Friday, May 23, 2025

အလွန်ပါး‌သော Galaxy S25 Edge...

ဆမ်ဆောင်းအီလက်ထရွန်းနစ်၏ အပါးလွှာဆုံးစမတ်ဖုန်းအသစ်ဖြစ်သော Galaxy S25 Edge သည် ၅.၈ မီလီမီတာပရိုဖိုင်ရှိပြီး ပေါ့ပါးသော ဒီဇိုင်းဖြင့် ၁၆၃ ဂရမ်သာ လေးသည်။...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၀)ကျော်ရှိ ရပ်ရွာလူထုနှင့်...

နိုင်ငံတစ်ဝန်းမှ မြို့နယ် (၈၅)မြို့နယ်ရှိ ရပ်ရွာလူထုနှင့် ကလေးများအနေဖြင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အန္တရာယ်အား သိရှိသတိပြုမိစေရန် အသိပညာပေးခြင်းအစီအစဉ်ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို...

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...
HomeCelebrities' Newsမျက်နှာနုအောင် ဘန်ကောက်မှာ သွားပြင်ဦးမယ့်...

မျက်နှာနုအောင် ဘန်ကောက်မှာ သွားပြင်ဦးမယ့် မိတ်ကပ် ပညာရှင် ညီညီမောင် ( စမ်းချောင်း)

မိတ်ကပ်ပညာရှင် ညီညီမောင် ( စမ်းချောင်း)က မကြာသေးခင်က အမျိုးသမီးလိင်အင်္ဂါ ပြောင်းဖို့ အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်ကို သွားရောက် ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေး အခြေနေကြောင့် သူ့ဆန္ဒတွေ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူးလို့ သိ ရပါတယ်။ လိင်အင်္ဂါ မခွဲစိတ်ဖြစ်ပေမယ့်လည်း သူ့ရဲ့ မေးစေ့ကိုတော့ ဆီလီကွန်ထည့်ပြီး V Shapeအဖြစ် ပုံဖော်ခဲ့တယ်လို့သိရပါတယ်။ လိင်ခွဲစိတ် ပြောင်းလဲ ဖို့ကိုတော့ မိတ်ကပ်ညီညီမောင် ( စမ်းချောင်း) က……

“အမှန်ကတော့ ဒီနှစ်အော်ပရေးရှင်းက အမျိုးသမီး အင်္ဂါပြောင်းဖို့ပါပဲ။ ဒါပေမဲ့ ကိုယ့်မှာက နှလုံး ရောဂါလည်း ရှိတယ်။ ရင်ကျပ်ရောဂါလည်းရှိတဲ့ အတွက်ကော ပြီးတော့ အလုပ်တွေကလည်း များနေ တာကောမို့လို့ မလုပ်ဖြစ်ဘူး။ ဒီနှစ်က မင်္ဂလာဆောင် Wedding  တွေလည်းပြင်ရတာများနေတော့ ဒီနှစ် တော့ မလုပ်ဖြစ်ဘူးပေါ့နော်။ လုပ်ပြီးရင်လည်း တစ်လကျော် ၂လလောက်က နားရမှာဆိုတော့ ကိုယ့်ရဲ့ မိတ်ကပ်ချစ်တဲ့ပရိသတ်နဲ့လည်း အဆက် သွယ်ပျက်သွားမှာ ကြောက်တယ်။ စဉ်းစားထားတာ ကတော့ သင်္ကြန် ဖြစ်ရင်ဖြစ် မဖြစ်ရင် ရှေ့နှစ်မိုးတွင်း ပေါ့နော်။ အဲချိန် မှပဲ ရမှာပေါ့လေ။ မိတ်ကပ်ပြင်ဖို့လည်း ရှိသေးလို့ လေ။ နှလုံးကို ခံနိုင်ရည်ရှိအောင်ဆေးတွေ ပြန်တိုက်တယ်။ ခွဲ စိတ်နေတဲ့ အချိန်မှာ ရင်ကျပ်တာတို့ နှလုံးတို့ ဘာတို့ လုံးဝ Perfect ဖြစ်မှပဲ သူတို့က ခွဲစိတ် ပေးမှာပေါ့နော်။ အခု ခွဲစိတ်ပြုပြင်မှုလုပ်တဲ့ ဆေးရုံက လည်း ဘန်ကောက် မှာဆို နာမည်ကြီးဆုံးပဲလေ။ သူတို့က Save မဖြစ်ပဲနဲ့တော့ လုပ်မပေးဘူးပေါ့။ အဲဒီတော့ သူတို့ ပြောတဲ့စကားကို မလွန်ဆန်ရဲဘူး။ တစ်ဘဝလုံးစာသွားရ မှာဆိုတော့ သူတို့ ပြောတဲ့စကားကို မလွန်ဆန်ရဲဘူး။ အင်္ဂါပြောင်းမယ်ဆိုရင်တော့ လောလောဆယ်ဘတ် ၄ သိန်းဆိုတော့ မြန်မာငွေကျပ် သိန်း ၁၆ဝ ပေါ့နော်” လို့ ပြောပြပါတယ်။

