ရုပ်ရှင် အစည်းအရုံး အမှု ဆောင်သစ် ရွေးချယ်တဲ့ ရုပ်ရှင်ရွေး ကောက်ပွဲကို ၂ဝ၁၇ ခုနှစ်၊ စက်တင် ဘာလထဲမှာ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ရွေးကောက် ပွဲဟာ ရုပ်ရှင်လောကသားများ အတွက်ရော မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုး တိုးတက်ရေး အတွက်ပါ အရေး ကြီးလှပြီး ရုပ်ရှင်လောကသား များက လူမှန်နေရာမှန် ရွေးချယ် ပေးကြဖို့အတွက် အဓိကကျကျ တစ်တပ် တစ်အား ပါဝင်ရမယ့် အခန်း ကဏ္ဍတစ်ခု ဖြစ်နေပါတယ်။ ဒီလိုပဲ မိမိတို့ရဲ့ အသည်းကြားက မဲတစ်ပြား အတွက် လူရွေးမမှားကြဖို့ ကလည်း ရုပ်ရှင်လောက သားတိုင်း သတိပြုကြ ရမယ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ မကြာခင် ကျင်းပပြုလုပ် တော့မယ့် ရုပ်ရှင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရုပ်ရှင်လောကသားများ တို့ရဲ့ ရှုမြင်စကားသံများစုစည်း ဖော်ပြလိုက်ရ ပါတယ်။
ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်
ကျွန်တော် ကိုဇာဂနာရေးတဲ့ ဆောင်းပါးလေးတွေ ခေါင်းစဉ် ဖတ်တော့ “ရုပ်ရှင်မစည်းမရုံး”ဆိုတဲ့ title လေးကို ကျွန်တော့် စိတ်ထဲ သိပ်ဘဝင် မကျခဲ့ဘူး။ နောက်ပိုင်းကျတော့ သူပြောတာမှန်တယ်လို့ ကျွန်တော် လက်ခံတယ်။ ကျွန်တော် တို့လောကကြီးက မစည်းမရုံး ဖြစ်နေ ကြတယ်။ အဲဒါက ရွေးကောက် ပွဲထက် ကျွန်တော် တို့လောက ပြန်စည်းရုံးအောင် တည့်မတ်ဖို့ လိုအပ် ပါတယ်။ ရုပ်ရှင် အစည်း အရုံးမှာ ကျွန်တော်တို့ကို ကိုယ်ကျိုးမဖက်တဲ့ ခေါင်းဆောင် တစ်ယောက် ကျွန်တော်တို့ လိုချင်ပါတယ်။ ဒီနှစ်မှာလည်း ဝင်အရွေးခံမယ့် လူတွေ ရှိကြမှာပါ။ ဝင်အရွေးခံမယ့်လူများ သည်လည်း ကျွန်တော်တို့ မြန်မာ စကားပုံလို အတ္တ၊ ပရဆိုတဲ့အတိုင်း အတ္တ ပြီးမှ ပရဟိတလာတယ် ဆိုပေမယ့် အစည်းအရုံးကို ရောက်လာမယ့်သူ၊ ခေါင်းဆောင် လုပ်မယ့် သူသည် ကျွန်တော် တို့လောကရဲ့ အကျိုးကို သယ်ပိုးမယ့် လူမျိုးပဲ ဖြစ်စေချင်တယ်။ ကျွန်တော် တို့လည်း တစ်ထောင့်တစ် နေရာက ပါဝင်ပေးမှာပါ။ ကျွန်တော်က တော့ ဘယ်သူ ဆိုပြီး မဆိုချင်ပါဘူး။ ရုပ်ရှင် အစည်းအရုံးကြီး ကို ဦးဆောင်နိုင် သူကိုပဲ လိုချင်ပါတယ်။ ကျွန်တော် ဖြစ်စေချင်တဲ့ သူတော့ ရှိပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဖြစ်သွားမှာ စိုးတဲ့ အတွက် ကျွန်တော် မဆိုချင်ပါဘူး။ နောက်ပြီး