ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးရှိ ဧရာဝီမြစ်ရေသည် ယခုဇွန်လမကုန်နှင့် ဇူလိုင်လဆန်းအတွင်း နောက်ထပ်တစ်ကြိမ်ပြန်လည်လာတက်နိုင်ကြောင်း မြစ်ကြီးနားမြို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ တာဝန်ရှိသူ ဦးနိုင်လင်းထွေးက ပြောကြားသည
မြစ်ကြီးနားမြို့ မြစ်ရေသည် ယနေ့ ဇွန် ၉ ရက်အထိ ဆက်တို-က်ကျဆင်းနေပြီး၊ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာ သို့ရောက်ရှိရန် ၇၃၆ စင်တီမီတာ ( ၂၄) ပေ ကျော်ခန့် အလိုတွင် ရောက်ရှိနေသည်ဟု ဆိုသည်။
လတ်တလောအခြေအနေအရ မန္တလေးမြို့မှစ၍ ဧရာဝတီမြစ်ရိုးတလျောက် မြို့များအားလုံးတွင် မြို့အစဉ်လိုက် မြစ်ရေဆက်တိုက်တက်နေဦးမည်ဖြစ်ကြောင်းနှင့် ဧရာဝတီ မြစ်ရိုးတလျှောက် မြစ်ကမ်းအနီး မြေနိမ့်ဒေသများနှင့် မြေနုကျွန်းများတွင် စိုက်ပျိုးလုပ်ကိုင်၊ နေထိုင်ကြသော တောင်သူများနှင့် ရေလုပ်သားများ သတိပြုနေထိုင်ကြရန်လိုကြောင်း သိရသည်။
ယနေ့ မန္တလေးမြို့ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲ ခန့်အလိုတွင်ရောက်ရှိနေပြီး၊ စစ်ကိုင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၃ ပေကျော် ခန့်အလိုတွင်ရောက်ရှိနေကြောင်း အသိပေးထားသည်။
အလားတူ မြင်းမူ မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၃ ပေ ကျော်ခန့်အလိုတွင်လည်းကောင်း၊ ပခုက္ကူ မြစ်ရေသည်စိုးရိမ်ရေမှတ်အောက် ၂ ပေ ခန့်အလိုတွင်လည်းကောင်း၊ ညောင်ဦးမြစ်ရေသည် စိုးရိမ်ရေအမှတ် အနီးနီးသို့လည်းကောင်း၊ ချောက်မြို့ မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၆ ပေခန့်အလိုတွင်လည်းကောင်း၊ မင်းဘူးမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၆ ပေခန့်အလိုတွင်လည်းကောင်း၊ မကွေးမြစ်ရေသည်စိုးရိမ်ရေမှတ်အောက် ၆ ပေ ခန့်အလိုတွင်လည်းကောင်း အသီးသီးရောက်ရှိနေကြောင်း သိရသည်။