Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsမြန်မာစစ်ဘေးရှောင်များခိုလှုံနေသည့် မဲဆောက်ခရိုင်၊မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းအားအပြီးပိတ်သိမ်း

မြန်မာစစ်ဘေးရှောင်များခိုလှုံနေသည့် မဲဆောက်ခရိုင်၊မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းအားအပြီးပိတ်သိမ်း

မြန်မာစစ်ဘေးရှောင်များခိုလှုံနေသည့် မဲဆောက်ခရိုင်၊မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းအားအပြီးပိတ်သိမ်း

ထိုင်းနိုင်ငံ၊မဲဆောက်ခရိုင်၊မဲ့ကင်းရွာ၌ဖွင့်လှစ်ထားကာ မြန်မာစစ်ဘေးရှောင်များနေထိုင်သည့် မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းအား ဇန်နဝါရီ ၂၇ ရက်နေ့မှစတင်၍ ထိုင်းအာဏာပိုင်များက အပြီးပိတ်သိမ်းခဲ့သည်။

မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းအား အပြီးပိတ်သိမ်းခြင်းမပြုမီ ထိုင်းအာဏာပိုင်များမှ ရောက်ရှိခိုလှုံနေသည့် မြန်မာစစ်ဘေးရှောင်များအား အသုတ်များခွဲ၍ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် အပြီးပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ အပြီးပိတ်သိမ်းလိုက်သဖြင့် ယင်းစစ်ရှောင်စခန်း၌ခိုလှုံနေထိုင်နေသူများသည် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်ဘေးတစ်လျှောက်နှင့်စစ်ဘေးကင်းလွတ်သည့် မြန်မာဘက်ခြမ်းရှိကျေးရွာများ၌ ဆက်လက်နေထိုင်နေရလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

အင်ကြင်းမြိုင်ရွာ၊မင်းလက်ပံရွာ၊မဲ့ထော်သလေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း စစ်ဘေးရှောင်ဦးရေ ၁၀၀၀ နီးပါးခန့်ရောက်ရှိခိုလှုံနေရသည်ဟု စစ်ဘေးရှောက်ကူညီသူများခံမှ သိရသည်။

“ဒီဇင်ဘာလလယ်ထဲက လေးကေ့ကော်မှစဖြစ်တဲ့တိုက်ပွဲကြောင့် ထိုင်းဘက်ကိုရောက်လာတဲ့စစ်ဘေးရှောင်တွေကို စခန်းနှစ်ခုဖွင့်ပြီး ကူညီပေးခဲ့တယ် အခုမဲ့ကိုကင်း စစ်ဘေးရှောင်စခန်းကိုပိတ်လိုက်ပြီ အဲဒီစခန်းမှာကမြန်မာစစ်ဘေးရှောင် နှစ်ထောင်ကျော်လောက်ရှိတယ်”ဟုစစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။

ထိုင်းဘက်ခြမ်း စစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေစဥ် ထိုင်းအာဏာပိုင်များက လိုအပ်သည့်ကူညီပံ့ပိုးမှုများအား ပြုလုပ်ပေးခဲ့ပြီး အပြီးပိတ်သိမ်းချိန်တွင် နေထိုင်၍မရတော့သဖြင့် အခက်အခဲအချို့အားစစ်ဘေးရှောင်များကြုံတွေ့နေရသည်ဟု သိရသည်။

“စစ်ဘေးရှောင်စခန်းမှာနေတုန်းကတော့အခက်အခဲသိပ်မရှိဘူးပေါ့ အခုကြတော့ ယာယီတဲထိုးနေရတာရယ် အစားအသောက်အတွက်ရယ်က လိုအပ်လာပြီ စစ်ဘေးရှောင်ကူညီသူတွေကကူညီပေးပေမယ့်လိုအပ်တာတွေ အခက်အခဲတွေကတော့အများကြီးပဲ အိမ်ကိုလည်းပြန်လို့မရသေးတော့ပိုဆိုးတာပေါ့”ဟုသောင်ရင်းမြစ်ဘေးရောက်ရှိနေသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။

စစ်ဘေးရှောင်ဦးရေများပြားကာ စစ်ဘေးရှောင်နေ့ရက်ရှည်ကြာလာသဖြင့် လိုအပ်သည့်ကူညီပေးမှုများတွင် အခက်အခဲများကြုံတွေ့လာရပြီး လိုအပ်ချက်များလည်းပိုမိုဖြစ်ပေါ်လာသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

Zaw Gyi

ျမန္မာစစ္ေဘးေရွာင္မ်ားခိုလႈံေနသည့္ မဲေဆာက္ခ႐ိုင္၊မဲ့ကိုကင္းစစ္ေဘးေရွာင္စခန္းအားအၿပီးပိတ္သိမ္း

