Tuesday, December 30, 2025

နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်...

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက  မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊...

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက်...

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ...

ပူတင်နှင့် ထရမ့်တို့ ‘မကြာမီ’ ဖုန်းဖြင့်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်တို့သည် မကြာမီကာလအတွင်း ဖုန်းဖြင့် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်...

ပြင်ဦးလွင်မြို့နယ်၌ ဆန္ဒမဲရလဒ်များအရ USDP ပါတီက...

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးအပါအဝင် USDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဥ်ပြိုင်ရွေးချယ်ခံခဲ့သည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၌ ရွေးကောက်ပွဲပြီး၍ မဲဆန္ဒရှင်များပေးထားသော...
HomeNewsLocal Newsမဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့်...

မဲဆန္ဒရှင်များအားလုံးကို အထူးကျေးဇူးတင်ဂုဏ်ပြုဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အသိပေး   ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံ၏ကောင်းသော အရွေ့တစ်ခုကိုဝိုင်းဝန်းတည်ဆောက်ကြရန်တိုက်တွန်းခဲ့

မြန်မာနိုင်ငံ၏ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ကိုယ်စားလှယ်လောင်းများသည် လွှတ် တော်သုံးရပ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ PPP ပါတီ၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံမဲပေးခဲ့ကြသော မဲဆန္ဒရှင်များအားလုံးကိုအထူးကျေးဇူးတင်ဂုဏ် ပြုသည်ဟု ယနေ့ ဒီဇင်ဘာ ၂၉ ရက်က ထုတ်ပြန်ဖော် ပြခဲ့သည်။

ထို့ပြင် PPP ပါတီမှ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင်လည်း ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ယုံယုံကြည်ကြည်ထောက်ခံအားပေးခြင်းဖြင့် မဲပေးရကျိုးနပ်စေရမည်ကို ကတိပေးသည်ဟုလည်း အသိပေးဖော်ပြခဲ့သည်။

ထို့အတူ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသော ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေးတွင် မဲပေးခြင်းဖြင့် မိမိတို့နိုင်ငံ၏ ကောင်းသောအရွေ့တစ်ခုကို ဝိုင်းဝန်းတည်ဆောက်ကြရန်လည်းတိုက်တွန်းသည်ဟု PPP ပါတီက အသိပေးဖော်ပြခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော် ဒု-ဥက္ကဋ္ဌတို့တွေ့ဆုံ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည်ကိုဆွေးနွေး

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက  မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌအနေဖြင့် မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့မှုကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူလေ့လာခဲ့မှု၊ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်တက်ကြွစွာ ဆန္ဒမဲများပေးနေမှုကိုမျက်မြင်တွေ့ရှိခဲ့ရမှု၊ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိနေသည့်...

နှစ်သစ်ကူးရုံးပိတ်ရက်အပြင် တဆက်ထဲ လွတ်လပ်‌ရေးနေ့ထိ လေးရက်ဆက်တိုက် ပိတ်မည်

၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်‌ရေးနေ့ (ဇန်နဝါရီ ၄ ) ရက်အထိ တဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့ စနေနေ့ သည် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တို့အကြား ကြားရက်ဖြစ်နေခြင်းခြင်း အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ (၃) ရက်နေ့အစား ဇန်နဝါရီ (၁၀) ရက်နေ့ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။ ဇန်နဝါရီ...

ပူတင်နှင့် ထရမ့်တို့ ‘မကြာမီ’ ဖုန်းဖြင့် ထပ်မံဆွေးနွေးကြဦးမည်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်ခေါင်းဆောင် ဒေါ်နယ်ထရမ့်တို့သည် မကြာမီကာလအတွင်း ဖုန်းဖြင့် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း ခရင်မ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာ ဇလန်းစကီးတို့ ဆွေးနွေးမှုအပြီးတွင် ရုရှားနှင့် အမေရိကန်ခေါင်းဆောင်များအကြား မည်သည့်အချိန်၌ ဖုန်းဆက်သွယ်မှု ပြုလုပ်မည်နည်းဟု မေးမြန်းရာတွင် "မကြာမီမှာပါ" ဟု သူက ပြန်လည်ဖြေကြားခဲ့သည်။ ထရမ့်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ West Palm Beach အနီးရှိ ၎င်း၏ Mar-a-Lago စံအိမ်တွင် ဇလန်းစကီးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071