားမည်ဖြစ်သည်။ အဆိုပါဆွမ်းလောင်းလှူပွဲသို့ ကျိုက္ခမီမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၅၈ ကျောင်းမှ ဝါဆိုရဟန်းသံဃာတော် ၂၉၀ ပါး၊ ဝါဆိုရှင်သာမဏေ ၁၉၂ ပါးနှင့် သီလရှင် ၁၄ ပါး၊ စုစုပေါင်း ၄၉၆...

သီပေါတွင် ရိုးရာယဉ်ကျေးမှုပွဲများ ယခုနှစ်မှစ၍ ပြန်လည်ကျင်းပမည်

သီပေါမြို့နယ်၏ လူမှုဘဝပြန်လည်တိုးတက်လာစေရေးနှင့် ဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးအတွက် ရိုးရာယဉ်ကျေးမှုပွဲလမ်းသဘင်များကို ယခုနှစ်မှစတင်၍ သင့်လျော်သည့်ပုံစံဖြင့် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ဆိုသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးစိုင်းကောင်းသက်စံနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ရိုးရာပွဲလမ်းသဘင်များ ပြန်လည်ကျင်းပခြင်းမှတစ်ဆင့် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနှင့် လူမှုဘဝပြန်လည်တက်ကြွလာရေးတို့ကို ရည်ရွယ်ထားကြောင်း ဆိုထားသည်။ အဆိုပါကိစ္စအပါအဝင် သီပေါမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် လျှပ် စစ်ဓာတ်အား ပြန်လည်ရရှိရေး၊ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့်...

ဖလမ်းမြို့သို့ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ (၂၁)ရာခိုင်နှုန်းကျော်ရှိလာ

တပ်မတော်က ချင်းပြည်နယ်၊ ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ စစ်ဘေးရှောင်များအဖြစ်တိမ်းရှောင်နေကြရသော ဖလမ်းဒေသခံများမှာနေရပ်များသို့ မေ ၆ ရက်မှစတင်၍ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်လာလျက်ရှိရာ စက်တင်ဘာ ၁၇ ရက်တွင်လည်း ပြန်လည်ဝင်ရောက်လာသော ဒေသခံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်နှင့် တာဝန်ရှိသူများက ကျင်မွာလ်ရပ်ကွက်ရှိ လွတ်လပ်ရေးစေတီ၌ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်က နေ ရပ်ပြန်ဒေသခံ(၁၁၁)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူ များ၊ ဝန်ထမ်းများကအချက်အလက်ကောက်ယူမှုကိုကြည့်ရှုအားပေးပြီး ဒေသခံများကိုထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ စစ်ဘေးရှောင်များအဖြစ်တိမ်း ရှောင်နေရသော ဖလမ်းမြို့ပေါ်လူဦးရေ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071