ရုပ်ရှင် ရွေးကောက်ပွဲကို မကြိုက် လို့ဆိုပြီး မသွားလို့ မရတော့ ပါဘူး။ အရင်ကဆို အစည်းအဝေး ဖိတ်လည်း ကျွန်တော် မသွားဘူး။ မသွားမှန်း သိတော့ နောက်ပိုင်းမှာ ဖိတ်ကိုမဖိတ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော် အခုတော့ အချိန်ပေးပြီး သွားမယ်။ ကျွန်တော့်လိုပဲ အလားတူ ကျန်တဲ့ လောကသားတွေ လည်း သွားသင့်တယ် လို့ ကျွန်တော် အကြံပြုချင်တယ်။ ကျွန်တော်တို့ သွားပြီး တစ်ထောင့် တစ်နေရာကနေ အကြံဥာဏ်လေးတွေ ပေးဖို့တော့ လိုပြီလို့ ကျွန်တော်ထင်တယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်
ရုပ်ရှင် ရွေးကောက်ပွဲကို ရုပ်ရှင်လောကသားတွေ အားလုံး စိတ်ဝင် စားသင့်တယ်။ အရွေးချယ်ခံရတဲ့ သူတွေ အတွက်လည်း တကယ်ကို ရုပ်ရှင်လောကကောင်းဖို့အတွက် မှန်မှန်ကန်ကန် လုပ်ပေးနိုင်တဲ့ သူတွေကို မဲပေးသင့်တယ်။ အခုက ကိုယ်နဲ့ရင်းနှီးတဲ့ လူကို မဲပေးသလို ဖြစ်နေတယ်။ လောက ကောင်းကျိုး ကို လုပ်ပေးတာထက် ကိုယ့်နေရာ၊ ရာထူး အတွက် လူကြီးဖြစ်တာ အစည်းအရုံးမှာ များနေတယ်။
အစ်မတို့ လောကသားတွေကို ပြောချင်တာကလည်း ရုပ်ရှင်ရွေး ကောက်ပွဲကို စိတ်ဝင်စားကြပါ။ စိတ်မဝင်စားဘူး၊ မဲသွားမပေးကြ ဘူး။ ပြီးမှ ဖြစ်ပေါ်လာတဲ့ လူကြီးတွေ ကို ငါတို့ အထင်မကြီးဘူးလို့ ပြောနေ ကြတာထက်စာရင် ရွေးကောက်ပွဲကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပြီး မဲ ပေးလိုက်လို့ ဖြစ်စေချင်တဲ့လူကို ရွေးချယ်ပေး စေချင်တယ်။ မနှစ်ကဆိုရင် အစ်မတို့ ဒါရိုက်တာ အလွှာမှာ မဲပေးတဲ့နေ့ တစ်နေ့လုံး အစ်မနေတယ်။ အဲဒီမှာတွေ့တာကလာပြီး မဲပေးကြတဲ့ သူတွေထဲမှာ ကိုယ်နဲ့ သိတဲ့လူက ၁ဝ ယောက်တောင်မပြည့်ဘူး။ ဒါပေမဲ့ တကယ်တမ်း မဲရေတွက်တဲ့ အခါမဲပေး တဲ့အရေအတွက် ၆ဝ ကျော်တော့တော်တော် အံ့သြသွားတယ်။ ဘယ်ဒါရိုက် တာတွေလာပေး လဲဆိုတာမသိဘူး။ ဒါကဖောင်းပွတဲ့ ပြဿနာတွေပေါ့။ ဒါတွေကို သေသေချာချာ စိစစ်သင့်ပါတယ်။ ဒါကြောင့် ဒါရိုက်တာကတ် ဖောင်းပွမှုကို စိစစ်ပါ။ ရွေးချယ်ခံတဲ့ သူတွေကလည်း ကိုယ့်ရဲ့ အတ္တမပါဘဲ လောကကောင်းကျိုး အတွက် လုပ်ပေးချင်လို့ ဝင်အရွေးခံတာ ပဲဖြစ်သင့်ပါတယ်။ ဒါကြောင့် အသစ်ဖြစ်လာမယ့် လူကြီးတွေကိုလည်း အစ်မတို့က ကြည့်လည်းကြည့် မယ်၊ ပြောလည်း ပြောမယ်လို့ စဉ်းစားထားတယ်။
