မဲဆွယ်လူထုစည်းဝေးပွဲတွင် လူ ၃၉ ဦးထက်မနည်း ေ-သဆုံးခဲ့ကာ၊ လူ ၅၀ ကျော် ဒ-ဏ်ရာရရှိခဲ့ပြီးနောက် တမီလ်သရုပ်ဆောင် ဗီဂျေး၏ နိုင်ငံရေးပါတီခေါင်းဆောင်များအား ရဲတပ်ဖွဲ့က ရာဇဝတ်မှုဖြင့် အမှုဖွင့်လိုက်ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။
ဗီဂျေးသည် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲအတွက် သူ၏ တမီလ်ဂါ ဗက်ထရီ ကာဇာဂမ် (TVK) ပါတီအတွက် မဲဆွယ်စည်းရုံးနေခြင်း ဖြစ်သည်။
တမီလ်နာဒူး ရဲတပ်ဖွဲ့က အဆိုပါအမှုကို စွဲချက်တင်နိုင်ခြေအတွက် ပထမဆုံးခြေလှမ်းအဖြစ် “TVK ပါတီမှ အကြီးတန်းခေါင်းဆောင်များဖြစ်ကြသော ဘူဆီ အာနန်၊ နီရ်မယ်လ် ကုမာရ်နှင့် ဗွီပီ မာသီယာလာဂန် တို့အား အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” အကြီးတန်းရဲအရာရှိ ဗွီ ဆယ်လ်ဗာရတ်ဂျ် က ပြောကြားသည်။
“TVK က မူလက လူပေါင်း ၁၀,၀၀၀ စုဝေးခွင့်သာ ခွင့်ပြုချက်တောင်းခဲ့ပေမဲ့ တကယ်တမ်းရောက်လာတဲ့ လူအုပ်က နှစ်ဆကျော် ပိုများနေပါတယ်” ဟု သူက ပြောသည်။
ဆယ်စုနှစ်သုံးခုကြာ တမီလ်ရုပ်ရှင်လောကတွင် လူကြိုက်များသည့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဗီဂျေးသည် ၂၀၂၄ ခုနှစ်တွင် ၎င်း၏ နိုင်ငံရေးပါတီကို စတင်တည်ထောင်ခဲ့ပြီးနောက် ပြည်နယ်အုပ်ချုပ်နေသော ဒီအမ်ကေ (DMK) ပါတီနှင့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၏ ဘာရာတီယ ဂျနတာပါတီ(Bharatiya Janata Party) နှစ်ခုလုံးကို ပ-စ်မှတ်ထားကာ လူထုအစည်းအဝေးများတွင် လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
ကာရုခရိုင်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် “ကြေကွဲဝမ်းနည်းရသည်” ဟု ပြောကြားခဲ့ပြီး ေ-သဆုံးသူများ၏ မိသားစုများကို ကူညီပံ့ပိုးပေးမည်ဟုလည်း သူကကတိပြုခဲ့သည်။
တမီလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် အမ်ကေ စတာလင်က မိသားစုတစ်စုလျှင် ရူပီ ၁ သန်း (စင်ကာပူဒေါ်လာ ၁၄,၇၀၀) လျော်ကြေးပေးမည်ဟု ကြေညာခဲ့သည်။
ပြည်နယ်အစိုးရက လူများေ-သဆုံးရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် အငြိမ်းစားတရားသူကြီးတစ်ဦး ဦးဆောင်သော ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်သည်။
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီကလည်း အဆိုပါဖြစ်ရပ်အတွက် “အလွန်စိတ်မကောင်းဖြစ်ရသည်” ဟု X တွင် ရေးသားခဲ့သည်။
ဒေသတွင်း မီဒီယာများမှ ဗီဒီယိုများတွင် ဗီဂျေးသည် မဲဆွယ်စည်းရုံးရေးယာဉ်ကြီးပေါ်တွင်ရပ်၍ စကားပြောကြားနေသည်ကို လူထောင်ပေါင်းများစွာ ဝိုင်းရံနေပုံကို ပြသခဲ့သည်။ စည်းရုံးပွဲအတွင်းတွင် ပရိသတ်ထိန်းမနိုင်သိမ်းမရဖြစ်လာသောအခါ သတိလစ်သွားသည့် ထောက်ခံသူများကို ယာဉ်ပေါ်မှ ရေသန့်ဘူးများ ပ-စ်ပေးကာ ရဲအကူအညီတောင်းခံနေသည့် ဗီဂျေး၏ပုံရိပ်များကိုလည်း ပြသထားသည်။
Ref:thestraitstimes
