Friday, July 24, 2026

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka...

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည်...

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမြန်မာခေါင်းဆောင် နောက်လထဲ ထိုင်းကိုလာမည်ဟု...

မြန်မာခေါင်းဆောင် နောက်လထဲ ထိုင်းကိုလာမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး AFP ကိုပြော

မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လထဲမှာ ထိုင်းနိုင်ငံကို တရားဝင် အလည်အပတ်ခရီးလာမယ်ဆိုတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖောင်ကက်ကီအိုက ဘန်ကောက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအပြီးမှာ AFP သတင်းဌာနကို အတည်ပြုပေးခဲ့ပါတယ်။

“ဦးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို တရားဝင် အလည်အပတ်ခရီးအဖြစ် လာရောက်မှာပါ၊ သိပ်မကြာခင် သြဂုတ်လထဲမှာ ရောက်လာပါလိမ့်မယ်” လို့ လဲ သူကပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲတစ်ခုကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ပြီးနောက်မှာ အခုလို လာလည်မယ့်သတင်း ထွက်ပေါ်လာတာပါ။

အရပ်သားခေါင်းဆောင်ဖြစ်လာပြီးနောက်ပိုင်း အာဆီယံနိုင်ငံတွေထဲက ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဦးမင်းအောင်လှိုင်ဟာ ဒီလထဲမှာပဲ လာအိုနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဂုဏ်ပြုကြိုဆိုခြင်းခံခဲ့ရပါသေးတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်​ရန်ကုန်၊ ဇူလိုင် ၂၄​ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ရာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ်...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka မြို့ရှိ Nagai Stadium တွင် တောင်ကိုရီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းနောက် ဒုတိယအုပ်စုပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် Nagai Stadium ၌ပင် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။ ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂...

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071