ထိုင္းႏိုင္ငံ၊မဲေဆာက္ခ႐ိုင္၊မဲ့ကင္း႐ြာ၌ဖြင့္လွစ္ထားကာ ျမန္မာစစ္ေဘးေရွာင္မ်ားေနထိုင္သည့္ မဲ့ကိုကင္းစစ္ေဘးေရွာင္စခန္းအား ဇန္နဝါရီ ၂၇ ရက္ေန႔မွစတင္၍ ထိုင္းအာဏာပိုင္မ်ားက အၿပီးပိတ္သိမ္းခဲ့သည္။

မဲ့ကိုကင္းစစ္ေဘးေရွာင္စခန္းအား အၿပီးပိတ္သိမ္းျခင္းမျပဳမီ ထိုင္းအာဏာပိုင္မ်ားမွ ေရာက္ရွိခိုလႈံေနသည့္ ျမန္မာစစ္ေဘးေရွာင္မ်ားအား အသုတ္မ်ားခြဲ၍ ျမန္မာႏိုင္ငံဘက္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ အၿပီးပိတ္သိမ္းခဲ့ျခင္းျဖစ္သည္။

ထိုသို႔ အၿပီးပိတ္သိမ္းလိုက္သျဖင့္ ယင္းစစ္ေရွာင္စခန္း၌ခိုလႈံေနထိုင္ေနသူမ်ားသည္ ထိုင္း-ျမန္မာနယ္စပ္ရွိ ေသာင္ရင္းျမစ္ေဘးတစ္ေလွ်ာက္ႏွင့္စစ္ေဘးကင္းလြတ္သည့္ ျမန္မာဘက္ျခမ္းရွိေက်း႐ြာမ်ား၌ ဆက္လက္ေနထိုင္ေနရလ်က္ရွိသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

အင္ၾကင္းၿမိဳင္႐ြာ၊မင္းလက္ပံ႐ြာ၊မဲ့ေထာ္သေလး႐ြာတို႔ရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားတြင္လည္း စစ္ေဘးေရွာင္ဦးေရ ၁၀၀၀ နီးပါးခန္႔ေရာက္ရွိခိုလႈံေနရသည္ဟု စစ္ေဘးေရွာက္ကူညီသူမ်ားခံမွ သိရသည္။

“ဒီဇင္ဘာလလယ္ထဲက ေလးေက့ေကာ္မွစျဖစ္တဲ့တိုက္ပြဲေၾကာင့္ ထိုင္းဘက္ကိုေရာက္လာတဲ့စစ္ေဘးေရွာင္ေတြကို စခန္းႏွစ္ခုဖြင့္ၿပီး ကူညီေပးခဲ့တယ္ အခုမဲ့ကိုကင္း စစ္ေဘးေရွာင္စခန္းကိုပိတ္လိုက္ၿပီ အဲဒီစခန္းမွာကျမန္မာစစ္ေဘးေရွာင္ ႏွစ္ေထာင္ေက်ာ္ေလာက္ရွိတယ္”ဟုစစ္ေဘးေရွာင္ကူညီသူတစ္ဦးကေျပာသည္။

ထိုင္းဘက္ျခမ္း စစ္ေဘးေရွာင္စခန္း၌ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိေနစဥ္ ထိုင္းအာဏာပိုင္မ်ားက လိုအပ္သည့္ကူညီပံ့ပိုးမႈမ်ားအား ျပဳလုပ္ေပးခဲ့ၿပီး အၿပီးပိတ္သိမ္းခ်ိန္တြင္ ေနထိုင္၍မရေတာ့သျဖင့္ အခက္အခဲအခ်ိဳ႕အားစစ္ေဘးေရွာင္မ်ားႀကဳံေတြ႕ေနရသည္ဟု သိရသည္။

“စစ္ေဘးေရွာင္စခန္းမွာေနတုန္းကေတာ့အခက္အခဲသိပ္မရွိဘူးေပါ့ အခုၾကေတာ့ ယာယီတဲထိုးေနရတာရယ္ အစားအေသာက္အတြက္ရယ္က လိုအပ္လာၿပီ စစ္ေဘးေရွာင္ကူညီသူေတြကကူညီေပးေပမယ့္လိုအပ္တာေတြ အခက္အခဲေတြကေတာ့အမ်ားႀကီးပဲ အိမ္ကိုလည္းျပန္လို႔မရေသးေတာ့ပိုဆိုးတာေပါ့”ဟုေသာင္ရင္းျမစ္ေဘးေရာက္ရွိေနသည့္ စစ္ေဘးေရွာင္တစ္ဦးကေျပာသည္။

စစ္ေဘးေရွာင္ဦးေရမ်ားျပားကာ စစ္ေဘးေရွာင္ေန႔ရက္ရွည္ၾကာလာသျဖင့္ လိုအပ္သည့္ကူညီေပးမႈမ်ားတြင္ အခက္အခဲမ်ားႀကဳံေတြ႕လာရၿပီး လိုအပ္ခ်က္မ်ားလည္းပိုမိုျဖစ္ေပၚလာသည္ဟု စစ္ေဘးေရွာင္ကူညီသူမ်ားထံမွ သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071