မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဂီတအနုပညာရှင်များကို ဆန်၊ ဆီ၊ ဆား ထောက်ပံ့ကူညီရေးအစီအစဥ်ပြုလုပ်မည်
မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဂီတအနုပညာရှင်အလွှာအသီးသီးကို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား ထောက်ပံ့ကူညီရေးအစီအစဥ်တစ်ခုကို လာမယ့်ဇန်နဝါရီလထဲမှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။
လာရောက်ထုတ်ယူနိုင်မယ့်နေ့ရက်တွေကို ဂီတအလွှာအသီးသီးအလိုက် ၄ ရက်ခွဲကာထုတ်ယူနိုင်ရန်စီစဥ်ထားပြီး မဟာဂီတပညာရှင်တွေအနေနဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာထုတ်ယူနိုင်မှာဖြစ်ကာ ကာလပေါ်ဂီတပညာရှင်တွေကတော့ ဇန်နဝါရီလ ၆ရက်နေ့မှာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
စတီရီယိုဂီတပညာရှင်တွေအနေနဲ့ ဇန်နဝါရီလ ၇ရက်နေ့မှာ ထုတ်ယူနိုင်မှာဖြစ်ပြီး ထုတ်လုပ်ရေးနဲ့ စက်မှုအလွှာတွေအတွက်ကိုတော့ ဇန်နဝါရီလ ၁၀ရက်နေ့မှာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
ထုတ်ယူရန်ကျန်ရှိသူတွေအနေနဲ့လည်း ဇန်နဝါရီလ ၁၁ရက်နဲ့ ၁၂ရက်နေ့တွေမှာ ဆက်လက်ထုတ်ယူနိုင်တယ်လို့ သိရပြီး ဂီတအနုပညာရှင်တွေကိုယ်တိုင် လာရောက်ထုတ်ယူရန်နှင့် စိစစ်ပြီးထုတ်ပေးသွားမှာဖြစ်ကြောင်း ပူးတွဲဖော်ပြထားပါတယ်။
zaw gyi
ျမန္မာနိုင္ငံဂီတအစည္းအ႐ုံးမွ ဂီတအႏုပညာရွင္မ်ားကို ဆန္၊ ဆီ၊ ဆား ေထာက္ပံ့ကူညီေရးအစီအစဥ္ျပဳလုပ္မည္
ျမန္မာနိုင္ငံဂီတအစည္းအ႐ုံးမွ ဂီတအႏုပညာရွင္အလႊာအသီးသီးကို အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား ေထာက္ပံ့ကူညီေရးအစီအစဥ္တစ္ခုကို လာမယ့္ဇန္နဝါရီလထဲမွာ စတင္ျပဳလုပ္သြားမွာျဖစ္ပါတယ္။
လာေရာက္ထုတ္ယူနိုင္မယ့္ေန႔ရက္ေတြကို ဂီတအလႊာအသီးသီးအလိုက္ ၄ ရက္ခြဲကာထုတ္ယူနိုင္ရန္စီစဥ္ထားၿပီး မဟာဂီတပညာရွင္ေတြအေနနဲ႔ ဇန္နဝါရီလ ၅ ရက္ေန႔မွာထုတ္ယူနိုင္မွာျဖစ္ကာ ကာလေပၚဂီတပညာရွင္ေတြကေတာ့ ဇန္နဝါရီလ ၆ရက္ေန႔မွာ ထုတ္ယူနိုင္မွာျဖစ္ပါတယ္။
စတီရီယိုဂီတပညာရွင္ေတြအေနနဲ႔ ဇန္နဝါရီလ ၇ရက္ေန႔မွာ ထုတ္ယူနိုင္မွာျဖစ္ၿပီး ထုတ္လုပ္ေရးနဲ႔ စက္မွုအလႊာေတြအတြက္ကိုေတာ့ ဇန္နဝါရီလ ၁၀ရက္ေန႔မွာ ထုတ္ယူနိုင္မွာျဖစ္ပါတယ္။
ထုတ္ယူရန္က်န္ရွိသူေတြအေနနဲ႔လည္း ဇန္နဝါရီလ ၁၁ရက္နဲ႔ ၁၂ရက္ေန႔ေတြမွာ ဆက္လက္ထုတ္ယူနိုင္တယ္လို႔ သိရၿပီး ဂီတအႏုပညာရွင္ေတြကိုယ္တိုင္ လာေရာက္ထုတ္ယူရန္ႏွင့္ စိစစ္ၿပီးထုတ္ေပးသြားမွာျဖစ္ေၾကာင္း ပူးတြဲေဖာ္ျပထားပါတယ္။