တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက တောင်းဆိုခဲ့သည်။
သဘောတူညီချက် ငါးရပ်နှင့်အညီ အားလုံးပါဝင်သော နိုင်ငံအဆင့် ဆွေးနွေးပွဲကို ကျင်းပရန် မျှော်မှန်း၍ အပစ်ရပ်ရေးကို ဆောင်ရွက်သင့်သည်ဟု ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ပြောဆိုထားသည်။
ထို့အပြင် အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ရပ်တန့်ကြရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ၎င်းတို့က တိုက်တွန်းထားသည်။
အရပ်ဖက်၊စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ ပဋိပက္ခအရှိန်မြှင့်ခြင်းများကို ရှုတ်ချရန်၊ အတတ်နိုင်ဆုံး ချုပ်တည်းလုပ်ဆောင်ကြရန်နှင့် အရပ်သားအားလုံး၏ အကာအကွယ်နှင့် လုံခြုံရေးကို အာမခံရန်အတွက် ခိုင်မာသော အရေးယူဆောင်ရွက်မှုများလုပ်ရန် ၎င်းတို့ကို တိုက်တွန်းသည်ဟုလည်း ဆိုထားသည်။
“ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မြန်မာအာဏာပိုင်တွေရဲ့ သုံးကြိမ်ဆက်တိုက် ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာခဲ့မှု၊ အခြားသက်ဆိုင်ရာအဖွဲ့တွေရဲ့ တစ်ဖက်သတ် အပစ်ရပ်ကြေညာခဲ့မှုတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”သူက ဆိုသည်။
သဘောတူညီချက် ငါးရပ်နှင့်အညီ အားလုံးပါဝင်သော နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရန်နှင့် လူသားချင်းစာနာထောက်ထားသော အကူအညီများကို ပေးအပ်နိုင်ရေး၊ ယင်းတို့ကို လိုအပ်သူများထံ ရောက်ရှိစေရေး အတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ကိုဖန်တီးရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုများ ရပ်တန့်ရေး ကိုဦးတည်သော ကနဦးခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရန် မိမိတို့ တောင်းဆိုသည်ဟု သတင်း၌ ဖော်ပြထားသည်။
Ref: အင်န်အက်စ်တီ