ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၉)နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆ န္ဒနယ်(၂)နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည် နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP) မဲဆန္ဒနယ်(၉)နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် ၁၇၁ /၂၀၂၅ ဖြင့် ယနေ့ ဒီဇင်ဘာ ၂၇ ရက်က အသိပေးထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်(၉)နယ်တွင် ချင်းပြည် နယ်မှ မြို့နယ်(၃)ခု၊ စစ်ကိုင်းတိုင်းမှ မြို့နယ်(၂)ခု၊ ရ ခိုင်ပြည်နယ်မှ မြို့နယ်(၄)ခုတို့တွင် ရွေးကောက်ပွဲကျင်း ပမည်မဟုတ်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်(၂)နယ်တွင် ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၃)ဖြစ်သည့် ဖလမ်းခရိုင်တစ်ခုလုံး၊ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၆) အမ်းခရိုင်တစ်ခုလုံးတို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း သိရသည်။
ထို့အတူ တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ် တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ် (၉)နယ်ဖြစ်သည့် ချင်းပြည်နယ်လွှတ်တော်အတွက် ချင်းပြည်နယ်မှ မြို့နယ်(၃)ခု၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက် စစ်ကိုင်းတိုင်းမှ မြို့နယ်(၂)ခု၊ ရ ခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်ပြည်နယ်မှ မြို့ နယ်(၄)ခုတို့တွင် ရွေးကောက်ပွဲများကျင်းပမည်မဟုတ်ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (စ)အရ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မနက်ဖြန် ဒီဇင်ဘာ ၂၈ ရက်တွင်စတင်ကျင်းပမည့်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်(၂၆၅)နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP )မဲဆန္ဒနယ်(၇၃)နယ်၊ အချိုးကျ ကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ်(၂၆)နယ်၊ တိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ်(FPTP)မဲဆန္ဒနယ်(၂၅၇)နယ်၊ တိုင်းဒေ သကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR)မဲဆန္ဒနယ်(၄၂)နယ်နှင့် တိုင်းဒေ သကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုးမဲဆန္ဒနယ်(၂၉)နယ်တို့တွင် ရွေးကောက်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
