ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းမြစ်ရေများသည် စိုးရိမ်
ရေမှတ်နား ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မကြာခဏ ထုတ်ပြန်နေသည်။




ထိုနည်းတူလူမှုအဖွဲ့အစည်းများကလည်း ရေဘေးအတွက်ကြိုတင်ပြင်ဆင်နေပြီး ရေဘေးကြုံတွေ့ရပါက ဘေးကင်းခိူလှူံရာနေရာများကြိုတင်ပြင်ဆင်နိုင်ရန်လည်း ဆောင်ရွက်နေသည်။
လတ်တလောတွင် ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့နယ်၏ စိုးရိမ်ရေမှတ်အောက်၌ ရှိနေသေးသော်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည်လည်း တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အောက်ရှိနေသေးသော်လည်း တောင်ငူမြို့ အနောက်ဆင်ရွာ ရေတက်လာသည့် အတွက် ဒေသတွင်းပရဟိတပူးပေါင်းအဖွဲ့များက လိုအပ်သည့် သက်ကယ်လှေများနှင့်အတူ အဆိုပါ ရွာသို့ရောက်ရှိကာ အသင့်ပြင်ဆင်ထားလျက်ရှိသည်ဟုဆိုသည်။
သို့သော် စစ်တောင်းမြစ်ရေသည်မဒေါက်မြို့တွင်မူ စိုးရိမ်ရေမှတ်၏ အထက်ကို ကျော်လွန်ရောက်ရှိလာနေသည်။
ထိုနည်းတူ ချင်းတွင်းမြစ်ရေသည်လည်း မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေကာ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်)က စစ်တောင်းမြစ်ထဲကို စီးဆင်းသည့် သိုင်းချောင်းရေသသည် မိုးများမှုကြောင့် ရေမြင့်တက်ခဲ့ပြီး ရေတာရှည်မြို့နယ်ထဲရှိရေနီ၊ သာဂရနှင့် ဆွာမြို့များထံ ရေဝင်ရောက်ခဲ့သည်။