နောက်ပြီး အစည်းအရုံး ဥက္ကဋ္ဌဆိုတာက အစ်မတို့လောကက လူတွေ တကယ်ကို လေးစား ယုံကြည်ရသူဖြစ်စေချင်တယ်။ ရုပ်ရှင်လောကထဲ က လူတွေက မလေးစား မကြည်ညိုဘူးဆိုရင် ဥက္ကဋ္ဌစကားကို နားထောင်မှာမဟုတ် သလို၊ ဘယ်သူမှလည်း အစည်းအရုံး ကို လာ မှာမဟုတ်ပါဘူး။ အစဉ်အဆက်မှာ ဥက္ကဋ္ဌရဲ့ စကားတစ်ခွန်းဆိုရင် ဖိန့်ဖိန့် တုန်အောင်ကြောက်ကြတယ်။ ချစ် ကြောက်ရိုသေ ကြတာပေါ့။ ကိုယ်တင်ထားတဲ့ ဥက္ကဋ္ဌ ကို လေးစားကြည်ညိုတဲ့ သဘောမျိုး ဖြစ်စေချင်တယ်။ ဒီလိုဖြစ်ဖို့ ကလည်း လောကသား အားလုံး ညီညီညွတ်ညွတ် မဲပေးကြဖို့ လိုပါတယ်။ မဲလည်း မပေးဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဂရုလည်းမစိုက်ဘူး ဆိုရင်တော့ ကိုယ်ကျိုးရှာ သူတွေပဲ လူကြီးဖြစ် လာကြမှာပါပဲ။
ဒါရိုက်တာ ကျော်နှင်းဆီ
ရုပ်ရှင်ကအခု နောက်ပိုင်းတ ဖြည်းဖြည်း တိုးတက်မလာဘဲ နဲ့ကျ လာတယ်။ ကျလာတယ်ဆိုတာ ရုံအခြေအနေ ကြောင့်လား၊ ပရိသတ် အခြေအနေ ကြောင့်လား၊ ပြည်သူတွေ ရဲ့စီးပွားရေး အကြပ်အတည်း ကြောင့် လား မသိနိုင်ဘူး။ ရိုက်ရတာလည်း တဖြည်းဖြည်း ခက်လာတယ်။ အဲဒီ အတွက် တော် တော်လေး ကို Arrange လုပ်ပြီး သေသေချာချာ စီစဉ်နိုင် မယ့် အမှုဆောင် တစ်ယောက်တော့ မျှော် လင့်ပါတယ်။ ဒီလောက သားတွေထဲမှာ သေသေ ချာချာ သိပြီး၊ နားလည် တဲ့ပညာရှင်တွေ ရှိ ပါ တယ်။ အဲဒီပညာရှင် တွေတက်လာဖို့ မျှော် လင့် ပါတယ်။ ဒီအခါကျမှ သေ သေချာချာစဉ်းစား ဆုံး ဖြတ်ပြီးကျဆင်းနေတဲ့ ရုပ်ရှင်လောကကြီး ပြန် တက် လာအောင် ထက် ထက်မြက် မြက်နဲ့ ဆုံးဖြတ် စွမ်းဆောင်ပေးနိုင်မယ့်သူ တစ် ယောက်ကို မျှော်လင့်ပါတယ်။
ဇင်ဝိုင်း
ရွေးကောက်ပွဲမှာ ရွေးချယ်ခံဖို့နဲ့ ပတ်သက် ပြီးတော့ ကျွန်တော် တိတိကျကျ ဆုံးဖြတ်ချိန် မရ သေးပါဘူး။ တိုက်တွန်းမှု တွေတော့ ရှိနေပါတယ်။ တိတိကျကျတော့ မဆုံးဖြတ်ရသေးပါဘူး။ ရွေး ကောက်ပွဲ ဆိုတာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပါပဲ။ ရွေးကောက်ပွဲပြီးသွားမှ၊ အရွေးချယ်ခံရ တဲ့ အသစ်အသစ်သော အမှုဆောင်တွေ တက် လာတော့မှ မကြိုက်ဘူး၊ ကြိုက်တယ် ဆိုပြီး ငြင်း ပယ်နေကြမယ့်အစား၊ ဝေဖန်နေကြမယ့်အစား ရွေးကောက် ပွဲအကြိုကာလ မှာတင်ပဲ ကိုယ့် လော ကအတွက် အကျိုးပြုနိုင်မယ့် သူများကို အရွေး ချယ်ခံဖို့၊ တိုက်တွန်းဖို့ လိုပါတယ်။ အဲဒီအပြင် အဲဒီလို အရွေးချယ်ခံမယ့် သူများကိုလည်း ကိုယ့် လောကအတွက် ကောင်းရာကောင်းကျိုး လုပ်တဲ့ သူများကိုလည်း