Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballမြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်ကို မလေးရှားက...

မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်ကို မလေးရှားက ခေါ်ယူ

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်ကောင်းမာန်ကို မလေးရှားစူပါလိဂ်ကလပ် Kelantan Darul Naim FC က ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာ (၄)ရက်တွင် အသင်းက တရားဝင်အသိပေးထုတ်ပြန်ထားသည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သောဘောလုံးရာသီက ထိုင်းလိဂ်-၂ ကလပ်တစ်ခုဖြစ်သည့် နာခွန်ရက်ချာရှီးမားအသင်း၌ ကစားခဲ့ပြီးနောက် အသင်းနှင့်တရားဝင်လမ်းခွဲခဲ့ကာ အသင်းလက်မဲ့အခြေအနေဖြစ်နေရာမှ Kelantan Darul Naim FC က ခေါ်ယူခဲ့ခြင်းဖြစ်သည်။

အောင်ကောင်းမာန်သည် Kelantan Darul Naim FC နှင့်အတူ မလေးရှားစူပါလိဂ် ပွဲစဉ်(၁၀)တွင် ပြိုင်ဘက် ဂျိုဟိုဒါရူတာဇန်အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Kelantan Darul Naim FC  အသင်းသည်ယခုနှစ် မလေးရှားစူပါလိဂ်ပွဲစဉ်(၉) ကစားပြီးချိန်တွင် ရမှတ်(၃)မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယားအဆင့် အောက်ဆုံးတွင် ရပ်တည်နေသော အသင်းတစ်သင်းဖြစ်သည်။

Kelantan Darul Naim FC သည် အောင်ကောင်းမာန်အတွက် ဒုတိယမြောက် မလေးရှား ကလပ်အသင်းဖြစ်ပြီး ၂၀၂၁ ဘောလုံးရာသီက ဆရီပါဟန်းအသင်း၌ ပထမအကြိမ်ဝင်ရောက်ကစားခဲ့သေးသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး သန်းပိုင်၊ နောက်ခံကစားသမား ဇော်မင်းထွန်း၊တိုက်စစ်မှူး အောင်ကောင်းမာန်၊ ကျော်မင်းဦး၊ တောင်ပံကစားသမား သီဟဇော်၊ တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမား ဝေလင်းအောင်တို့မှာ ထိုင်းလိဂ်(၁)၊ (၂)နှင့် မလေးရှားနှင့် ကမ္ဘောဒီယား ကလပ်များတွင် သွားရောက်ကစားနေကြခြင်းဖြစ်သည်။

ပုံစာ- အသင်းအသစ်နှင့်အတူ လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာတိုက်စစ်မှူးအောင်ကောင်းမာန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071