 အခုလို သူ့အနေနဲ့ မိန်းမအင်္ဂါအဖြစ် ပြောင်းလဲ ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း မိတ်ကပ် ညီညီမောင် (စမ်းချောင်း)က အခုလိုပြောပြလာပါတယ်။ “အဓိကတော့ မိန်းမဖြစ်ချင်း မဖြစ်ချင်းထက်ပေါ့နော်။ ငယ်ငယ်လေးကတည်းက  ကိုယ်တွေက မိန်းကလေးလိုပဲ နေချင်တယ်။ ဒါပေမဲ့ မြန်မာပြည်သိန်းတန် ပြောသလိုပဲ ပေါ့။ ငယ်ငယ်တုန်းက ပိုက်ဆံမှမရှိတာ။ ပိုက်ဆံမရှိဘူး ဆိုတာက မိဘငွေကျဘယ်သူက ကျပ်သိန်း ၁၆ဝ သုံးလေး ရာကို ဘယ်သူက ထုတ်ပေးမှာလဲ။ ကိုယ်ပိုက်ဆံရှာနိုင် တဲ့အချိန်မှာ ကိုယ့်ဘဝကို ကိုယ်ထုဆစ်ရတာပေါ့”လို့ ပြော ပြတာက အခုလောလောဆယ်မှာတော့ မိတ်ကပ် ညီညီ မောင် (စမ်းချောင်း)က ရင်သားခွဲစိတ်ပြုပြင်ခြင်း၊ နှုတ် ခမ်းခွဲ စိတ်ပြုပြင်ခြင်း၊ မေးစေ့ခွဲစိတ်ပြုပြင်ခြင်းများ ပြုလုပ်ထားခဲ့ပြီး ဒီနှစ်ဝါမကျွတ်ခင်လောက်မှာ မျက်နှာကို ဆဲလ် အသစ်မွေးပြီး မျက်နှာနုပျိုအောင်  ငယ်အောင်လုပ်တဲ့ ကုသနည်းလုပ်သွားဖို့ရှိပါတယ်လို့ သိရပါတယ်။ အခုလို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ ကိုယ့် ကိုယ် အရင်ထက် ယုံကြည်မှုတွေရှိလာကြောင်းကို ညီညီ မောင် ( စမ်းချောင်း)က …

“အရင်တုန်းကဆိုရင် လှလိုက်တာဆိုတဲ့ စကားကို တစ်ရာမှာ တစ်ယောက် ပြောခဲတယ်။ ဝလိုက်တာ လျော့ပါ ဦး အရင်ကနဲ့ မတူဘူး ။ ခုကျတော့ လှလိုက်တာ။ ခန္ဓာ ကိုယ် ဆိုလို့ရှိရင်လည်း နည်းနည်းကျလာတယ်။ အဲဒီလို မျိုးလေးတွေဆိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း ပိုယုံကြည်မှု ရှိလာတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – မင်းမင်ထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071