အရွေးချယ်ခံဖြစ်အောင်၊ သူ တို့ရွေး ချယ်တဲ့အခါမှာလည်း မဲတွေရအောင် လည်း ဝိုင်းဝန်းကြဖို့ လိုအပ်ပါတယ်။ ဒါဟာ ဒုတိယအချက်ပါ။ ပြီးတဲ့အခါ ကျတော့ ကိုယ် တွေကတော့ ရွေးချယ်လိုက်ပြီ။ ငါတို့နဲ့ မဆိုင် တော့ဘူး။ မင်းတို့တာဝန်ပဲ ဆိုပြီးတော့ ပစ်ထား တာမျိုး မဟုတ်ဘဲနဲ့ ရွေးချယ်ခံရတဲ့ အမှုဆောင် တွေနဲ့အတူ ကိုယ့်လောက ကောင်းကျိုးကို ညီညီ ညွတ်ညွတ်နဲ့ ဝိုင်းဝန်း လုပ်ကြဖို့လည်း လိုပါတယ်။
မင်းမော်ကွန်း
ဘယ်သူဖြစ်ဖြစ်ပါ။ ကျွန်တော်တို့ လောက အတွက် ကောင်းအောင် လုပ်ပေးမယ့် သူမျိုး ဖြစ်စေချင်ပါတယ်။ အဲဒီလိုပြောလို့ အခု လုပ်နေ တဲ့သူတွေကို မကောင်းဘူးလို့ ပြောတာလည်း မဟုတ်ပါဘူး။ အကုန်လုံး ကတော့ သူတို့တတ်နိုင် သလောက်ကောင်းအောင် လုပ်နေ ကြတာပါပဲ။ မကောင်း မချင်းကလည်း ဆက်လုပ်နေရဦးမှာ ပါပဲ။ နောက်ထပ် လာမယ့် သူကလည်း ကျွန်တော် တို့ လောက အတွက် ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်စေချင်ပါတယ်။
ကျော်ကျော်ဗိုလ်
ဖြစ်စေချင်တယ် ဆိုတာထက် ကျွန်တော်တို့ လောကအတွက် မားမားမတ်မတ် ရှေ့ကနေ ရပ်တည်ပြီးတော့ ကာကွယ်ပေးနိုင်တဲ့ မိဘ လိုမျိုး တစ်ယောက် ဖြစ်စေချင်ပါတယ်။ ဘယ်သူ့ကို ဖြစ် စေချင်လဲ ဆိုတာတော့ မပြောတတ်ပါဘူး။ ကျွန်တော်တို့ ထက် သက်ကြီး ဝါကြီး သမ္ဘာကြီးတဲ့ ပုဂ္ဂိုလ်ကြီးတွေပါပဲ။ လူကြီးတွေ သင့်တော်တဲ့သူ ရွေးချယ်မှာပါ။
ထွန်းထွန်း
ပြီးခဲ့တဲ့နှစ် အဆင့်ဆင့် မှာလည်း ရွေးချယ်ခဲ့ တဲ့အခါမှာ အများက တင်မြှောက်တဲ့ ဥက္ကဋ္ဌ ဖြစ် ခဲ့တယ်။ ကျွန်တော် အများကြီးတော့ မသိပါ ဘူး။ အဓိက ကတော့ ကိုယ့်လောက တိုးတက်အောင် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီးတော့ အခုလိုမျိုး ဆောင်ရွက်ခဲ့တဲ့ ဥက္ကဋ္ဌတွေ ရဲ့ လမ်း စဉ်အတိုင်းသာ ကျင့်သုံးရင် ကျေနပ်လှပါပြီ။
ဘေဘီမောင်
ဘယ်သူ့ ဖြစ်စေချင်လဲလို့တော့ မရှိပါဘူး။ တကယ်တော်တဲ့သူ၊ တကယ် လုပ်ငန်းမှာ ကျွမ်းကျင်တဲ့ သူကတော့ ဖြစ်ရမှာပေါ့ ။ အခု လည်း အန်ကယ်လေးကို နေရာပေးထားတာ မှန်ကန်ပါတယ်။ ဘာလို့ဆိုတော့ အန်ကယ်လေး က လူငယ်လည်း ဖြစ်တယ်။ ပညာလည်း တတ် တယ်။ ရုပ်ရှင် အတွေ့အကြုံ ဆိုလည်း ရိုက်လာတာ ကြာပြီဖြစ်တယ်။ တော်လို့လည်း လူကြီးတွေက လက်ခံပြီး ဒီနေရာကို ရွေးချယ် ပေးထားတာ ဖြစ်တယ်။ အန်ကယ် လေးနဲ့ ပတ်သက်ပြီးလည်း ပတ်ဝန်ကျင်းက ကောလာ ဟလတွေပြောကြ တယ်။ ဒါကမသိ တဲ့သူတွေ က အပုပ်ချ ပြောကြတာ ပေါ့နော်။ သူ သူကိုယ်ကိုယ်ပေါ့နော်။ နေရာ တစ်ခုမှာ လူကြီးဖြစ်တယ် ဆိုရင် အတိုက်အခိုက် ကတော့ ရှိမှာ ပဲပေါ့နော်။ ညီမ အနေနဲ့ ပြောရ မယ် ဆိုရင်တော့ လူငယ်လည်းဖြစ်ပြီး အိုက်တင် ပိုင်းမှာလည်း တော်သလို အကယ်ဒမီ များရှင် လည်းဖြစ်တဲ့ အခုလက်ရှိ ဥက္ကဋ္ဌက အကောင်း ဆုံးပဲလို့ မြင်တယ်။ ရှေ့လူကြီးတွေကိုတော့ မမီခဲ့တော့ မသိဘူးပေါ့နော်။ အကုန်လုံးကတော့ တော်ကြလို့ ဒီနေရာ ရောက်ကြတာပါ။ အခု လောလောဆယ်တော့ အန်ကယ်လေး လက် ထက်မှာ အန်ကယ်လေး လုပ်ပုံကိုင်ပုံတွေကို ကိုယ်တွေ့မြင်ခဲ့ရတယ်။ မအားလပ်တဲ့ကြားက သူ့မှာ အစည်းအရုံးသွားရတယ်။ ရုံးထိုင်ရတယ်။ ပရဟိတ ဆိုလည်း လုပ်တယ်။ ညီမကတော့ လက်ရှိ ဥက္ကဋ္ဌကို သဘောကျပါတယ်။ နောက် တစ်ယောက် ဖြစ်လာမယ် ဆိုရင်လည်း လက်ခံရ မှာပါ။ အဲဒီအခါမှာတော့ ဆင်ဆာ လွတ်လပ်ခွင့် တွေရချင်ပါတယ်။ အဝတ်အစား နဲ့ပတ်သက်တဲ့ ဆင်ဆာလေးတွေ လွတ်စေချင်ပါတယ်။ နောက် ပြီးတော့ ဇာတ်ကားတစ်ခုကို ရိုက်ပြီဆိုရင် မျှမျှတတ ဖြစ်စေချင်တယ်။ မျှမျှတတ ဆိုတာက အခုခေတ်က ဘယ်လိုလဲ ဆိုတော့ ဒီမင်းသမီးဆို ဒီမင်းသမီးပဲ တင်တယ်။ အဲဒီလိုဖြစ်တဲ့ အခါ နောက်ပေါ်လာတဲ့ မင်းသမီးတွေက လုပ်ခွင့်မရှိ တော့ဘူး။ တကယ်ကို အရည် အချင်း ရှိနေတဲ့သူတွေ ကို နေရာပေးစေချင်ပါတယ်။
ရတနာဗို
ကျွန်မတို့ကတော့ လူငယ်ပိုင်း အရွယ်တွေ ပဲရှိပါသေးတယ်။ ဒါပေမဲ့ ကိုယ် ကျင်လည်နေတဲ့ ဒီအနုပညာ ဝန်းကျင်မှာ တကယ် ဝါသနာပါပြီး လုပ်ဆောင်နေရတဲ့ လုပ်ငန်းခွင် မှာတော့ အနုပညာကို တကယ်ချစ်ပြီးတော့ ဒီအနုပညာ ကိုပိုပြီး တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ သူမျိုး ကို ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ နည်း စနစ်ကျကျနဲ့ ဂိုက်လိုင်း ချပေးသွားနိုင်တဲ့ လူမျိုး ကိုတော့ ဖြစ်စေချင်ပါတယ်။ ဆင်ဆာ အနေနဲ့က သိပ်တော့ မသိပါဘူး။ ဒါပေမဲ့ တချို့နိုင်ငံတကာ ဇာတ်ကားတွေ မှာဆို တချို့အရာတွေ
ဆိုလို့ ရှိရင် ခေတ်လူငယ်တွေက ကိုယ့်ထက်ပိုသိပြီး ကိုယ့် ထက် ပိုမြင်နေပြီဆိုတော့ ဒါမျိုးလေးတွေကို လုပ်လိုက် လို့ လမ်းကြောင်း ကြီးချပြ လိုက်တာ သူတို့တွေး တတ်နေပြီ လူကြီးတွေအနေနဲ့ က ကျတော့လည်း ဒါကို ချပြလိုက်တဲ့အတွက် လူငယ်တွေအနေနဲ့ လွဲမှားသွာမှာ စိုး တာမို့ သူတို့က ပြု ပြင်သင့်တာ ပြုပြင် ခိုင်းတာပါ။