Tuesday, August 11, 2026

ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန်...

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့...

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ...

မြို့သစ်၊ ဩဂုတ်-၁၁ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍...

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ မပေးဆပ်သည့် ကုမ္ပဏီ ၂၃...

ရန်ကုန်၊ဩဂုတ်-၁၁ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း DICA က အသိပေးထားသည်။ ထို့ပြင်...
HomeMoviesမြစ်ရေများ ဆက်လက်မြင့်တက်နေ

မြစ်ရေများ ဆက်လက်မြင့်တက်နေ

မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့ရှိ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သတိပေး

နေပြည်တော်၊ ဩဂုတ်-၁၁

မြန်မာနိုင်ငံရှိ မြစ်ရေများ ဆက်လက်မြင့်တက်နေပြီး မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များတွင် မြစ်ရေသည် သက်ဆိုင်ရာမြို့များ၏ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ထုတ်ပြန်ချက်များအရ သိရသည်။

ဩဂုတ် ၁၁ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂၆ စင်တီမီတာ ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁၅ စင်တီမီတာခန့် ထပ်မံမြင့်တက်နိုင် ကြောင်း ခန့်မှန်းထားသည်။

ထို့အပြင် ပခုက္ကူမြို့တွင် ၃၄ စင်တီမီတာ၊ ညောင်ဦးမြို့တွင် ၅၁ စင်တီမီတာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး နှစ်မြို့လုံးတွင် လာမည့်တစ်ရက်အတွင်း မြစ်ရေ ၂၀ စင်တီမီတာခန့် ထပ်မံမြင့်တက်နိုင် ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေမှာလည်း မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၈ စင်တီမီတာ ရောက်ရှိနေသော်လည်း လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားသည်။

အလားတူ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၈၀ စင်တီမီတာ ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ၁၀ စင်တီမီတာခန့် ထပ်မံမြင့်တက်နိုင် ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေမှာ မဒေါက်မြို့တွင် ၁၈ စင်တီမီတာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၅ စင်တီမီတာခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။

ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၁၁၆ စင်တီမီတာ အထိ ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၂၀ စင်တီမီတာခန့် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ မုံရွာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် နှင့် မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားကြရန် သက်ဆိုင်ရာက သတိပေးနှိုးဆော်ထားသည်။

လက်ရှိအခြေအနေတွင် မြစ်ရေမြင့်တက်မှု ဆက်လက်ဖြစ်ပေါ်နိုင်သည့် မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုအခြေအနေများကို အမြဲမပြတ် စောင့်ကြည့်ပြီး လိုအပ်ပါက လုံခြုံသည့်နေရာများသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် NSPNC နှင့် NDAA တို့တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန် လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ် စပ်ဒေသပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းကို စဉ်ဆက်မပြတ်မြှင့်တင်ပေးနိုင်ရန်အတွက် သင်ကြားရေးဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်း၊ ဆေးဝါးနည်းပညာဆိုင်ရာများဖ လှယ်ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများကိုဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုများကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုး အ တည်ပြုကြပြီး NDAA ဥက္ကဋ္ဌဦးထိန်လင်းက ဧရာဝတီတိုင်း၊...

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့ သဘောတူညီခဲ့ကြပြီး ကမ္ဘာတစ်ဝန်းထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့် မူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။ သြစတြေးလျဝန်ကြီးချုပ် အန်‌ထော်နီ အယ်လ်ဘန်နီးစ်နှင့် ဗီယက်နမ်သမ္မတ တိုလမ်တို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းစေရန် သဘောတူညီခဲ့ ကြပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူမှောင်ခိုကူးမှုများကို တန်ပြန် ချေမှုန်းရေးတွင် ပိုမိုလုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်ဟု...

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ စတင်ရေကျော်ကျ

မြို့သစ်၊ ဩဂုတ်-၁၁ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်တွင် ရေပိုလွှဲမှ ရေများ စတင်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( သုည ဒသမ ခြောက်ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071